အပိုင်း(၀၁၆)
တိတ်တဆိတ်ငိုနေသောကလေးမလေးနှင့် မျက်နှာချင်းဆိုင်ပြီး ကျူယွမ်သည် ပါးစပ်ကိုဟလိုက်သော်လည်း သူ၏လည်ချောင်းမှာ ကော်ကပ်ထားသည့်ဟန် အသံတစ်သံမှ ထွက်မလာနိုင်ခဲ့ပေ။
ပျန့်ပျန့်သည် ငယ်သေးသော်လည်း အလွန်ဥာဏ်ကောင်းကြောင်း သူ သိပေသည်။ သူမသည် အဘိုးက မကောင်းဆိုးဝါးအဖြစ်ပြောင်းလဲသွားသည်ကို ကြုံတွေ့ခဲ့ရပြီး ထိုကဲ့သို့ကိစ္စများကို အလွန်အထိမခံ ဖြစ်နေနိုင်ပေသည်။ သူမ တစ်ကြိမ်ကြုံခဲ့ရပြီးဖြစ်သောကြောင့် ကျူယွမ်သည် သူမအား နောက်တစ်ကြိမ်ထပ်ပြီး မခံစားရစေချင်ခဲ့ပေ။
သူသည် ပျန့်ပျန့်၏နှလုံးသားထဲ မကောင်းမြင်သာခံလိုက်မည်၊ သူ့ကို သဘောမကျတော့လျှင်တောင်မှ ကိစ္စမရှိပေ။
"ဘယ်လိုဖြစ်နိုင်မှာလဲ" ကျူယွမ်၏နှလုံးသားမှာ ငြိမ်သက်သွားခဲ့ပြီး အံ့သြသောအမူအယာကိုပြကာ : "ပျန့်ပျန့် သမီးဘယ်လိုလုပ်ပြီး အဲ့လိုတွေးနိုင်ရတာလဲ"
သူသည် ပျန့်ပျန့်၏ မျက်ရည်များကိုသုတ်ပေးလိုက်သည်။ အရွယ်ရောက်ပြီးသူတစ်ယောက်၏ ကြမ်းတမ်းသောလက်ချောင်းများသည် ကလေးမလေး၏နူးညံ့သောအသားအရေအား နီမြန်းသွားစေခဲ့သည်။ ၎င်းအား မြင်လိုက်ရသောအခါ ကျူယွမ်သည် သူ၏လက်ကိုဖယ်ကာ တစ်ရှူးဖြင့် ပြောင်းသုတ်ပေးလိုက်သည်။
ပျန့်ပျန့်သည် နှုတ်ခမ်းတင်းတင်းစေ့ထားပြီး ဘာမှမပြောခဲ့ပေ။
ကျူယွမ်က ပြောလိုက်သည်: "ပျန့်ပျန့်၊ ဦးလေးတောင်းပန်ပါတယ် ဦးလေးက သမီးကို အခြေစိုက်စခန်းကိုခေါ်မသွားချင်တာမဟုတ်ဘူး ဦးလေးက လက်စားချေဖို့သွားမှာမို့ ဦးလေးနောက်ကိုလိုက်ရင် သမီးအတွက် အန္တရာယ်များတယ် ဒီမှာနေတာက သမီးအတွက်လုံခြုံတယ် ဦးလေးလက်စားချေပြီးရင် သမီးကိုပြန်လာခေါ်ပြီး အခြေစိုက်စခန်းကိုသွားကြမယ်နော်"
လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကိုလှည့်စားရန်ဆုံးဖြတ်လိုက်သောအခါ ထိုသို့လုပ်ရန်မှာ အလွန်လွယ်ကူပေသည်။
YOU ARE READING
ဘစ်ဘောစ့်တွေရဲ့ ပြုစုပျိုးထောင်ခြင်းကိုခံရသော သမီးငယ်လေး
Romanceအရမ်းကိုမိမိုက်လွန်းလှတဲ့ ဘစ်ဘောစ့်ဖေဖေများနှင့် ချစ်စဖွယ် ငါးနှစ်အရွယ် သမီးငယ်လေး Zombie apocalypse