အခန်း ၁ ။

1.2K 93 1
                                    

အပိုင်း (၁)


"ကံကောင်းလိုက်တာ....စူပါမားကတ်မှာ ရှာမတွေ့တဲ့ အစားအစာတွေ အများကြီးပဲ။"


"သတိထားနော်....ဖုတ်ကောင်တွေကိုလည်း ကြည့်ဦး။"


"မရှိဘူး..."


"မိုက်လိုက်တာ..."


စူပါမားကတ်သေးသေးလေးမှာ စွမ်းအားနှစ်ခုက ပစ္စည်းများရှာတွေ့သည့်အတွက် စိတ်လှုပ်ရှားသွားသည်။


လွန်ခဲ့သည့်ငါးနှစ်ခန့်က ကမ္ဘာကြီး၏အဆုံးသတ်မှုဖြစ်ပွားခဲ့ပြီး အမည်မသိဗိုင်းရပ်စ်များက ကမ္ဘာကို သုတ်သင်လိုက်ရာ မရေမတွက်နိုင်သော ကူးစက်မှုများက လူသားများအား သွေးစုပ်ရုံတင်မကဘဲ လူကိုပါစားသည့် ဉာဏ်မဲ့သတ္တဝါများဖြစ်လာစေခဲ့သည်။ ကျွမ်းကျင်သူများ၏ လေ့လာတွေ့ရှိမှုအပြီးတွင် ၎င်းတို့သည် အသိစိတ်မဲ့ပုပ်သိုးနေသော သက်ရှိများကို ဖုတ်ကောင်ဟူ၍ အမည်ပေးခဲ့ကြသည်။


နောက်ပိုင်းတွင် လူသားများသည် ကပ်ဘေးကြီးအတွင်း ဆင့်ကဲပြောင်းလဲလာသော စွမ်းရည်များကြောင့် ရက်စက်ကြမ်းကြုတ်သောကမ္ဘာ၏အဆုံးတွင် ဘဝအတွက် အခွင့်အလမ်းများကို ရှာဖွေနိုင်ခဲ့ကြသည်။


ချန်ကျဲဟီနှင့် ကျောက်ကျွီတို့သည် စွမ်းရည်ရှိသူများဖြစ်ကြ၏။


ချန်ကျဲဟီသည် Dအဆင့် ရေစနစ်စွမ်းရည်ဖြစ်ပြီး ကျောက်ကျွီသည် Cအဆင့် မြေဆီလွှာစနစ်စွမ်းရည်ရှိသူဖြစ်သည်။မကြာသေးမီက သူတို့နှစ်ဦး ဆုံတွေ့ခဲ့ကြပြီး ပေါင်းစည်းခဲ့ကြသည်။


ကမ္ဘာကြီး၏ အဆုံးသတ် ငါးနှစ်ခန့်ကြာသောအခါ စွမ်းရည်ရှိသူများက အခြေစိုက်စခန်းတစ်ခုကို ထူထောင်ခဲ့သည်။ သူတို့၏ ခရီးစဉ်သည် မြောက်ပိုင်းရှိ ဘေးကင်သော အခြေစိုက်စခန်းသို့ သွားရောက်ရန်ဖြစ်သည်။ ထိုအခြေစိုက်စခန်း၏ ခေါင်းဆောင်မှာ S အဆင့် မိုးကြိုးစွမ်းရည်ရှိသူ အလွန်ခွန်းအားကြီးသူတစ်ယောက်ဖြစ်၏။


ကျောက်ကျွီသည် အခြားအခြေစိုက်စခန်းများတွင် နေဖူးသောကြောင့် ထိုနေရာများသို့ မသွားချင်ပေ။ သူတို့ကဲ့သို့ စွမ်းရည်နိမ့်သူများသည် ထိုအခြေစိုက်စခန်းများကို သွားလျှင် အလေးထားခံရမည် မဟုတ်ချေ။ ယင်းအစား ၎င်းတို့ကို ဖယ်ထုတ်ပြီး ခွဲခြားဆက်ဆံခံရမည်ဖြစ်သည်။ 


ဘစ်ဘောစ့်တွေရဲ့ ပြုစုပျိုးထောင်ခြင်းကိုခံရသော သမီးငယ်လေးWhere stories live. Discover now