Chapter (1)

530 35 20
                                    

( Unicode )

" အခုလို လုပ်လိုက်ရုံနဲ့ လူကြီးကို ကျွန်မက
ပြန်ချစ်လာလိမ့်မယ်လို့ ထင်လို့လား.. "

တလောကလုံး အုံ့မှိုင်းပြီး မိုးအုပ်နေခဲ့တယ်။
ပတ်ဝန်းကျင်နဲ့ နေရာအနှံ့ဟာ အဆက်မပြတ် ရွာသွန်းနေတဲ့ မိုးသံတွေကြား ဆူညံ့ အုံ့မှိုင်းနေခဲ့သလို.. ပတ်ဝန်းကျင်တစ်ခုလုံးလည်း စိုရွဲ အေးမြနေပြီဖြစ်ပေမဲ့ ဖြည်းဖြည်းမှန်မှန်နဲ့ မောင်းနှင်လာသော ကားလေးအတွင်းမှာတော့ အပူရှိန်တချို့နဲ့ လေထုက အလျင်အမြန် တိုးဝင်လာသလိုမျိုး..။

တလောကလုံး အေးချမ်းနေရင်တောင် သူမကတော့ မအေးချမ်းနိုင်တော့ဘူး.. ဆံနွယ်အချို့နဲ့ ခြေဖျား လက်ဖျားတွေ မိုးရေထိထားလို့ စိုစွတ်နေပေမဲ့ ဒေါသကြောင့် ပူလောင်နေသလိုပဲ။ သိုပေမဲ့ လုပ်ချင်တာ လုပ်ထားပြီး အေးအေးလူလူ ကားမောင်းနေတဲ့ လူကို ကြည့်မိရင် ပိုပြီးတော့တောင် ဒေါသမထွက်နိုင်တော့တာမို့ အဲ့ဒီအစား မျက်ရည်တွေ အဖြစ်ပဲ
တိတ်တိတ်လေး ပြိုဆင်းကျလာခဲ့တယ် ။

" မထင်ပါဘူး.. ဒါပေမဲ့ နည်းနည်းတော့
မျှော်လင့်မိတယ်.. "

သြရှရှ လေသံက ထင်ထားတာထက် ပိုပြီး
တည်ငြိမ်နေတယ်။ ဘေးမှာ ဒီလောက် မျက်ရည် ပင်လယ်ဝေနေတာတောင် ရေခဲတုံး
ကြီးလိုမျိုး ငြိမ်နေနိုင်သေးတာလား..။

ဒီလောက် ချစ်ပါတယ် ဆိုတဲ့ လူကလေ..။

သိနေသားပဲ.. သူ့ အချစ်တွေ အားလုံးက အစစ်အမှန် မဟုတ်မှန်း..

သူမ စိတ်ပျက်စွာ သူ့ဆီက အကြည့်လွှဲပြီး
ခန္ဓာကိုယ်ကို ဆန့်ကျင့်ဘက်ဆီ စောင်းပြီး
ထိုင်ခုံမှာ မှီပစ်လိုက်သည်။

" မငိုပါနဲ့.. "

" ........ "

" ကိုယ်..ကားမောင်းနေရင်း ချော့လို့မရလို့
စိတ်မဆိုးပါနဲ့.. အိမ်မြန်မြန် မပြန်ရင် မင်း အအေးပတ်တော့မှာမို့လို့ပါ "

တစ်စက္ကန့်တောင် မခြားထွက်လာတဲ့ သူ့ လေသံ အေးအေးကြောင့် မျက်ရည်တွေကို သုတ်ပြီး ခေါင်းကို ပိုတိုးပြီး မှီပစ်လိုက်တယ်။
ဘယ်သူက စိတ်ဆိုးနေလို့လဲ အကြောင်းပြချက်ပေးတယ် ဆိုရင် ပေးတယ်ပေါ့။

𝗚𝗲𝗻𝘁𝗹𝗲𝗺𝗮𝗻Where stories live. Discover now