Chapter (3)

211 27 6
                                    

( Unicode )

" ကဲ..နောက်ဆုံးတော့
ကလေးတွေ ရောက်လာပြီပေါ့ "

သူမကို ကြည့်ပြီး အမောပြေသွားတဲ့ ပုံပေါ်တဲ့ မေမေ့အသံရယ်၊ ပြုံးပြုံးနဲ့ ယောက်က္ခမကို
နှုတ်ဆက်နေတဲ့ ဘေးက လူကြီးရယ်။

မနေ့က ကိစ္စကြောင့် လည်ပင်းက အကွက်ပြဿနာနဲ့ ချက်ချင်း ရောက်မလာဖြစ်တာတောင် သူ့ အနာဂတ် သမက်လောင်းကို ပြုံးပြုံးကြီး ပြန်နှုတ်ဆက်နေတဲ့ မိခင်ကို ကြည့်ပြီး နည်းနည်းလေးတော့ စိတ်ဆိုးချင်သွားသသည်။ မာမီ့ ကြည့်ရတာ အေးအေးချမ်းချမ်းနဲ့ ဒီလူကြီးနဲ့ လက်ထပ်ရတော့မှာကို နည်းနည်းလေးတောင် စိတ်မပူဘူးလားလို့..

" မာမီ အမှန်အတိုင်း ပြောပါ ၊ ဒီလူကြီးနဲ့ အစကတည်းက သဘောတူထားခဲ့တာမလား.. "

စေ့စပ်ပွဲပြီးရင် အိမ်ပြောင်းနေရတော့မှာမို့
လိုအပ်တာတွေ သိမ်းနေရင်း မေးမိတော့
အဝတ်အစားတွေ ကူထည့်ပေးနေတဲ့ မေမေဟာ အရင်ဆုံး ပြုံးသည်။

" သြော်..သမီးရယ် သဘောတူတယ်ရယ်
လို့ မဟုတ်ပေမဲ့ သားယွန်းဂီက မာမီ့ဆီမှာ အရင်ထဲက ခွင့်တောင်းထားခဲ့တာပါ "

" ......... "

" သမီးလေးနဲ့ လက်ထပ်ဖို့ အတွက်ပေါ့ "

" ဟွန်း မြန်လိုက်တာ..သိတာ တစ်နှစ်တောင်
မရှိသေးတာကို အဲ့ဒီလူကြီးကလား.. မေမေ အဲ့ဒီလူကြီးကို အရမ်းမယုံစမ်းပါနဲ့ "

" ဘာလို့..စိတ်ဆိုးနေတာလဲ သမီးလေးရယ်
တွေ့လိုက်ရင် မကြည်မလင်ဖြစ်နေတာချည်းပဲ
ယွန်းဂီက လူကောင်းလေးပါ မဟုတ်ဘူးလား "

" ........ "

" သမီးကို အရင်ကတည်းက ချစ်တယ်.. နောက်ပြီး အစစအရာရာ နောက်ကနေ လိုက်ပြီးတောင် ဂရုစိုက်ပေးတယ်.. သမီးက ဒီလောက်ထိ ဂျစ်နေတာတောင် သူ့မှာ မလိုအပ်မှအဆုံး အလုပ်တစ်ဖက်နဲ့တောင် လိုက်ဂရုစိုက်ပေးနေတာ.. ဒီလောက်ဆို သမီးလေးအတွက် သင့်တော်တဲ့ အိမ်ထောင်ဖက် မဟုတ်ဘူးလား ငါ့သမီးလေးက ဟင်းတောင် မချက်တတ်တာတောင် သူ့မှာ ချစ်ရှာသေးတယ် ဒီလိုလူမျိုးက ဘာများ ငြင်းရက်စရာ ရှိလို့လဲ သမီးရယ်.."

𝗚𝗲𝗻𝘁𝗹𝗲𝗺𝗮𝗻Where stories live. Discover now