( Unicode )
ဒီနေ့ကတော့ အားလပ်ရက် ။
ကျောင်းပိတ်ရက်ဖြစ်ပြီး သူမ အတွက်တော့
လူကြီး မရှိပဲ အိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့ရသည့် ပထမဦးဆုံး နားရက်ဖြစ်သည်၊ လူကြီးကတော့ ပိတ်ရက်ကြီးတောင် မနားမနေ အလုပ်သွားရသည်။ မိဘအိမ်လည်း မဟုတ်တော့ ပျင်းစရာသိပ်ကောင်းတာမို့ အဲ့တော့လည်း လူကြီးအိမ်မှာ လှည့်ပတ် ကြည့်ရူရင်း စာလုပ်ရင်းနဲ့ အချိန်တွေ တရွေ့ရွေ့နဲ့ ။ဖုန်းသံလေး ကြားမှ သတိပြန်ဝင်မိတယ် ။
ဘာမှမရှိတဲ့ ခြံအလွတ်ကြီးကို ကြည့်ပြီး
ငိုင်နေမိတာ ဘယ်လောက်တောင်
ကြာသွားပြီလဲ.." စာလုပ်နေတာလား "
" ခဏပါပဲ "
" arjuma ပြောတယ် နေ့လည်စာ သိပ်မစားဘူးဆို မနက်ကလည်း ငြိမ်နေတယ်ဆိုလို့ "
" အဲ့လိုလည်း မဟုတ်ပါဘူး နည်းနည်းပါ "
လူကြီးကို ပြန်ဖြေရင်းနဲ့တောင် တွေးမိရင် စိတ်တွေ ညစ်လာသည်။ ငေးငိုင်နေရတာလည်း အကြောင်းအရင်းတွေ ရှိနေတယ်လေ အထူးသဖြင့် မေ့မေ့ပျောက်ပျောက် ဖြစ်ချင်ခဲ့သမျှ အရင်တစ်နှစ်က ပြန်ပေးဆွဲခံရတဲ့ အကြောင်းတွေသာ ပြန်တွေးမိခဲ့ရင် ရင်ထဲ တနုံ့နုံ့နဲ့ အဆင်ကိုမပြေ၊ ဒီကြားထဲ လူကြီးက သိသိလျက်နဲ့ ငြိမ်နေခဲ့တော့ ရခဲ့သမျှ ချစ်ခြင်းတွေဟာ အတုအယောင်တွေလိုပင်လူကြီး မျက်နှာကိုသာ မြင်နေရရင် ပိုဆိုးတာမို့ အလုပ်သွားလို့သာ တော်သေးသည်.. သို့ပေမဲ့ မိဘအိမ်လို မဟုတ်တော့ အရမ်းကြီးလည်း ခွေနေလို့မရ ငြိမ်နေမိတာများပြီး အိမ်က arjuma က လူကြီးကို ပြောပြလိုက်ပြန်ပြီ ထင်တယ် ။
" arjuma.. ပြန်သွားပြီလား ကလေး "
" ဟုတ်.. ပြန်သွားပြီ "
" ဘာစားချင်လဲ..လှမ်းပို့ပေးလိုက်မယ်လေ "
" နေပါစေ.. ဘာမှမစားချင်ပါဘူး လူကြီးရော
နေ့လည်စာ စားပြီးပြီလား "" arni.. ကိုယ်လည်း မစား.. "
ပြန်ဖြေရင်းအသံတစ်ဝက် တစ်ပျက်နဲ့ အလုပ်များနေပုံပေါ်တာမို့ သူမလည်း နာရီကို လှမ်းကြည့်မိတယ်၊ အလုပ်မှာ နေ့လည်စာ
စားချိန် ကွက်တိကြီးကို ဖုန်းဆက်လာတာပဲ ။
YOU ARE READING
𝗚𝗲𝗻𝘁𝗹𝗲𝗺𝗮𝗻
Fanfiction- 𝖸𝗈𝗎'𝗋𝖾 𝗍𝗁𝖾 𝗈𝗇𝖾 𝖨 𝖼𝖺𝗇'𝗍 𝗅𝗈𝗌𝖾. » 𝖬𝖨𝖭 𝖸𝖮𝖮𝖭𝖦𝖨 𝖷 𝖮𝖢 » 𝖬𝖸𝖠𝖭𝖬𝖠𝖱 𝖥𝖠𝖭𝖥𝖨𝖢𝖳𝖨𝖮𝖭 _______________________________________