Chapter (4)

235 19 5
                                    

( Unicode )

" ဟျောင်း..ကောင်မလေး ကြည့်ရတာ
သိပ်မပျော်သလိုပဲနော်.. "

စားပွဲဆီမှာ ဝင်ထိုင်လိုက်တာနဲ့ ဘေးက
ဟိုဆော့ရဲ့ ဆီက စကားသံကြောင့် အပြင်ဘက် ထွက်သွားတဲ့ ကျောပြင်လေးကို ယွန်းဂီ
လည်ပြန် ပြန်ငေးကြည့်လိုက်မိတယ် ။

" ဒီနေ့ သူ နည်းနည်း နေမကောင်းဖြစ်နေလို့ပါ နောက်ပြီး မျက်နှာစိမ်းတွေဆို ကြောက်တတ်တယ်လေ "

" ဒီမှာ.. မျက်နှာစိမ်းဆိုလို့ ကျွန်တော်တို့ပဲ
ရှိတာ အခု ကျွန်တော်တို့ကို ကြောက်သွားတာလား.. "

" ဟုတ်မှာ.. မင်းတို့ကို လန့်လို့ ထွက်သွားတာ နေမှာ..ငါ့ကလေးက "

ခပ်တည်တည်နဲ့ ထိုင်နေတဲ့ နမ်ဂျွန်း က ဝင်ပြောတော့ တဝိုင်းလုံး ပွဲကျသွားမိသည်။ အခု သူ့ရှေ့မှာ နမ်ဂျွန်း နဲ့ ဘေးမှာတော့ ဟိုဆော့ နဲ့
ဂျီမင်း ဖိတ်စရာ မိဘ၊ဆွေမျိုးလ​ည်း မရှိတဲ့
သူ့အတွက်တော့ ဒီသူငယ်ချင်းအနည်းစုကသာ မိသားစုပါပဲ ။

" ဒါနဲ့.. ဂျီမင်းရော "

" မပြောတတ်ဘူး ဟိုဘက်မှာ ရှန်ပိန်သောက်ဖို့ သွားယူတယ် ထင်တာပဲ "

" အေး "

" ဒါနဲ့ အမှန်ဆို..မကြာခင် လက်ထပ်ရမှာမဟုတ်လား ဟျောင်း "

ဟိုဆော့ရဲ့ အမေးစကားအဆုံးမှာ ငြိမ်သက်သွားတဲ့ သူ့ကို ဝိုင်းကြည့်လာတာမို့ သက်ပြင်းအသာချလိုက်မိတယ်။ လက်မထပ်ရသေးလည်း စေ့စပ်ပွဲနေ့ဖြစ်လည်း သူကတော့ အဆင်ပြေပြီးသားပါ ဒါပေမဲ့... ။

" အင်း "

" ဒါဆို ဘာလို့ အလျော့ပေးလိုက်တာလဲ "

" လျော့ပေးရမှာပေါ့ သူစိတ်ပျက်အောင်
ငါလုပ်လို့ မ​ဖြစ်ဘူးလေ သူ အဆင်မပြေတာကို မလုပ်ချင်ပါဘူး..ဘာပဲဖြစ်ဖြစ် အချိန်တန်ရင် လက်ထပ်ရမှာပဲဟာ အေးဆေးပေါ့ "

" ဒါဆို..ခိုးပြေးတာက အလကားဖြစ်သွားလား.. "

" ဘာကိစ္စ အလကားဖြစ်ရမှာလဲ.. မဖြစ်ဘူး
ဒီနေ့ကစပြီး ငါ့ကလေး က ငါ့အနားမှာပဲ အမြဲအတူ ရှိနေတော့မှာ "

" ဟျောင်း သေချာလို့လား.. အီထယ်ယန်း ပေါ်လာရင် ဟျောင်း ဘယ်လိုလုပ်မှာလဲ "

𝗚𝗲𝗻𝘁𝗹𝗲𝗺𝗮𝗻Where stories live. Discover now