Chapter (2)

270 29 12
                                    

( Unicode )

ဗီဒိုကို ဆွဲဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့ အသစ်ချွတ်ချွတ် မိန်းကလေးဝတ် အဝတ်အစားတွေကြောင့် အံ့သြသွားမိတယ်။ မဟုတ်သေးပါဘူး.. တစ်ညပဲရှိသေးတယ်။ သူ ဘယ်အချိန်က ဝယ်ထည့်ထားတာပါလိမ့်...?

လိုသေးမရှိ ဂရုစိုက်တာကို သဘောကျပေမဲ့
တွေးကြည့်ရင် အစကတည်းက ခိုးပြေးဖို့ကို
အစီအစဥ်ချထားခဲ့တာလားလို့ တွေးမိတိုင်း
စိတ်ညစ်လာတာမို့ မတွေးတော့ပဲ ပေါ့ပေါ့ပါးပါးသာ ယူဝတ်လိုက်တယ်။ အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့မယ့် အမေ့ဆီကို
အရင်သွားရမှာမို့ ကိုယ့်ကိုကိုယ်
အိမ်ထောင်ကျတော့မှာကို မယုံနိုင်သေး။

ဒီလူကြီးနဲ့ အတူရှိနေရမယ့် အချိန်တွေကိုလည်း မတွေးကြည့်ချင်တာမို့ ထွက်ပေါက်ကို ရှာနေမိတယ်.. ဒါပေမဲ့ ရလာတဲ့ အဖြေက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ တဲ့။

သူမက ဒီလူကြီးဆီကနေ
တကယ် ထွက်ပြေးချင်တာမှ မဟုတ်ပဲ... ။

" ကိုယ်မနက်စာ လုပ်ထားတယ်..လာစား"

စားပွဲထက်မှာ ဝင်ထိုင်လိုက်တာနဲ့ အသင့်ရောက်လာတဲ့ မနက်စာကို ငုံ့ကြည့်မိတယ်။
ကိုယ်တိုင် လုပ်ပေးထားတဲ့ပုံပါပဲ..သူကတော့
ရိုးရိုးရှင်းရှင်း ကော်ဖီတစ်ခွက်နဲ့။ သိပ်မပြုံးတတ်တဲ့ လူအေးကြီးက သူမ ပြန်ကြည့်တော့လည်း ပြုံးပြီး ကြည့်နေတတ်သေးတယ်။

မုန်းချင်ပါတယ်ဆို ဒီလူကြီးက ဘာလို့
ဒီလောက်ထိ ပြည့်စုံနေရတာလဲ..

" လူကြီး.."

" ဟင် "

လ​က်ထပ်မဲ့ ကိစ္စကို နောက်ဆုတ်ထားပေးဖို့
​ပြောမယ်လုပ်ကာမှ တည်ငြိမ်နေတဲ့ မျက်လုံးတွေကို ကြည့်ပြီး စကားတွေ ပျောက်ရှသွားမိတယ်။ စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ..

" ဘာဖြစ်လို့လဲ..ကလေး "

" ဘာမှမဟုတ်တော့ပါဘူး.. "

Ting!!

- ဒီနေ့ ခဏလောက် တွေ့လို့ရမလား 💭

မနက်စာစားနေရင်း ရုတ်တရက်ကြီး ပေါ်လာတဲ့ Notification ကြောင့် သီးပါ သီးချင်သွားသည်။ ပိုပြီးဆိုးတာက မျက်နှာချင်းဆိုင်က
လူကြီးပါ ထို Noti ကို မြင်သွားတာကြောင့်ပင်။ မြင်ပြီး မျက်နှာပျက်ချင်သလိုဖြစ်သွားတာမို့ သူမ လက်ဖျားတွေ အေးစက်သွားမိတယ် ။

𝗚𝗲𝗻𝘁𝗹𝗲𝗺𝗮𝗻Where stories live. Discover now