Chapter (5)

227 17 15
                                    

( Unicode )

" နောက်ကျလည်း သေချာပေါက် လာကြိုမယ်
ဘယ်မှ လျှောက်မသွားပဲ စောင့်နေနော် "

မျက်စိရှေ့မှာ အသေအချာ ပြင်ဆင်နေတဲ့
လူကြီးရဲ့ ကျောပြင်ကို သူမ ငေးကြည့်နေမိတယ်။ ညက ဘယ်အချိန်ပြန်ရောက်လည်း မသိပေမဲ့ မနက် နိုးလာတော့လည်း ဘေးမှာ
ရှိနေတာမို့ သူမ တိတ်ဆိတ်နေမိတယ်...။

အမှန်အတိုင်း ပြောရရင် ဘာတွေလုပ်နေမှန်း သိချင်နေပေမဲ့ သိလည်း မသိချင်ဘူး ထင်သလောက် မရိုးရှင်းတဲ့ သူမှန်း သိနေတာမို့ ဒါက လူကြီးအပိုင်း။ သူမ အပိုင်းက မျက်လုံးစုံမှိတ်ထားနိုင်သလိုမျိုး မီးစင်လည်းကြည့်က နိုင်ဖို့ပဲ ဟန်မဆောင်နိုင်တဲ့ တစ်နေ့ ပေါက်ကွဲ ထွက်လာဖို့ပဲ ကျန်တော့တယ် .. ။

" ယွန်းဟယ်.."

" ဟုတ်ကဲ့.. ကြားပါတယ် "

" hak.. ဘာတွေတွေးနေတာလဲ.. လာပါဦး
အလုပ်သွားရမယ့်လူကို အားဆေးဘာလေး
လာမပေးချင်ဘူးလား "

ခေါ်တဲ့ သူကလည်း လူကြီးဖြစ်ပြီး အသက်တွေ ကွာပေမဲ့ ရင်ခွင်ထဲ ဆွဲထည့်ပြီး ကလေးလေးလို လာဖက်တဲ့ သူကလည်း လူကြီးဖြစ်
နေပြန်သည် ၊ အလုပ်သွားခါနီး သပ်ရပ် ကျော့ရှင်းနေတာမို့ အမှန်အတိုင်း ပြောရရင်
ကြည့်လို့တောင် မဝပေ။ ရနံ့မစူးတဲ့ ရေမွှေးနံ့
ပျော့ပျော့လေးကလည်း ဖက်ထားချင်စရာ
ကောင်းတဲ့ ဆွဲဆောင်မှုမျိုး ရှိနေပြန်တယ် ။

" ကလေးကျနေတာပဲ.. "

" ဒီနေရာမှာ..ကလေးဆိုလို့ မင်းပဲ ရှိတယ်
မွှေးနေတာပဲ.. "

ရွှတ်!

ပါးလေးကို ငုံ့ပြီး မွှေးကြူလိုက်တာမို့ ရင်ထဲ လှိုက်ခနဲ ၊ ထို့နောက် နှုတ်ခမ်းဆီ ဦးမတည်ခင် သူမ အလျင်အမြန် တားလိုက်မိတယ်။

" မလုပ်နဲ့နော်..လူကြီး
မိတ်ကပ် တွေ ပျက်ကုန်မယ်လို့! "

" နမ်းရုံလေးပဲကို ကပ်စီးနဲလေးရယ်.. "

မတားလို့မရ ဒီလူကြီးက နစ်ဝင်တတ်ရင်လည်း အဆုံးမဲ့၊ စမ်းရေလိုပဲ အေးမြနေအောင် စီးမျှောတတ်သလိုမျိုး လူကိုလည်း အေးမြနေအောင် ငြိမ့်ငြိမ့်လေး ဆွဲခေါ်သွားတတ်သည်။
အလုပ်သွားခါနီးနဲ့ ကျောင်းသွားခါနီး အချိန်တွေမှာ ပြုစားမခံနိုင်ပေမဲ့ မင်ယွန်းဂီကတော့
ဒီအ​ခြေအနေတွေထဲကနေ ရုန်းထွက်ချင်တဲ့ ပုံမပေါ် ခါးတွေကို တရစ်ရစ်တိုးဖက်ထားတာမို့ မျက်နှာနှစ်ခုက နီးသထက်နီးနေသည် ။

𝗚𝗲𝗻𝘁𝗹𝗲𝗺𝗮𝗻Where stories live. Discover now