Unicode
ဒီနေ့ ထယ်ယောင်း ဓမ္မတာ လာရက်ဖြစ်၍ ခါးတွေကိုက်ခဲလို့နေသည်။ ထို့ကြောင့် အခန်းထဲ လူးလှိမ့်ကာ ငိုနေမိသည်။ အရင်ဆို သူဓမ္မတာလာရင် သူ့အမေက ရေနွေးအိတ်လေးနှင့် ဗိုက်တွေခါးတွေကပ်ပေးနေ
ကြမို့ ခဏလေးအတွင်းပျောက်သည်။ အခု သူ့အမေ မရှိ၍ သူတစ်ယောက်ထဲ ကျိတ်ခံနေရသည်။"အင်း...ဟင်း...ကိုက်လိုက်တာ..."
ထယ်ယောင်း ဆိုင်ပါ မသွားနိုင်တော့၍ ဂျီမင်းကို ဖုန်းဆက်ရတော့သည်။
"ဂျီရေ ငါ ဒီနေ့ ဆိုင်မလာနိုင်တော့ဘူး ခါးတွေအရမ်းကိုက်နေလို့..."
"ဟုတ်လား ထယ် ဟိုဟာတွေဖြစ်နေလို့လား..."
"အင်း ဟုတ်တယ်.."
"ဒါဆို ငါဆိုင်ပိတ်ပြီး မင်းစီ လာခဲ့ရမလား.."
"ရတယ် ဂျီ လာမနေပါနဲ့ ငါအစဥ်ပြေပါတယ်..."
"အေးပါ အစဥ်ပြေတယ်ဆိုလည်း ပြီးဒါပဲ..."
"ဂျီ ရေ ဒါပဲနော် ငါ ရေနွေးအိတ် ကပ်ဦးမယ်..."
"အေးအေး ထယ်... "
ထယ်ယောင်း ရေနွေးအိတ်လေးနှင့် သူ့ခါးတွေ ဗိုက်တွေကို လိုက်ကပ်လိုက်သည်။
ဒီနေ့ ခါးတွေ ကိုက်နေတာနှင့် ဂျောင်ဂု အတွက်မနက်စာလည်း မပြင်ပေးမိ...
ဂျောင်ဂု အလုပ်သွားဖို့ပြင်ဆင်ပြီး မနက်စာစားရန် ထမင်းစားခန်းထဲကို ဝင်လာလိုက်သည်။
သူ့အတွက် မနက်စာ ပြင်ဆင်ထားတာ မရှိ၍ မျက်မှောင်ကြုံသွားသည်။
ထယ်ယောင်းဆိုင်မသွားသေးဘူးဆိုတာသိ၍ ထယ်ယောင်းအခန်းရှိရာစီ လျှောက်လာလိုက်သည်။
"ထယ်ယောင်း တံခါး ခဏဖွင့်ပါ..."
ထယ်ယောင်း ရေနွေးအိတ်ကပ်နေရင်း ဂျောင်ဂုအသံကြား၍ အခန်းတံခါးသွားဖွင့်ပေးလိုက်သည်။
"ဟုတ် အကို ဘာကိစ္စရှိလို့လည်း..."
ထယ်ယောင်းမှာ ကိုက်ခဲနေ၍ စကားပြောတာပါ အားမရှိတော့ မျက်နှာမှာလည်းချွေးစေးတွေ ထွက်လို့နေသည်။
ဂျောင်ဂု ထယ်ယောင်းပုံစံကိုကြည့်ပြီး တစ်ခုခုဖြစ်နေတာသိလိုက်သည်။
YOU ARE READING
တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕
Poetry!ဒီအထိအတွေ့ ဒီအရသာ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...အရမ်းခံစားလို့ကောင်းတယ်...!