Unicode
"ထယ်... မထသေးဘူးလား သားနဲ့သမီးတောင်နိုးနေပြီ..."
"ဂျွန် ထယ် ဟိုဟာတွေဖြစ်နေလို့ ခါးတွေကိုက်နေတယ်...မလှုပ်ချင်ဘူး..."
"ဟုတ်လား.ဒါဆို ကိုယ် ရေနွေးအိပ်ကပ်ပေးမယ်နော်..."
ဂျောင်ဂုချက်ချင်းရေနွေးအိတ်လေးယူကာ ထယ်ယောင်းဗိုက်နဲ့ ခါးလေးကို ရေနွေးအိတ်လိုက်ကပ်ပေးလိုက်သည်။
"ဘယ်လိုလည်း ထယ် သက်သာရဲ့လား..."
"အင်း နည်းနည်းတော့သက်သာတယ်..."
"ထယ်နေမကောင်းရင် ကလေးနှစ်ယောက်ကို မောင်ကုမ္ပဏီခေါ်သွားလိုက်မယ်...ထယ်က နားနားနေနေ နေနော်..."
"ဖြစ်ပါ့မလား ဂျွန်ရယ် ဂျွန်ကလေးတွေက အရမ်းဆော့တာ တော်ကြာဂျွန်အလုပ်မလုပ်ရပဲနေဦးမယ်.."
"ရပါတယ် ထယ်ရယ် တစ်ရက်တလေပဲ ထယ်မှနေမကောင်းတာ ကိုယ်ခေါ်သွားလိုက်ပါ့မယ်.."
ဂျောင်ဂု ထယ်ယောင်းနေမကောင်း၍ သူ့ကလေးနှစ်ယောက်ကို ကုမ္ပဏီခေါ်လာရတော့သည်။
ကလေးနှစ်ယောက်က ကုမ္ပဏီရောက်တာနှင့် စတင်ပြီးသောင်းကျန်းတော့သည်။ ဧည့်သည်လာရင် ထိုင်ဖို့ ချပေးထားတဲ့ ဆိုဖာခုံတွေပေါ်တက်ခုန်လိုက်...ဂျောင်ဂုအလုပ်စာပွဲကို ပတ်ပြေးလိုက်နှင့် လုပ်တော့သည်။
"သားနဲ့သမီး မပြေးနဲ့လေ..ချော်လဲလိမ့်မယ်.."
"ချော်လဲဘူး ဒယ်ဒီ အိမ်မှာလည်း သားသားတို့ကအခုလိုပဲဆော့နေကြ.."
ထယ်ဂျွန်းက ထိုသို့ပြောကာ ထပ်ပြီး ပတ်ပြေးတော့သည်။
"ထယ်ဟီးရေ ငါ့ကို မှီအောင်လိုက်.."
ဂျောင်ဂုသူ့ကလေးနှစ်ယောက်ကို ကြည့်ကာ ခေါင်းတွေမူးနောက်လာတော့သည်။
!ငါ့သားနဲ့သမီးက မျောက်ရှုံးတယ်ဟေ့...ဆော့ချက်တွေက လက်လန်တယ်...ထယ် ဒီကလေးနှစ်ယောက်ကို ဘယ်လိုများထိန်းလည်းမသိဘူး...!
ဂျောင်ဂုမှာ တွေးရင်း ထယ်ယောင်းကလေးနှစ်ယောက်ကိုထိန်းရတာ ဘယ်လောက်ပင်ပန်းလိုက်မလည်းလို့တွေးပူမိသွားသည်။
YOU ARE READING
တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕
Poetry!ဒီအထိအတွေ့ ဒီအရသာ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...အရမ်းခံစားလို့ကောင်းတယ်...!