Unicode
ဒီနေ့ ယွန်းမီနဲ့ သူဌေးကြီး ပြန်လာမဲ့နေ့ဖြစ်သည်။
"ဂျွန် ဒီနေ့ မေမေနဲ့ ဒယ်ဒီပြန်လာမှာဆိုတော့ ထယ်ဆိုင်မသွားတော့ဘူး အိမ်မှာ ရှင်းလင်းစရာရှိတာ ရှင်းလင်းလိုက်ဦးမယ်..."
"ကိုယ့် ထယ်လေးတော့ ပင်ပန်းတော့မှာပဲကွာ..."
ဂျောင်ဂုအပြောကြောင့် ထယ်ယောင်းမျက်နှာပြုံးရွှင်ကာ...
"ဂျွန်ရယ် မပင်ပန်းပါဘူး ဒီအလုပ်တွေက ထယ်လုပ်နေကြအလုပ်တွေပါ..."
"ဟုတ်ပါပြီကွာ ဒီနေ့ ကိုယ် စောစောပြန်လာခဲ့မယ်နော် မိသားစုထမင်းလက်စုံစားရအောင်..."
"ဟုတ် ဂျွန်.. "
"ဒါဆို ကိုယ် အလုပ်သွားတော့မယ်နော်..."
ဂျောင်ဂု အလုပ်သွားမှ ထယ်ယောင်းလည်းသူလုပ်စရာရှိတာ ဆက်လုပ်လိုက်သည်။
ခဏအကြာ ယွန်းမီနဲ့ သူဌေးကြီးလည်း ပြန်ရောက်လာသည်။
"သားရေ မေမေတို့ပြန်ရောက်ပြီ..."
ချက်ပြုတ်နေရာက သူ့အမေအသံကြား၍ အိမ်ရှေ့ကို ပြေးထွက်လာသည်။
"မေမေတို့ ပြန်လာကြပြီလား... "
"သားလေး ဘာတွေ ချက်နေတာလည်း ဟင်းနံက မွေးကြိုင်နေတာပဲ..."
"ဒယ်ဒီ အကြိုက်လေးတွေ ချက်နေတာမေမေရဲ့ ဒယ်ဒီပြန်လာရင် အစဥ်သင့်စားရအောင်..."
"ငါ့သားငယ်က အရမ်းကို သိတက်လိမ္မာလိုက်တာကွာ..."
သူဌေးကြီးပြောတော့ ထယ်ယောင်းမှာ ရှက်ပြုံးလေးပြုံးကာ ခေါင်းလေးအောက်ငုံ့သွားသည်။
"ဒါနဲ့ သားကိုကိုရော အလုပ်သွားပြီလား..."
"ဟုတ် ဒယ်ဒီ သွားပြီ ဒါပင်မဲ့ ညနေ စောစောပြန်လာမယ်လို့တော့မှာသွားတယ် မိသားစု ထမင်းလက်စုံစားမလို့တဲ့..."
"ဟုတ်လား ငါ့သားကြီးတောင် အခုမိသားစုဆိုတဲ့ စကားလုံးတွေ သုံးတက်နေပြီပဲ ဒယ်ဒီတော့ သားကြီးအခုလိုပြောင်းလဲသွားတာ အရမ်းဝမ်းသာတာပဲ... "
"ကျွန်မလည်း အတူတူပါပဲ အကိုရယ် သားဂျောင်ဂု အခုလို ပြောင်းလဲလာတော့ ကျွန်မတို့လည်း ပျော်ရွှင်ရတယ်..."
YOU ARE READING
တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕
Poetry!ဒီအထိအတွေ့ ဒီအရသာ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...အရမ်းခံစားလို့ကောင်းတယ်...!