Unicode
မနက်ရောက်တော့ထယ်ယောင်းမှာ မနက်စာစားဖို့ ပြင်ရတော့သည်။
အားလုံးပြင်ဆင်ပြီးမှ ဂျောင်ဂုကိုနှိုးရန် အခန်းထဲဝင်လာလိုက်သည်။
"ဂျွန် ထတော့လေ အလုပ်သွားရတော့မှာ မှတ်လား..."
"အင်း ထယ်ရယ် ကိုယ် ဒီနေ့ နေရထိုင်ရတာ မအီမသာနဲ့ တစ်မျိုးကြီးဖြစ်နေတယ်..."
"ဟင် ဘာဖြစ်လို့လည်း ဂျွန်ရယ် နေများမကောင်းချင်လို့လား..."
ထယ်ယောင်းမှာ ေပြာပြောဆိုဆိုနဲ့ ဂျောင်ဂုနှာဖူးလေးကို သူ့လက်လေးနဲ့စမ်းကြည့်နေသည်။
"ကိုယ်လည်းမပူပါဘူး ဂျွန်ရဲ့... "
"အင်း ထယ် ဒီတိုင်း နေရတာ မအီမသာဖြစ်တာ နေလို့ကကောင်းတယ်.."
"ဒါဆို ဆေးခန်းသွားပြမလား.."
"ရပါတယ် ထယ်ရယ် ပြမနေတော့ပါဘူး ကိုယ်မျက်နှာသစ်ရေမိုးချိုးကြည့်လိုက်ဦးမယ် လန်းများလန်းဆန်းသွားမလားလို့...."
"ဟုတ် ဂျွန် ထယ် အဝတ်အစားထုတ်ပေးထားမယ်..."
ဂျောင်ဂု ရေချိုးခန်းထဲဝင်သွားတော့ ထယ်ယောင်းမှာ ဂျောင်ဂုအတွက် အဝတ်အစားအဆင်သင့်ထုတ်ပေးထားသည်။
ဂျောင်ဂုရေချိုးခန်းထဲကထွက်လာမှ ထယ်ယောင်းထုတ်ပေးထားတဲ့ အဝတ်အစားလဲဝတ်ကာ မနက်စာစားရန်ထွက်လာကြသည်။
မနက်စာ စားကြတော့ ဂျောင်ဂုမှာ ထယ်ယောင်းလုပ်ပေးထားတဲ့ ကင်မ်ချီထမင်းကြော်ပူပူလေးကို စားမယ်အလုပ် ရင်ထဲပျို့တက်လာ၍ ထ အန်တော့သည်။
"အော့...အော့..."
ဂျောင်ဂု ထ အန်တော့ အကုန် အထိတ်ထိတ်အပြာပြာဖြစ်သွားကြသည်။
"ဟင် ဂျွန် ဘာဖြစ်လို့လည်း..."
ထယ်ယောင်း လည်း ထမင်းစားဝိုင်းက ချက်ချင်း ထသွားကာ ဂျောင်ဂုကို အနောက်ကနေ နှိပ်နယ်ပေးလိုက်သည်။
"အော့...အော့..."
"ရရဲ့လား ဂျွန်..."
ဂျောင်ဂုအော့အန်နေတာမြင်တော့ ဂျွန်သားအမိမှာ ထယ်ယောင်းကိုအပြစ်တင်တော့သည်။
YOU ARE READING
တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕
Poetry!ဒီအထိအတွေ့ ဒီအရသာ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...အရမ်းခံစားလို့ကောင်းတယ်...!