Unicode
"ထယ် နေရထိုင်ရတာ ဘယ်လိုလည်း အစဥ်ပြေရဲ့လား ချုပ်ရိုးက နာနေတာ..."
"မနာပါဘူး အကိုဟိုဆော့ ထယ်အစဥ်ပြေပါတယ်..."
ဟိုဆော့မှာ ပုခက်တစ်ခုစီနဲ့ ထည့်သိပ်ထားတဲ့ ကလေးနှစ်ယောက်ကို သွားကြည့်လိုက်သည်။
"ထယ့် ကလေးတွေက ချစ်ဖို့ကောင်းလိုက်တာ ကြည့်ပါဦး ထယ်နဲ့တူလို့ ချစ်ဖို့ကောင်းတာလားမသိဘူး.."
ဟိုဆော့ စကားကြားတော့ ဂျောင်ဂု မှာချက်ချင်းဆိုသလို...
"ကလေးတွေက ကျွန်တော်နဲ့ရော ထယ်နဲ့ရော တူလို့ချစ်ဖို့ကောင်းတာလေ အကို မကြည့်တက်ဘူးလား..."
ဟိုဆော့မှာ ဂျောင်ဂုစကားကြောင့် ပါးစပ်လေးအဟောင်းသားနဲ့ဂျောင်ဂုကိုပြန်ကြည့်သည်။
"ဟင်...အမ်....ဟုတ်...ဟုတ်တာပေါ့ နှစ်ယောက်လုံးနဲ့ တူလို့ ချစ်ဖို့ကောင်းတာ.."
ဟိုဆော့ အပြောကြောင့် ဂျောင်ဂု ကျေနပ်သွားသည်။
"ဒါနဲ့ ထယ်... ထယ့်ချုပ်ရိုး အကို ကြည့်ဦးမယ် ချုပ်ရိုး ကြပ်ပြီးလားလို့..."
ဟိုဆော့ ပြောတော့ ဂျောင်ဂုပြူးပြူးပြာပြာဖြစ်သွားသည်။
ထယ်ယောင်းကတော့ ဟိုဆော့ ချုပ်ရိုးကြည့်မယ်ဆို၍ သူ့ဗိုက်လေးကို လှမ်ပေးမယ်အလုပ် ဂျောင်ဂု ကပြေးလာကာ ထယ်ယောင်းဗိုက်ကို ဖုံးလိုက်သည်။
"ဂျွန်...ဘာလို့ဖုံးနေတာလည်း အကိုဟိုဆော့က ချုပ်ရိုးကြည့်မယ်ပြောနေတာကို.."
"ကိုယ် ကြည့်ပေးလို့မရဘူးလား..."
"ဂျွန်ကတော့လေ ဂျွန်ကဆရာဝန်မှ မဟုတ်တာ ချုပ်ရိုးကြပ်တယ်မကြပ်ဘူးဘယ်လိုလုပ်သိမှာလည်း..."
ထယ်ယောင်းပြောတော့ ဂျောင်ဂုကိုယ်ရှိန်သက်သွားသည်။
ဟိုဆော့မှာတော့ ထယ်ယောင်းနဲ့ဂျောင်ဂုကို ကြည့်ကာ ပြုံးနေမိသည်။
"အကိုဟိုဆော့ ချုပ်ရိုးကြည့်မယ်ဆို ကြည့်လေ..."
ထယ်ယောင်းက သူ့ဗိုက်လေးကိုပြန်လှမ်ပေးလိုက်သည်။
YOU ARE READING
တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕
Poetry!ဒီအထိအတွေ့ ဒီအရသာ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...အရမ်းခံစားလို့ကောင်းတယ်...!