Unicode
ဂျောင်ဂုက ထယ်ယောင်းကိုပေးထားတဲ့ ကတိတည်သည်။ နောက်ကြတဲ့ အချိန်ထိမနေတော့ပဲ ရုံးဆင်းတာနဲ့ အိမ်ကိုတန်းပြန်လာသည်။ ထယ်ယောင်းကြောက်လန့်နေတဲ့ ပုံမြင်ပြီးထဲက သူ့မှာ အပြစ်ရှိသလိုခံစားရ၍ နောက်ကြအောင်လုံးဝမနေတော့ပါ...
📞📞📞📞
"Hello ဘွားဘွား.."
"အေး မြေး...နောက်တစ်ပတ်ထဲ မင်းအဒေါ်နဲ့ အဘွား ကိုရီးယားကို လာမယ် အဲ့ဒါ မြေး အဘွားတို့ကိုလာကြိုဦး..."
သူ့အဘွားနဲ့အဒေါ်ကိုရီးယားလာမယ်ပြော၍ ဂျောင်ဂု ရင်ထဲထိတ်သွားသည်။
"ဟုတ်အဘွား အဘွားတို့က ကိုရီးယားလာရင် ဘယ်မှာတည်းမှာလည်း ဒယ်ဒီတို့စီမှာတည်းမှာလား..."
"မတည်းပါဘူး အဘွားတို့က မြေးအိမ်မှာတည်းမှာ..."
ဂျောင်ဂု မျက်နှာချက်ချင်းပျက်သွားသည်။ သူ့အဘွားနဲ့အဒေါ်ကို သူ့အိမ်မှာမတည်းခိုင်းချင်လို့တော့ မဟုတ်၊ သူ့အဘွားနဲ့ သူ့အဒေါ် သူ့အိမ်မှာတည်းရင် အထိက ထယ်ယောင်းအနေကျဥ်းကျပ်မှာဆိုးသည်။ ထယ်ယောင်းကို သူ့အဘွားနဲ့အဒေါ်ကအမြင်ကြည်တာမဟုတ် ၊ စိတ်အခက်မသင့်လို့ ထယ်ယောင်းကို တခုခုပြောလိုက်ရင် ထယ်ယောင်း မခံနိုင်မှာကိုဆိုးရိမ်သည်။
"အော် ဟုတ်ကဲ့ပါ ဘွားဘွား ၊ ဘွားဘွားတို့လာမဲ့ရက် ကျွန်တော်လာကြို ပါ့မယ်..."
"အေးပါ အဘွားတို့လာမဲ့နေ့ကြရင် မြေးစီ ဖုန်းထက်ဆက်လိုက်မယ်.."
"ဟုတ်ဘွားဘွား..."
သူ့အဘွားဖုန်းချသွားတော့ ဂျောင်ဂု သက်ပျင်းချလိုက်မိသည်။
!ဟူး....မဖြစ်ဘူး ထယ့်ကို ကြိုပြီးပြောထားမှရမယ်...!
"ထယ်..."
"အင်းဂျွန်..."
"ထယ့်ကို ကိုယ်ပြောစရာရှိတယ်..."
"ဟုတ် ပြောပါဂျွန်..."
"နောက်အပတ်ထဲ ကိုယ့်အဘွားနဲ့အဒေါ် ကိုရီးယားကိုလာလိမ့်မယ် အဲ့ဒါ သူတို့က ကိုယ်တို့အိမ်မှာ တည်းမှာတဲ့ အဲ့ဒါ ထယ် အစဥ်ပြေပါ့မလား..."
YOU ARE READING
တွယ်ငြိမိတဲ့နှလုံးသားတစ်စုံ💕
Poetry!ဒီအထိအတွေ့ ဒီအရသာ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...အရမ်းခံစားလို့ကောင်းတယ်...!