ပြန်တင်ပေးနေပြီနော်💛
[Zawgyi]
၇နေရီ နှင့် ရွှန်း သိကျွမ်းခဲ့သည်မှာ ၂ပတ်နီးနီးရှိပြီ။
စတွေ့တည်းက ရွှန်း၏အမြင်ကို ဆွဲဆောင်နိုင်ခဲ့သော နေရီ သည် သိကျွမ်းပြီးနောက်ပိုင်းတွင်လည်း ရွှန်းကို နည်းမျိုးစုံဖြင့် ဆွဲဆောင်နေလေသည်။
ရွှန်း နေရီ့ကိုသဘောကျသည်။ သို့သော်လည်း ရွှန်း၏ရင်ထဲတွင် နေရီသည် မိတ်ဆွေတစ်ယောက်သဖွယ် သာ နေရာယူထားလေ၏။
အင်္ဂါနေ့ဖြစ်၍ ရွှန်း lecture မရှိသော်လည်း
မသိမ့်lecture ကိုကူပေးပြီး ပြန်ဆင်းလာချိန်"ဟယ် အာကာ"
ရွှန်း၏ငယ်သူငယ်ချင်းဒေါက်တာထက်အာကာ က
ဝရံတာတွင်စောင့်နေသဖြင့်"နင် ဘယ်လိုရောက်လာတာလဲ"
"ငါ ကိစ္စလေးရှိလို့လာရင်း နင့်ကိုတစ်ခါတည်းလာတွေ့တာ"
"ဪ နင်နဲ့ငါက တော်တော်လေးမတွေ့ရဘူးဆိုတော့"
ရွှန်ရက မရယ်မပြုံးဘဲ တည်တည်တံ့တံ့လေးပြောလိုက်ရာ အာကာ မျက်နှာလေးငယ်သွားရှာသည်။
"ငါလာတာနင်မကြိုက်ဘူးလား"
ရွှန်းမကြိုက်တာရယ်လို့တော့မဟုတ်ပါ။
သူမတို့ကိုကျောင်းသူကျောင်းသား များကကွက်ကြည့်ကွက်ကြည့် ကြည့်သွားကြ၍ ရှက်သလိုလိုလေးဖြစ်မိသည့်အပြင် နေရီတွေ့သွားမှာကိုမသိစိတ်ကစိုးရိမ်နေမိသည်။"အဲ့လိုမဟုတ်ပါဘူး ငါတို့အောက်မှာသွားပြောရအောင်လေ"
ရွှန်း အာကာနှင့်အတူ ကန်တင်းတွင်ထိုင်လိုက်ကာ စကားထိုင်ပြောဖြစ်သည်။ သူ့ဘက်ကမရိုးသားပေမဲ့ရွှန်းဘက်ကရိုးသားတာမို့စိတ်ကိုပေါ့ပေါ့သာထားရမည်။
"ရွှန်း ငါစိတ်ပူတယ်ဟာ"
"ဘာလို့လဲ"
"ဒီကျောင်းမှာကောင်လေးတွေအများကြီးပဲဟ ဒါမဲ့သိပ်မချောကြတော့ကိစ္စမရှိပါဘူး ကောင်မလေးတွေပဲလှကြတာ"
အာကာ့စကားကြောင့် ရွှန်း ကခပ်ယဲ့ယဲ့လေးပြုံးလေသည်။ ရွှန်းတို့ဆီက ကျောင်းသူလေးတွေကတော်တော်များများလှကြ၏။ ဆရာမတွေလည်းလှသည်။
YOU ARE READING
သူမချည်သောအချစ်ကြိုး(completed)
Romanceတို့ချည်လိုက်တဲ့အချစ်ကြိုးလေးကိုဘယ်တော့မဖြည်ရဘူးနော်