Episode 32(Z+U)

3.9K 383 51
                                    

[Zawgyi]
၃၂

"မမ မစားသွားတော့ဘူးလား"

"နောက်ကျနေလို့သွားတော့မယ်"

နေရီတို့အိမ်ကိုဝတီရောက်တာရက်အတော်ကြာပြီ။ အိမ်အလုပ်တွေလုပ်နေရပေမဲ့ ကောင်းနေယံအနားနေရတယ်ဆိုတဲ့အသိနဲ့ဝတီသိပ်ကိုပျော်နေခဲ့သည်။ နေရီကမနက်ဆိုအစောကြီးထွက်သွားကာ ညဆိုလည်းမိုးချုပ်မှရောက်တာမို့ ဝတီ့အနေဖြင့်ကောင်းနေယံနှင့်အတော်နီးစပ်ခွင့်ရ၏။

ဝတီရောက်လာသောနေ့မှစပြီးသတိထားမိတာတစ်ခုမှာ နေရီ နှင့်ကောင်းနေယံ အတော်အနေစိမ်းသည်။ လွန်ခဲ့သောရက်တစ်ချို့ကလင်မယားအချေအတင်ဖြစ်သံလိုလိုလည်းကြားသေး၏။ အိပ်ခန်းတောင်တူတူသုံးရဲ့လားဟုဝတီသံသယဝင်နေမိသည်။ သို့ပေမဲ့ ဝတီပျော်ပါ၏။ ကောင်းနေယံက အလုပ်မလုပ်ဘဲအိမ်မှာပဲနေတော့ဝတီနဲ့စကားပြောခွင့်ပိုရကာပိုရင်းနှီးရသည်။ တစ်ခါတရံအီစီကလီအနေအထားလေးတောင်နေရသေးသည်။

သူမကိုမတားဘဲ မနက်စာစားဖို့တာဆူနေသည့်ကောင်းနေယံကြောင့် နေရီကြိတ်ပြုံးမိ၏။ ယခင်ကဆိုလျှင် မနက်စာ ညစာကို နေရီတူတူမစားပါက ကောင်းနေယံပြဿနာရှာသည်။ ယခုတော့ ဝတီဘေးနားရှိနေလို့ ကောင်းနေယံ နေသားကျနေသလား။

နေရီဟာခပ်နွဲ့နွဲ့ခြေလှမ်းလေးများဖြင့်အိမ်ထဲမှထွက်သွားလေသည်။ နေရီ သွားသွားချင်းပင် ဝတီသည် ကောင်းနေယံဘေး နေရီထိုင်သည့်ခုံတွင်ထိုင်
လိုက်၏။

"အစ်ကို စားကောင်းရဲ့လား"

ခပ်နွဲ့နွဲ့အသံကြောင့် ကောင်းနေယံဟာ မနက်စာစားနေရင်းမှပြုံးလေသည်။ ဝတီသူ့ကိုအီစီကလီလာလာလုပ်နေတာ သူသိပ်သိတာပေါ့။ နေရီ့ကိုတပ်မက်သည့်တိုင်ကောင်းနေယံ ခယ်မဖြစ်သူကိုလည်းစိတ်ယိုင်
မိသား။ နေရီ့လိုအလှလေးကိုတရားဝင်ဇနီးအဖြစ်
ပိုင်ပြီးပြီဖြစ်ပြီး ဝတီ့လိုအပြုအစုကောင်းသူတစ်
ယောက်ထပ်ရရင်ပိုပြည့်စုံမည်။

"ကောင်းတာပေါ့ ဝတီ့လက်ရာပဲ"

"ဝတီကသိပ်တောင်စိတ်တိုင်းမကျဘူးအစ်ကိုရယ် အစ်ကိုကသာကြိုက်တာ မမဆိုဝတီ့ကိုဆူမယ်ထင်တယ်"

သူမချည်သောအချစ်ကြိုး(completed)Where stories live. Discover now