[Zawgyi]
၂၁ကိုယ်လုံးပြည့်မှန်ပေါ်တွင်ပေါ်နေသည့် သူမပုံရိပ်ကိုပြန်ကြည့်ရင်း ခင်သည်သက်ပြင်းတို့အကြိမ်ကြိမ်ချလေ၏။
သူမအသက်မှာ၃၈ထဲဝင်နေပြီဖြစ်ရာ ခင်ဟာသက်လတ်တန်းအမျိုးသမီးတစ်ယောက်။ သို့ပေမဲ့ ခင့်အလှက နုပျိုသည်။ ခင့်မျက်နှာသည် အရှိန်အဝါတစ်ခုရှိနေသည်ကလွဲလို့ ၃၀နီးနီးရုပ်ရည်ဟုသာထင်ရသည်။ ကိုယ်လုံးကိုယ်ပေါက်မှာတော့ပြောစရာမလို။ ၂၀ကျော်မိန်းကလေးများကိုခင့်အချိုးအစားကမကြောက်ပါ။
"နွားအိုမြက်နုကြိုက်တဲ့လား"
မှန်ကိုလက်ဖြင့်အသာထိတို့ရင်းမှ ခင်ဟာတစ်ကိုယ်ကြားလေးရေရွတ်လေသည်။ ခင်ဟာ ၃၈နှစ်။ သူမ၏ချစ်သူလက်တွဲဖော်အာကာကတော့ ၂၉မပြည့်သေး။ ယောက်ျားလေးအသက်ကြီးတာကိစ္စမရှိပေမဲ့ ခင်တို့အတွဲမှာတော့ မိန်းကလေးဟာ၁၀နှစ်လောက်ကြီးနေသည်။
သူမတို့အတွဲသည် အမြင်နှင့်ဆိုရုပ်ရည်မှာအသက်ကွာသည်ဟုမထင်ရသော်ငြား အသက်အရွယ်ကွာခြားမှုကိုသိသူများက အာကာ့ကိုလှောင်ပြောင်မှာခင်မလိုလားပါ။
သူမကိုယ်ကိုမှန်ထဲကြည့်နေရာမှ ခင်သည် မှန်တင်ခုံစားပွဲရှေ့တွင်ထိုင်လိုက်ပြန်သည်။ ခင့်မျက်နှာလေးဘာမှမလိမ်းခြယ်ရသေးပါ။
မပြင်မဆင်သဘာဝအတိုင်းဆိုလျှင်တောင်ခင်က
အကြည့်ခံသည်။ စိတ်မပါတပါနှင့်မျက်နှာကိုပြင်ဆင်ပြီးနောက် အာကာပေးထားသောပုဝါလေးကို ခင် တယုတယကိုင်ကြည့်နေမိ၏။ထိုအချိန်တွင် အခန်းတံခါးပွင့်လာကာ ကြီးကြီးသည် ခင့်အခန်းထဲဝင်လာလေသည်။ ထို့ကြောင့် ခင် လက်ကိုင်ပုဝါလေးကိုအသာချလိုက်တော့ ကြီးကြီးကပြုံး၏။
"ခင် အလုပ်မသွားသေးဘူးလား"
"သမီးခနနေသွားတော့မှာပါ ကြီးကြီး"
"သမီးကို ကြီးကြီးမေးစရာရှိတယ်"
"ဟုတ်"
ကြီးကြီးသည် ခင့်မျက်ဝန်းတို့ကိုစိုက်ကြည့်နေပေမဲ့ ခင်ကတော့အကြည့်လေးလွှဲနေမိသည်။
"ဒေါက်တာထက်အာကာကိုသမီးချစ်နေပြီမလား"
ခင်ထိုအဖြေကိုဖြေဖို့တုံ့ဆိုင်းနေပါသည်။ အာကာ့ကိုခင်သိပ်ချစ်တာပေါ့။ သို့ပေမဲ့ ခင်ရှက်သည်။ ကိုယ့်ထက်၁၀နှစ်ငယ်တဲ့ယောက်ျားကိုချစ်နေမိသည့်ခင့်ကိုယ်ခင်ရှက်သည်။
YOU ARE READING
သူမချည်သောအချစ်ကြိုး(completed)
Romanceတို့ချည်လိုက်တဲ့အချစ်ကြိုးလေးကိုဘယ်တော့မဖြည်ရဘူးနော်