ချယ်ရီအဆောင်ပြန်ရောက်တော့ ညနေ ၆ နာရီရှိနေပီ။ နွေကာလမို့သာ မိုးမမှောင်သေးတာလို့တွေးရင်း နက်ဖြန်ခရီးအတွက် ထည့်ထားတဲ့အိတ်ကိုပြန်စစ်လိုက်သည်။ မှတ်ပုံတင်၊ ကိုဗစ်ကာကွယ်ဆေးထိုးလက်မှတ် အကုန်ပါတာသေချာအောင် စစ်ရသည်။ ပိုက်ဆံကို နေရာခွဲထည့်ထားတာတွေ သေချာစစ်သည်။လက်ဆောင်တွေကချည်း အထုတ်တစ်ထုတ်ဖြစ်နေပီ။ သူရွာမပြန်ဖြစ်တာ သုံးနှစ်ရှိပီ။ ကိုဗစ်ဖြစ်တာကော အခြားအကြောင်းတွေရောကြောင့် သွားလာဖို့မလွယ်ကူတာနဲ့ မပြန်ဖြစ်။ စစချင်းတုန်းကတော့ အိမ်လွမ်းနာကျလိုက်သေးသည်။ ငယ်ကတည်းက အိမ်မှာတစ်ဦးတည်းသောသမီး ဖတဆိုးလေးဆိုပြီး အကိုတွေကော အမေကောက သိပ်အလိုလိုက်ကြသည်။ အတူနေ ကျောင်းဆရာမအဒေါ်ကြောင့်သာ မဟုတ်ရင် ချယ်ရီလည်း ပညာရေးထွန်းပေါက်နိုင်ဖွယ်မရှိ။ နဂိုဥာဏ်ကောင်းပေမယ့် ပျင်းတာနဲ့ပေါ့ပေါ့နေတတ်တာ လျှပ်ပြာလျှပ်ပြာလုပ်တာကြောင့် စာမေးပွဲတွေမှာ အမှတ်သိပ်ကောင်းလေ့မရှိ။ ဒါ့ကြောင့် ဆယ်တန်းမှာ ချယ်ရီသုံးဘာသာဂုဏ်ထူးပါတော့ ရွာကလူတွေက မယုံကြ။ ပိုက်ဆံပေးလို့ရလာသလိုလိုပြောကြသည်။ တကယ်ကတော့ မြို့ကိုတူတူလိုက်လာပြီး အနီးကပ်အုပ်ထိန်းပေးတဲ့ အဒေါ်ရဲ့လက်သံကြောင့် ချယ်ရီအမှတ်ကောင်းခဲ့ခြင်းသာ။ မျက်ရည်နဲ့မျက်ခွက်ကုန်ဆုံးခဲ့ရတဲ့နေ့တွေဟာ ရလာဘ်ထွက်လာတော့ ချိုမြိန်စရာအတိတ်လေးတွေဖြစ်သွားသည်။
တက္ကသိုလ်ထွက်ဖို့ထွက်လာခဲ့ပြီး ပထမနှစ်မပြီးခင်မှာပဲ ကျောင်းတွေပိတ်ရပီး ပြန်ဖွင့်တော့လည်း မကြာခင်မှာပဲ တိုင်းရေးပြည်ရေးကပြောင်းလဲခဲ့သည်။ ကျောင်းပြန်တက်ဖို့လိပ်ပြာမလုံတာကြောင့်မို့ ချခဲ့တဲ့ဆုံးဖြတ်ချက်ကို မိသားတစ်စုလုံးက ထောက်ခံပေးတာကိုလည်း ကျေးဇူးတင်ရသလို စိတ်လေမသွားအောင် ထိန်းကျောင်းပေးခဲ့တဲ့ မမကိုလည်း ကျေးဇူးတင်သည်။ မမယုက ချယ်ရီကျောင်းတက်နေတဲ့မြို့က လုပ်ငန်းရှင်တစ်ယောက်။ ကျောင်းမတက်ဖြစ်တော့ အိမ်ပြန်ခဲ့ဖို့ ခေါ်ကြပေမယ့် ချယ်ရီက အသိုက်ကထွက်လာကာစမို့ လွတ်လပ်မှုကို မြတ်နိုးနေချိန်။ ပြန်မသွားချင်သေး။ အဲ့မှာ တွေ့ရာအလုပ်ရှာရင်း မမယုရဲ့ဆိုင်ကို ရောက်လာခဲ့တာပဲ။ ချယ်ရီ့အကြောင်းကိုသိလို့ ပိုပြီးကူညီပေးခဲ့တယ်။ အလုပ်ကို သေချာသင်ပေးခဲ့သလို လိုအပ်တဲ့ပညာရဖို့သင်တန်းတွေကိုလည်း သူပဲအကုန်အကျခံထားပေးခဲ့တယ်။ မမယုဟာ ချယ်ရီ့အဖို့တော့ အမအရင်းတစ်ယောက်လို့ပဲ ခံယူထားတယ်။ ခုလည်း အိမ်ပြန်မယ်ဆိုတာနဲ့ အိမ်အတွက်ပါလက်ဆောင်တွေ ဝယ်ပေးလိုက်သေးသည်။
BINABASA MO ANG
ချယ်ရီ
Teen Fictionအပြစ်ပေး အရိုက်ခံရတဲ့ story မျိုးပါ။ ချယ်ရီဆိုတာ ဆယ်ကျော်သက်၊ ခုကာလ ဆယ်ကျော်သက်တွေအတိုင်း ချယ်ရီ့မှာ ရုန်းကန်မှုတွေရှိတယ်။ စိတ်ကျဥ်းကြပ်မှုတွေ ရှိတယ်။ ခေတ်နဲ့ဆန့်ကျင်တွန်းကန်နေရတာတွေ ရှိတယ်။ ဒါတွေကို ချယ်ရီကျော်ဖြတ်ဖို့ စိတ်ဓာတ်ခွန်အားတွေကို ဘယ်အရာ...