ချယ်ရီက အရိုက်ခံပြီးတိုင်း အလွန်လိမ္မာသွားတတ်ပေမယ့် လိမ္မာသည်ကကြာကြာတော့ မခံတတ်ပေ။ ထို့ကြောင့် မကြာမကြာအရိုက်ခံရခြင်းဖြစ်သည်။ တစ်ပတ်တစ်ခါနှစ်ခါလောက်ကတော့ အရိုက်မခံရရင် ချယ်ရီလို့မခေါ်ဆိုနိုင်သည်အထိဖြစ်သည်။ ဒေါ်ငယ်က အပြစ်လိုက်ရှာရိုက်နေသောကြောင့်မဟုတ်သလို ချယ်ရီကရိုက်ခံရအောင်တမင်လုပ်သည်လည်းမဟုတ်ပါ။ သို့ပေမယ့် အမြဲအရိုက်ခံရတာကတော့ သဘာဝတရားလိုဖြစ်လာသည်။ ရိုက်ခံရတာများတာကြောင့်ထင်သည် အရင်လို သိပ်မနာတော့။ ထို့ကြောင့် သိပ်မမှတ်တော့၊ ထို့ကြောင့် စည်းကမ်းတွေပေါ်အာရုံစိုက်မှုနည်းလာပြီး ခဏခဏအပြစ်လုပ်မိကာ ရိုက်ခံရသည်။ချယ်ရီဒီလိုဖြစ်လာတာ အဒေါ်ဖြစ်သူကလည်း ရိပ်မိသည်။ ဒါ့ကြောင့် သူမှတ်အောင်လိုက်ပြီး ပြောင်းအပြစ်ပေးလာသည်။ ထိုင်ထကို ဝရန်တာထွက်လုပ်ခိုင်းတာက အခန်းထဲလုပ်ခိုင်းတာထက် ချယ်ရီ့ကို ပိုမှတ်စေသည်ကို အဒေါ်သိလာသည်။ အပြစ်ပေါ်မူတည်ပြီး ဖြည်းဖြည်းရိုက်တလှည့် ပြင်းပြင်းရိုက်တလှည့်အပြစ်ပေးတတ်လာသည်။ ဘာပြောပြော ချယ်ရီ့ရဲ့စာမေးပွဲရလာဘ်တွေက ဒေါ်ငယ်ရဲ့အပြစ်ပေးတာတွေ အလုပ်ဖြစ်နေတယ်ဆိုတာကို ပေါ်လွင်စေတဲ့ သက်သေတွေပဲဖြစ်သည်။
ကိုးတန်းစာမေးပွဲကို ထူးချွန်စွာအောင်သည်။ နောက်နှစ်ဆယ်တန်းမှာ S ခန်းလို့ခေါ်တဲ့ စာတော်သူတွေချည်းနေတဲ့အခန်းမှာတက်ခွင့်ရသည်။ စာကျက်ရတာကိုလည်း ပျော်လာသည်။ စာဆိုတာရလာတော့ ပျော်စရာဖြစ်လာတတ်တာ သဘာဝပင်ဖြစ်သည်။ သို့ပေမယ့် ချယ်ရီအရိုက်ခံရတာကတော့ ပုံမှန်အတိုင်းဖြစ်သည်။ တခါတလေ ရိုက်ရလွန်းလို့ အဒေါ်က ငါမရိုက်နိုင်တော့ဘူး နင့်ကို။ ကိုယ့်ဘာသာရိုက်ဟုဆိုကာ သူ့ရှေ့မှာပင် ဝါးခြမ်းပြားနဲ့ ကိုယ့်ဖင်ကိုရိုက်ရသေးသည်။ အဲ့လိုရိုက်ရသည်မှာ အဒေါ်ရိုက်သလောက်မနာပေမယ့် ပိုတော့ ရှက်စရာကောင်းသည်ဟု ချယ်ရီထင်သည်။ ဒေါ်ငယ်က ဘယ်တော့မှ အလွန်အကျူးရိုက်လေ့တော့မရှိ။ ဒေါသနဲ့ဘယ်တော့မှ ရိုက်လေ့မရှိ။
"ကဲ ကဲ ညဥ့်လည်းတော်တော်နက်နေပီ။ အိပ်ကြစို့လေ"
ဒေါ်ငယ်ပြောလိုက်မှ ချယ်ရီလည်း အတိတ်အိမ်မက်ကနေလန့်နိုးလာတော့သည်။ အိပ်ရာဝင်လာပေမယ့် အတွေးတို့နှင့် အိပ်မပျော်သေး။ ချယ်ရီရွာပြန်လာရသည့် အကြောင်းရင်းမှာ အိမ်ကို လွမ်းတာတစ်ခုတည်းကြောင့်တော့ မဟုတ်၊ ထူးဆန်းကောင်းထူးဆန်းနေနိုင်ပေမယ့် ဒေါ်ငယ်ရိုက်တာကို ခံချင်လို့ပြန်လာသည်လည်းပါသည်။ ချယ်ရီသူ့ကိုယ့်ကိုယ်လည်း သိပ်နားမလည်နိုင်။ ကျောင်းနေတုန်းကလို အဒေါ်ရဲ့တင်းကျပ်တဲ့စည်းကမ်း၊ နာကျင်ရတဲ့အပြစ်ပေးမှုတွေကို တောင်းတနေမိသည်။ အထက်တန်းပြီးကတည်းက ဘဝက ဘာတွေဖြစ်ကုန်မှန်းမသိ။ ချယ်ရီ့အဖြစ်က တခြားလူတွေထက်တော်သေးတယ်လို့ဆိုရပေမယ့် ကိုယ့်အတွက်တော့ အဆိုးဆုံးကာလဖြစ်နေသေးသည်မဟုတ်လား။ အလုပ်မှာအဆင်ပြေသော်လည်း ရုန်းကန်နေရဆဲလို့ခံစားနေရပီး ကိုယ်ခံစားနေရတာကိုလည်း တခြားသူတွေပြောမထွက်။ သူတို့က ကိုယ့်ထက်ပိုအခြေအနေဆိုးကြသူတွေမဟုတ်လား။ စစ်ပြေးနေရသူတွေ၊ တောထဲတောင်ထဲအပင်ပန်းဆင်းရဲခံနေသူတွေနဲ့စာရင် ချယ်ရီ့ဘဝက နတ်ပြည်ပဲမဟုတ်လား။ သို့ပေမယ့် ချယ်ရီမပျော်၊ တစ်ခုခုလိုအပ်နေသလိုဖြစ်နေသည်။ အိမ်နဲ့ဝေးနေရတာကိုမပျော်၊ ရုန်းကန်နေရသည်မှာ အဓိပ္ပါယ်မရှိဟုထင်လာသည်။ ရည်မှန်းချက် အနာဂတ် မျှော်မှန်းချက်ရယ်လို့လည်း မရှိတော့။ မရှိတာထက် တွေးမျှော်ကြည့်လို့မရတာဆိုပိုမှန်မည်။ ဒါကြောင့်ပဲ လူငယ်တွေအနာဂတ်ခိုးယူခံရခြင်းလို့ ပြောကြတာဖြစ်မယ်ထင်တယ်။ ကြာလာတော့ လူတွေကို မုန်းလာသည်။ ဘဝကို မုန်းလာသည်။ အသက်ရှင်မနေချင်တာမျိုးထိဖြစ်လာတော့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရသည်။ အိပ်မပျော်တာအတွက်လည်း ဆေးသောက်ရသည်။ စစချင်းတော့ အဆင်ပြေသလိုလိုပေမယ့် နောက်တော့ ဒီအတွေးတွေကပြန်ဝင်လာပြီး လုံးချာလည်ချာလိုက်နေသည်။ ဒီပုံစံနှင့်လည်း အိမ်မပြန်ချင်။ အဲ့ဒါနဲ့ ကြိတ်ပြီး ဆက်နေနေဖြစ်သည်။ ရည်းစားထားရင်ပျော်ရတယ်ဆိုတာနဲ့ ရည်းစားထားလိုက်သေးသည်။ online ကနေပဲတွေ့ပြီးအဖြေပေးခဲ့သည်။ ဒါပေမယ့် အပြင်မှာတွေ့တောင်မတွေ့လိုက်ရ ၄ ပတ်လောက်နေတော့ ပြတ်သည်။ ချစ်သူကမကောင်းလို့မဟုတ်၊ တစ်ပတ်လောက်ထိတော့ပျော်သေးသည်။ နောက်တော့ သူ့ကိုပါ စိတ်ရှုပ်လာသည်။ သူများတွေပျော်တတ်ကြသော မနက်မိုးလင်းဟဲလိုနဲ့ ညဘက်ဂွတ်နိုက်ကပါ ချယ်ရီ့အဖို့ စိတ်ရှုပ်စရာဖြစ်လာသည်။ ချယ်ရီလိုနေတာဒါမဟုတ်တာကြောင့်ဖြစ်မည်။ မမယုရဲ့ကူညီဖေးမမှုကြောင့်သာမဟုတ်ရင် အသက်ပင်ရှင်မည်မထင်။ ဆရာဝန်ကတော့ စိတ်ကျရောဂါလို့နာမည်မတတ်ချင်ကြောင်း၊ ကိုယ့်ကိုချစ်ခင်သူတွေ ကိုယ့်ကိုဂရုစိုက်သူတွေကြားမှာ အနားယူလိုက်ခြင်း၊ ကိုယ်နဲ့ရင်းနီးပြီးသားနေရာမျိုးမှာ အနားယူစေခြင်းကြောင်း အကြံပေးသည်။ ဒီလိုဘဝက လည်ထွက်နေချိန်မှာတည်ငြိမ်မှုကိုရှာတော့ ကျောင်းတက်တုန်းက ဒေါ်ငယ်နဲ့နေခဲ့တဲ့အချိန်တွေကို တွေးတောခြင်းက သူ့စိတ်ကိုငြိမ်သက်စေသည်။ မျှော်လင့်ချက်ရေးရေးပေါ်စေသည်။ သို့နှင့် ရိုက်ခံရ အပြစ်ပေးခံရတာတွေကိုပါ လွမ်းလာသည်။ တမ်းတလာသည်။ တစ်ပတ်ကို တစ်ရက်နှစ်ရက်လောက်ကတော့ စိတ်ကူးယဥ်မိသည်။ ဒီလိုနဲ့နေလာတာကြာလာတော့ အိမ်ပြန်မှဖြစ်တော့မည်ဆိုပြီး မမယုကိုခွင့်တောင်းကာ ခွင့်ယူပြန်လာခဲ့ခြင်းပင်။ ပြီးတော့ ဒေါ်ငယ်ရိုက်တာကိုခံချင်သည်။ ဘယ်လိုရိုက်လာအောင် လုပ်ရမည်ကိုတော့ သေချာမသိသေး။ အကြံတော့ရှိပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ကျတော့ ရှက်သလိုလို၊ အပြစ်ရှိသလိုလိုနဲ့ မတင်မကျဖြစ်နေသည်။ ဒီလိုနဲ့ နေရင်း အိမ်ပြန်ရောက်သည်ပင် ၃ ရက်ကျော်လာခဲ့ပြီ။
VOCÊ ESTÁ LENDO
ချယ်ရီ
Ficção Adolescenteအပြစ်ပေး အရိုက်ခံရတဲ့ story မျိုးပါ။ ချယ်ရီဆိုတာ ဆယ်ကျော်သက်၊ ခုကာလ ဆယ်ကျော်သက်တွေအတိုင်း ချယ်ရီ့မှာ ရုန်းကန်မှုတွေရှိတယ်။ စိတ်ကျဥ်းကြပ်မှုတွေ ရှိတယ်။ ခေတ်နဲ့ဆန့်ကျင်တွန်းကန်နေရတာတွေ ရှိတယ်။ ဒါတွေကို ချယ်ရီကျော်ဖြတ်ဖို့ စိတ်ဓာတ်ခွန်အားတွေကို ဘယ်အရာ...