အပိုင်း[၅]

522 51 5
                                    

Sဟိုတယ် အပေါ်ဆုံးထပ်၊

မနက်စောစောဖြစ်၍ တင်းတင်းကျပ်ကျပ်ပိတ်ထားသော ကုလားကာများသည် အပြင်ဘက်မှဝင်ရောက်လာသော နေရောင်ခြည်ကို ပိတ်ဆို့ထားသောကြောင့် အခန်းထောင့်က ညမီးအိမ်မှအလင်းရောင်တွေကလွဲ၍ မှောင်နေသည်။

ကုတင်ပေါ်တွင် ‌ဖောင်းပွနေကာတစ်စုံတစ်ယောက်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံရသည်။

"ဟမ်း"

စုယွီကျိုးသည် ခန္ဓာကိုယ်မသက်မသာဖြင့် နိုးလာသည်။သူ့မျက်နှာကိုရှုံ့လိုက်ပြီး ထထိုင်ဖို့ ရုန်းကန်နေရတယ်။ဖြစ်ပျက်ခဲ့တာတွေ ပြန်မတွေးရသေးခင်မှာ သစ်အယ်သီးအနံ့ကို ဆေးလိပ်အနံ့နဲ့ရောပြီး ရလိုက်တယ်။

စုယွီကျိုးလှည့်ကြည့်လိုက်ဝောာ့ ပြတင်းပေါက်နားက အခန်းထောင့်မှာ အလင်းရောင်တစ်ခု မြင်‌လိုက်ရသည်။

ဆိုဖာပေါ်တွင် ထိုင်နေသည့် ဆံပင်အနက်ရောင် အမျိုးသားသည် ဒူးပေါ်တွင် တံတောင်ဆစ်တင်ထားပြီး လက်ချောင်းများကြားတွင် ဆေးလိပ်တစ်လိပ်ကို ညှပ်ထားသည်၊သူ့ရှေ့ရှိ ကော်ဖီစားပွဲပေါ်မှာ ပြာခွက်ရှိပြီး ထိုထဲတွင် သောက်ပြီးသား ဆေးလိပ်တိုများနဲ့ ပြည့်နေတယ်။

ထိုအချိန်တွင် သူ့အကြည့်ကို သတိထားမိကာ ထိုလူက သူ့ဘက်ကြည့်လာသည်၊‌ထို့နောက် ဆေးလိပ်ကို နှုတခမ်းတွင်ခဲကာ ရှူသွင်းလိုက်ပြီးနောက် မီးခိုးကို ‌ဖြည်းညှင်းစွာရှူထုတ်လိုက်သည်။

"နိုးပြီလား?"

မီးခိုးငွေ့ကြောင့်၊သူ၏အက်နေသောအသံသည် နိမ့်သွားကာ နားမလည်နိုင်လောက်အောင် ညို့ဓာတ်ပြင်းသွားသည်။

မနေ့ညက မှတ်ဉာဏ်များ ပြန်ပေါ်လာသောကြောင့် စုယွီကျိုး ရှက်သွားသည်၊သူ အနည်းငယ်ရှက်သွားပြီး အနည်းငယ်လဲ စိတ်ရှုပ်သွားသည်။

"ဒီကို လာခဲ့"ဟု ထိုလူကပြောသည်။

(T/N လာပြီ ကိုကို(⁠ʃ⁠ƪ⁠^⁠3⁠^⁠))

စုယွီကျိုး သူ့နှုတ်ခမ်းတွေကို စုပ်သပ်လိုက်ပြီး ‌စောင်အောက်ကိုငုံ့ကြည့်လိုက်တယ်။သူကြောက်နေသလိုမျိုး ကိုယ်တီးလုံးနဲ့ဆန့်ကျင်ဘက်ဖြစ်တက် ညဝတ် အင်္ကျီကို ဝတ်ထားတယ်။

ချိုမြိန်တဲ့Alphaလေးကိုဘယ်သူမကြိုက်တာလဲ??(ဘာသာပြန်)Where stories live. Discover now