အပိုင်း [၆]

374 34 0
                                    

"Mr.စု?"

စုယွီကျိုး မျက်တောင်ခတ်ပြီး စားပွဲထိုးမှ ပေးလာတဲ့ အိတ်ကိုယူကာ ထမင်းစား စားပွဲကို တစ်ချက်ကြည့်လိုက်ပြီး "ဒါကို ယူလာခိုင်းခဲ့တာလား?"

စားပွဲထိုးက ပြုံးပြီး ခေါင်းငြိမ့်သည်။

စုယွီကျိုး ကသူ့ကိုသံသယနဲ့ကြည့်ပြီး "စု.."
ခနနားပြီးနောက် ထိုလူ၏နာမည်အပြည့်အစုံကို မသိကြောင်း ရုတ်တရက်သတိရသွားသည်။

သူကနှုတ်ခမ်းကို တင်းတင်းစေ့ပြီး" မင်းကို ပစ္စည်းတွေ ပို့ခိုင်းဖို့ ဒီအခန်းထဲမှာနေတယ်ဆိုတာ သူကဘယ်လိုသိတာလဲ"

စားပွဲထိုး၏ အပြုံးက အေးခဲသွားသည်။

ထိုနောက် သူက "ဒါက သိပ်မရှင်းဘူး၊ကျေးဇူးပြုပြီး ဆရာနှစ်သက်သလိုသုံးလိုက်ပါ ၊ကျွန်တော်အရင် သွားပါ‌တော့မယ်"

ထို့နောက် သူသည် စုယွီကျိုး၏ အခန်းမှထွက်သွားပြီး မထွက်မှီ တံခါးကို ကြင်နာစွာ ပိတ်‌ပေးခဲ့သည်။

စုယွီကျိုးသည် မျက်မှောက်ကြုတ်ကာ လှမ်းပြီး တံခါးကို ကလစ်ဖြင့် သော့ခတ်လိုက်သည်။သီအိုရီ အရ သူ့လို အယ်လ်ဖာတစ်ယောက်သည် မည်သည့်အန္တရယ်နှင့်မျှ ကြုံလိမ့်မည်မဟုတ်သော်လည်း....

မနေ့ညက မတော်တဆမူ့ဖြစ်ခဲ့တယ်။

တံခါးကိုသော့ခတ်ပြီးနောက် သူပြန်လျှောက်လာပြီး ဇိမ်ခံထမင်းစားဝိုင်းကို စိုက်ကြည့်ရင်း နောက်ဆုံးတော့ ပန်းကန်အဖုံးမဖွင့်ရန် မထိန်းထားနိုင်ပေ။

အဖုံးဖွင့်လိုက်သည်နှင့် တပြိုင်နက်ဆွဲဆောင်မူ့ရှိသော အစားစာ၏ရနံ့သည် စုယွီကျိုး၏ ဗိုက်ကိုအော်ဟစ်လာစေသည်။

သူဘယ်လောက်ဗိုက်ဆာနေလဲဆိုရင် မသိစိတ်ကနေ တံတွေးမျိုချလိုက်သည်ထိပင်။

သူဖွင့်ထားတဲ့ပန်းကန်ထဲရှိနေတာ
က ပင်လယ်စာ Risottoဖြစ်သည်၊Sဟိုတယ်၏ ထိပ်တန်းစားဖိုမှူးမှ ချက်ပြုတ်ထားပြီးနောက်‌တွင် အရောင်၊အနံ့နှင့်အရသာများပြည့်စုံ‌ခဲ့သည်။

ယနေ့တွင် သစ်အယ်သီးကြော် အနည်းငယ်သာ စားခဲ့ပြီး ယခုအခါ အစားစာ၏မွှေးရနံ့ကြောင့် ဗိုက်ပြန်ဆာနေပြီဖြစ်သညိ။

ချိုမြိန်တဲ့Alphaလေးကိုဘယ်သူမကြိုက်တာလဲ??(ဘာသာပြန်)Where stories live. Discover now