အပိုင်း[၄]

497 55 8
                                    

စုယွီကျိုး ဓာတ်လှေကားကို ကြည့်ပြီးနောက် မြေပြင်ပေါ်ထိုင်နေတဲ့ အမျိုးသားကို ကြည့်လိုက်ပြီး မေးလိုက်တယ်။

"ထပြီး လမ်းလျှောက်နိုင်လား?"

တာဆေး၏ လုပ်ဆောင်ချက်အောက်တွင် စုချန်၏ လျင်မြန်သော အသက်ရှုသံတို့ အနည်းငယ်ငြိမ်သက်သွားသည်။သူသည် စကားမပြောပဲ မြေပြင်ကိုလက်တစ်ဖက်ဖြင့်ဖိထားပြီး အခြားတစ်ဖက်နှင့် နံရံကိုထောက်ကာ သူ့ဘာသာသူ မတ်တတ်ရပ်ရန် ကြိုးစားသည်။

ဒါကိုမြင်တော့ စုယွီကျိုးက သူ့ကိုမထိတော့ပဲ ထလိုက်ပြီး ဓာတ်လှေကားတံခါးမပိတ်သွားအောင် တံခါးခလုတ်ကို နိုပ်လိုက်သည်။

ဓာတ်လှေကားကို ချောမွေ့သောညသတ္ထုနံရံများဖြင့်ဝန်းရံထားသည်။စုယွီကျိုးသည် သူ့မျက်လုံးကို အနည်းငယ်မော့ကြည့်လိုက်တော့ နီမြန်းနေသော ပါးပြင်များနှင့် ချွေးများဖြင့် စိုစွတ်နေသောနဖူးပြင်ကိုမြင်လိုက်ရသည်။

ဒုတ် ဒုတ်

နှလုံးခုန်အရမ်းမြန်လာသည်။ဒါက မူမမှန်ဘူးဆိုတာ သိသာသည်။

သူ့နောက်ကလူက အိုမီဂါတစ်ဦးဖြစ်ပြီး ဓာတ်လှေကား အပြင်ဘက်တွင် ရူးသွပ်သွားကာ ထိန်းမနိုင်သိမ်းမရဖြစ်နေကြတဲ့ အာ်လ်ဖာတွေကို ပြန်တွေးမိတဲ့အခါ စုယွီကျိုးဟာ အခုဖြစ်ပျက်နေတဲ့အရာတွေကို နားလည်နိုင်လာတယ်။

အကူညီမဲ့စွာအသက်ပြင်းပြင်းရှူလိုက်သည်။ခန္ဓာကိုယ်ရဲ့စိတ်ဝိဉာဉ်တွေ မထိန်းချုပ်နိုင်သော် စိတ်ကိုတည်ငြိမ်အောင် ထိန်းထားချင်ပေမယ့် ပိုပြီးကြွယ်ဝလာတဲ့ သစ်အယ်သီးရနံ့ကို ရှူရှိုက်မိတယ်။

သူ့မျက်နှာပေါ်ရှိ ကြက်သွေးရောင်သည် နက်ရှိုင်းလာသည်။

စုယွီကျိုးက သူ့နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ့စိတ်တွေတဖြည်းဖြည်းကြည်လင်လာသလိုခံစားလိုက်ရတယ်။

သူ့အတွက် အခုလုပ်ရမယ့် အမှန်ကန်ဆုံးအရာက ထွက်သွားဖို့ပဲ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်...ဒီလူကို ဒီနေရာမှာ ထားမသွားနိုင်ဘူး၊အရမ်းအန္တရယ်များလွန်းတယ်။

ချိုမြိန်တဲ့Alphaလေးကိုဘယ်သူမကြိုက်တာလဲ??(ဘာသာပြန်)Where stories live. Discover now