Sဟိုတယ်လေဟာပြင်ပါတီ။
သွက်လက်တက်ကြွသော ဂီတသံများကြားတွင် လူများသည် ရေကန်ထဲသို့ ခုန်ပေါက်ကာ တုန်လှုပ်ခြောက်ချားဖွယ် အော်ဟစ်နေကြသည်။
ရေကူးကန်နှင့် မနီးမဝေးရှိ ဟိုတယ်ဥယျာဉ်တွင် သီချင်းသံက အနည်းငယ် တိတ်ဆိတ်နေပြီး ညနေခင်းဝတ်စုံဝတ်ထားသော အမျိုးသားများနှင့်အမျိုးသမီးများသည် အကကြမ်းပြင်ပေါ်တွင် ရောယှက်နေသည်။
ကျော်ကြားသောညနေခင်းပါတီဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိသည့်အပြင် လူတိုင်းသည် ထိုအခိုက်အတန့်ကို အပြည့်အဝခံစားနေကြပုံပင်။
သချောဝာာကတော့ စုချန် ဟာ ဒီလူတွေထဲမှာ မရှိခဲ့ပါဘူး။
ဤအခိုက်အတန့်တွင် သူသည် အယ်ဖာများဝိုင်းထားသော်လည်း သူ့ဖန်ခွက်ထဲတွင် ဝိုင်နီကို ညင်သာစွာ လှည့်ပတ်ကာ မျက်နှာထားကိုတည်ထားလေသည်။
"သူဌေးစုက တကယ့်ကိုငယ်ရွယ်ပြီး အလားအလာကောင်းတယ်"
"ဟုတ်တယ်၊ဥက္ကဋ္ဌစုရဲ့လုပ်ရက်တွေအကြောင်းခကြာခဏကြားနေရတယ်။ဒီနေ့သူနဲ့တွေ့လို့ ကံကောင်းလိုက်တာ၊ဥက္ကဋ္ဌစုနဲ့ဝိုင်နှစ်ခွက်လောက်သောက်ရမယ်"
စုချန်၊စုအဖွဲအစည်းရဲ့ဥက္ကဋ္ဌ။သုံးနှစ်သာ တာဝန်ထမ်းဆောင်ပြီးနောက်တွင် မရေမတွက်နိုင်သော စုမျိုးနွယ်ကို ဒေဝါလီခံခြင်းဘေးမှ ကယ်တင်ခဲ့ပြီး မရေမတွက်နိုင်တဲ့လူအများမျှော်ကြည့်နေသော တည်ရှိမူ့အဖြစ် ထိပ်ဆုံးသို့တွန်းပို့ခဲ့သည်။
သူဖန်တီးထားတဲ့ စီးပွားရေးဒဏ္ဍာရီတွေ၊သူ့ရဲ့အစွမ်းထက်တဲ့စွမ်းရည်၊ချောမောပြီးသူရဲကောင်းဆန်တဲ့အသွင်အပြင်နဲ့ သူရဲ့အရပ်မြင့်မြင့်ခန္ဓာကိုယ်ပုံသဏ္ဍာန်က လူတွေကို သူ့လိင်အမျိုးအစားကို မေ့သွားစေတယ်။
စုချန်သည် ပါတီတွင်ပေါ်လာသောအခါတွင် သူသည်လူတိုင်း၏အာရုံစူးစိုက်မူ့ဖြစ်လာခဲ့သည်။
ဟုတ်ပါတယ်၊သူနဲ့ရင်းနှီးလာပြီးနောက်၊အထူးသဖြင့် သူ့မှာထိပ်တန်းအိုမီဂါ ဖယ်ရိုမုန်း ပါဝင်တာကြောင့် သူရဲ့လိင်ကွဲပြားမူ့ဟာ မလွှဲသာမရှောင်သာ ဆွေးနွေးရမယ့်ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။
YOU ARE READING
ချိုမြိန်တဲ့Alphaလေးကိုဘယ်သူမကြိုက်တာလဲ??(ဘာသာပြန်)
Romanceပုံမှန်မဟုတ်တဲ့OA Omega Top× Alpha Bottom စာရေးသူ-最爱梅子酒 Chapter Total -104 English Name-Who Doesn't Like a Sweet Little Alpha? Chinese Name-小甜a谁不喜欢呢