အပိုင်း [၉]

469 44 8
                                    

စုချန်သည် လူငယ်၏မျက်နှာပေါ်ရှိ အပြုံးကိုကြည့်လိုက်သည်။

ရုတ်တရက် ထိုညက ဓာတ်လှေကားထဲတွင် လူငယ်က သူ့ကိုတားဆေးယူရန်ကူညီပေးပြီးနောက် နှစ်သိမ့်သလိုပြုံးပြခဲ့သည်ကိုသတိရသွားသည်။

ဤအခိုက်အတန့်တွင် အခန်းဝရှိ အလင်းရောင်သည် သူ့ကို ဖြေးညှင်းစွာရိုက်ခတ်သွားပြီး အဲ့ဒီညက ဓာတ်လှေကားထဲက အလင်းရောင်ထက် ပိုပျော့ပျောင်းပြီး မျက်လုံးများကို ပိုမိုဆွဲဆောင်မူ့ရှိစေသည်။

စုချန်က နှုတ်ခမ်းသပ်လိုက်သည်။

ထိုလူငယ်၏ပထမဆုံးတောင်းဆိုမူ့မှာ ဤကဲ့သို့ဖြစ်မည်ဟု မမျှော်လင့်ခဲ့ပေ။

'စုယွီကျိုး'

စုချန် အယ်လ်ဖာရဲ့နမည်ကိုသိသည်၊အခန်းနံပါတ်ကိုတောင် ရှာနိုင်မှတော့ သူ့နမည်ကိုသိဖို့မခက်ပေ။

အလင်းစက်‌ကလေးများတဖျက်ဖျက်ခတ်နေ
ပုံရတဲ့ လူငယ်ရဲ့အရောင်တောက်နေတဲ့မျက်ဝန်းအတွင်းမှ ရောင်ပြန်ဟပ်နေတဲ့ သူ့ကိုယ်သူ ကြည့်ရင်း စုချန်က နောက်ဆုံးမှာ ပြောလိုက်တယ်။

"စုယွီကျိုး"

ထိုလူရဲ့တိုးညှင်းပြီး ဆွဲဆောင်မူ့ရှိတဲ့အသံနဲ့ သူ့နမည်ကို ခေါ်သံကြားလိုက်တဲ့အခါ စုယွီကျိုးက အကြောင်းပြချက်မရှိ ယားယံလာသလိုခံစားရတယ်။

သူညည်းညူလိုက်ရင်း စုချန်အနောက်ကိုကြည့်လိုက်ပြီး လက်ကိုဆန့်ထုတ်ကာ စုချန်ကို အခန်းတွင်း သွင်းလိုက်ရင်း ပြောလိုက်တယ်။

"အရင်ခဏထိုင်နေအုံး၊ကျွန်တော်အခုချက်ချင်းထုပ်ပိုးလိုက်မယ်"

စုချန်သည် ဆိုဖာပေါ်တွင် ထိုင်ရန် ဖိအားပေးခံရသည်။

သူလည်း မလှုပ်ပေ၊ထိုအစား အနက်ရောင်မျက်လုံးများဖြင့် အခန်းထဲတွင် အလုပ်ရှုပ်နေသော စုယွီကျိုးကို ကြည့်နေသည်။

ဤအခန်းသည် ရိုးရှင်းသော အပြင်အဆင်၊အိပ်ယာတစ်ခု၊ဆိုဖာတစ်ခုနှင့် ထမင်းစားပွဲတစ်ခုပါရှိသော တစ်ယောက်နေအခန်းငယ်ဖြစ်သည်။အလှဆင်ထားသည်မှာ ရိုးရိုးရှင်းရှင်းနှင့် ကြမ်းပြင်မှ မျက်နှာကျက်ထိဖြာကျနေသော ပြတင်းပေါက်မှနေရောင်ခြည်သည် အခန်းကို လင်းထိန်စေကာ အခန်းတွင်းရှိလူများကို ပိုမိုတောက်ပနေစေသည်။

ချိုမြိန်တဲ့Alphaလေးကိုဘယ်သူမကြိုက်တာလဲ??(ဘာသာပြန်)Where stories live. Discover now