အပိုင်း[၁]

712 63 1
                                    

"ပါး ကျွန်တော် အပြင်သွားတော့မယ်"

စုယွီကျိုး သည် ဝင်ပေါက်တွင်ထိုင်ကာ ဖိနပ်ကိုစီး၍ မတ်တပ်ရပ်ကာ အနောက်တွင်ရပ်နေသောလူအား ပြောလိုက်သည်။

ထိုယောက်ျားလေးသည် သေးသိမ် သိမ်မွေ့ပြီး ဣတ္ထိယအသွင်အပြင်ရှိသည်။

သူက မျက်မှောင်ကြုတ်ကာ အနည်းငယ် စိုးရိမ်သောကဖြင့် သူ့သားငယ်ကို ကြည့်ကာ

"အဖေ မင်းနဲ့လိုက်ဖို့ တကယ်မလိုဘူးလား"

စုယွီကျိုးပြောဖို့ပြင်နေချိန်မှာပင် ကြီးကျယ်ခမ်းနားသည့် အမျိုးသမီးအသံထွက်ပေါ်လာသည်။

"သူက ဆယ့်ရှစ်နှစ်ရှိပြီ၊သူကိုယ်တိုင် ဒီလိုမျိုး ကိုင်တွယ်သင့်တယ် အမြဲတမ်း သူ့ကို မနှောင့်ယှက်နဲ့"

ထိုအသံနဲ့အတူ အရပ်ရှည်တဲ့ အသွင်အပြင်က ဧည့်ခန်းထဲက ထွက်လာတယ်။ဒီဘဝက စုယွီကျိုး ရဲ့ အမေ စုလန် ပါ။

ပါးပါးမျက်မှောက်ကြုတ်နေသေးသည်။

"ရှောင်ကျိုး တစ်ခုခုဖြစ်သွားမှာငါကြောက်တယ် Alphaတွေရဲ့ပထမဆုံးRutကာလကအန္တရယ်များလွန်းတယ်"

"တစ်လခွဲတောင်လိုသေးတယ်မဟုတ်လား? ပြီးတော့ Alphaတစ်ယောက်ကဘယ်လိုအန္တရယ်ကျ‌နိုင်မှာမလို့လဲ "

စုလန်ကစိတ်မရှည်စွာပြောသည်။

"စိတ်မပူပါနဲ့ မင်းကိုယ့်ခန္ဓာကိုတောင်ကောင်းကောင်းဂရုမစိုက်ဘူး မင်းအတွက် ကော်ဖီစားပွဲပေါ်မှာဆေး‌တင်ပေးထားတယ် လာပါ သွားသောက်ရအောင်"

လင်ဇီဟာ မနေ့က အအေးမိပြီးမသက်သာသေးတဲ့အတွက် စုလန်ကသူ့ကိုအိမ်မှာပြုစုစောင့်ရှောက်ဖို့အလုပ်ကနေတစ်ရက်အနားယူခဲ့တယ်။

စုလန်ဟာ ပုံမှန်အားဖြင့်အလွန်ဖြောင့်မတ်တင်းကြပ်သော Alphaတစ်ယောက်ဖြစ်သော်လည်း အရေးကြီးသည့်အချိန်များတွင် သူမ၏လက်တွဲဖော်ကို အလွန်နူးညံ့စာနာတက်သေးသည်။

စုယွီကျိုးသည် သူ့မိဘစုံတွဲကိုကြည့်ရင်း ပခုံးတွန့်၍ သူ၏အထိခိုက်လွယ်ကာအကဲဆတ်သော အိုမီဂါဖခင်ကိုစိတ်ချလက်ချဖြစ်စေရန် ပြုံးပြလိုက်သည်၊သူ့အယ်ဖာမိခင်ရဲ့တင်းမာသောစကားများကြားလိုက်ရသည်နှင့် အိမ်မှထွက်လာစဉ် သူ့လက်ကိုဝှေ့ယမ်းပြလိုက်သည်။

ချိုမြိန်တဲ့Alphaလေးကိုဘယ်သူမကြိုက်တာလဲ??(ဘာသာပြန်)Where stories live. Discover now