~ 4 ~

225 31 1
                                    

~ 4 ~

" ရား...!! ပတ်ချန်းယောလ်!! "

" ပတ်ချန်းယောလ်!! မင်းရူးနေလား!! "

" ဒါမျိုးက စနောက်သင့်တဲ့ကိစ္စလား!! "

" မင်းဟိုမှာနေတာကြာပြီး အပြုအမူတွေအရမ်းရဲတင်းနေတယ်နော်!! "

" လူကိုတမင်သပ်သပ်စိတ်ဒုက္ခပေးနေတာလား!! "

" ချန်းယောလ်ရားးးငါ့ကိုစိတ်ညစ်အောင်မလုပ်စမ်းပါနဲ့!! "

အိပ်ခန်းထဲမှာ သူ့အသံဆိုးဆိုးကသာလွှမ်းခြုံလို့နေပြီးတစ်ဖက်လူကတော့ ဘာမှခွန်းတုံပြန်ပြောသံမကြားရပေ။တစ်ခါမှချစ်သူရည်းစားနဲ့စိတ်ဆိုးစိတ်ကောက်ခြင်းမရှိဖူးတာမို့ စိတ်ဆိုးကာဖုန်းချသွားတဲ့သူ့ရည်းစားကိုဘယ်လိုချော့ရမှန်း ဂယောင်ဆူးတစ်ယောက်မသိပေ။အဲ့ဒါအပြင်သူဆူနေသမျှ၊အော်နေသမျှကို အရမ်းကိုငြိမ်ခံနေတဲ့ ပတ်ချန်းယောလ်ပုံစံကသူ့ကိုပိုသွေးတိုးလာစေသည်။

" ရားးးပတ်ချန်းယောလ်!! "

"ငါမှားသွားပါတယ်၊ဂယောင်ဆူးရား..ဒါပေမယ့် မင်းလူကအရမ်းအတွေးတိမ်လွန်းနေတယ်မထင်ဘူးလား၊အကြောင်းကိစ္စကိုသေချာမမေးပဲစိတ်ဆိုးစိတ်ကောက်ပြီးဖုန်းချရအောင် သူကဆယ်ကျော်သက်လေးလား၊ပြီးတော့သူ့ Alpha ကိုသဝန်တိုနေတဲ့  Beta စိတ်ကအလိုရောဟုတ်လို့လား၊ကြည့်ရတာ မင်းလူကစိတ်ဓာတ်မပြည့်ဝတဲ့လူပဲသိလား..ဂယောင်ဆူး!၊ဒါမျိုးလူကိုဆက်မတွဲသင့်ဘူး ဖြတ်လိုက် ဂယောင်ဆူး! "

" ဟမ်!? "

ဘုရား၊ဘုရား။
သူ့အပြစ်ကနေ သူများအပြစ်ဖြစ်အောင်ပြောတတ်လွန်းတဲ့ ပတ်ချန်းယောလ်ကလူရောဟုတ်ရဲ့လား။ဒါနဲ့ ပတ်ချန်းယောလ်ပြောတာကလည်း ဟုတ်သလိုလိုရှိနေသလိုပဲ..ဟာ..ကျစ် ဂယောင်ဆူးရား..မင်းရူးနေပြီ၊ပတ်ချန်းယောလ်စကားကို မင်းမို့ယုံနေတယ်..ဟူး။

" ဟင့် သိပါတယ်၊ချစ်သူနဲ့သူငယ်ချင်းဆို၊သူငယ်ချင်းဆိုတဲ့ ဒီလူရဲ့စကားကမင်းအတွက် ဘယ်ဘောင်ဝင်မလဲ၊ဟင့်! ငါကဖြင့်သူငယ်ချင်းလေးက်ိုချစ်လွန်းလို့အတူတူလာအိပ်တာကိုး၊သူကတော့သူ့ရည်းစားစိတ်ဆိုးသွားတာနဲ့သူငယ်ချင်းကို သူ့ကုတင်ပေါ်ကနေကန်ချခံရတော့မယ့်အဖြစ်..ဟင့်! ပတ်ချန်းယောလ်ရား..မင်းဘဝသနားဖို့ကောင်းလိုက်တာများ ဟင့်! "

Omega က ဘယ်သူလဲ? မင်းလား ငါလား!? { Completed }Where stories live. Discover now