~ 8 ~
သူတို့အတူနှစ်ဖက်မိဘကိုဖွင့်ပြောခဲ့ကျတယ်။
ဖေဖေက သူ့ကိုဘာမှမပြောလာပေမယ့် သူကမျက်နှာအလွန်ပူမိသည်။သို့သော်သူ့ဘေးနားကလူကတော့စပ်ဖြဲဖြဲ၊ပြုံးစိစိနဲ့ သဘောအလွန်ကျနေကြောင်းပြသနေလေသည်။ပတ်ချန်းယောလ်က ယောက်ခမရဲ့သည်းသည်းလှုပ်အချစ်ခံရတဲ့ ကံဇာတာလည်းပါတယ်ထင်တယ်။ပတ်ချန်းယောလ်က တကယ့်အချစ်ခံလေး..။
ပတ်ချန်းယောလ်က သူ့ကိုတစ်ရက်မှာဖွင့်ဟဝန်ခံခဲ့သည်။သူက ကျွန်တော့်ကိုအဆုံးရှုံးမခံနိုင်လို့ကြံမိကြံရာလုပ်မိကြောင်း၊သူ့က်ိုနားလည်ပေးပါဟု မျက်ရည်စတွေနဲ့ထပ်ခါထပ်ခါတောင်းပန်ခဲ့သည်။ပတ်ချန်းယောလ်က သူ့ကိုမေးခဲ့သည်။
" ဂယောင်ဆူး..ငါ့ကိုတစ်နေ့တော့ချစ်လာနိုင်မယ်မလား..ဟင်.."
သူ..ထိုစကားကိုလက်ခံကြောင်းခေါင်းငြိမ့်မိခဲ့သည်။ပတ်ချန်းယောလ်ကိုချစ်လားဟု တစ်ယောက်ယောက်ကမေးလာခဲ့လျှင် သူအခုထိတော့မချစ်သေးပါကြောင်း ပြောမိဝန်ခံမိမည်ထင်တယ်။သူက ပတ်ချန်းယောလ်အပေါ်ချစ်မိတာထက် သံယောဇဥ်ကြိုးတွေက ပိုနက်နဲနေသည်။အဲ့ဒါကြောင့်မို့လည်း ဖြစ်သွားတဲ့ကိစ္စရပ်တွေမှာ နှစ်ဦးစလုံးအတူတူမှားယွင်းမိကြောင်း၊ကျူးလွန်မိကြောင်း နှစ်ဖက်မိဘများကိုသူပြောမိခဲ့သည်။
သူတို့အတူ ထိုလူကို..သူ့အရင်လူကို ကျေနပ်အောင်အထိ တောင်းပန်ခဲ့ကျသည်။ဒိုဂယောင်ဆူး မျက်နှာကိုရေတွေနဲ့ပက်ခံရပြီးစိုရွှဲသွားသည်အထိ၊ချန်းယောလ်မျက်နှာတစ်ဖက်ခြမ်းကိုအနည်းငယ်ယောင်သွားသည်အထိ အထိုးခံရပြီးတဲ့နောက် သူတို့စစ်ပြေငြိမ်းသွားခဲ့ကျသည်။အစကတည်းက အချစ်နဲ့တွဲခဲ့ခြင်းမဟုတ်ပေမယ့် တစ်ဖက်လူကိုအားနာသည့်အတွက် ပြေလည်သည်အထိ သူတို့အတူတောင်းပန်ခဲ့ကျခြင်းဖြစ်သည်။နှစ်ဦးနှစ်ဖက်ပြေလည်သွားပြီးနောက် အပြန်လမ်း ကားပေါ်မှာ ချန်းယောလ်ကသူ့ကိုချစ်စဖွယ်အမူအရာနဲ့စကားဆိုလာသည်။
" ဂယောင်ဆူး..နာ နာ.."
ပါးတစ်ဖက်ကိုထိုးပြလို့ သူ့စီကအနမ်းတွေတောင်းခံနေသည့် ချန်းယောလ်!
YOU ARE READING
Omega က ဘယ်သူလဲ? မင်းလား ငါလား!? { Completed }
Romanceသူ့ Alpha က အရမ်းချွဲလွန်းပြီး အငိုသန်လေးပါဆို!