~ 5 ~
ဂယောင်ဆူးတစ်ယောက်ဒီနေ့တော်တော်လေးပင်ပန်းသွားခဲ့သည်။စိတ်ရောကိုယ်ပါပင်ပန်းတဲ့နေ့တစ်နေ့ဖြစ်သည်။ပတ်ချန်းယောလ်ရဲ့အမျိုးမျိုးအဖုံဖုံ နွဲ့ဆိုး၊ဆိုးသွမ်းမှုများကို သူကဒီနေ့တော်တော်လေးလိုက်လျောပေးရသောနေ့ဖြစ်သည်။ဟိုးအရင်ကလေးဘဝကတည်းက ပတ်ချန်းယောလ်ရဲ့သူ့အပေါ်နွဲ့ဆိုးဆိုးမှု၊အနိုင်ကျင့်မှုများကိုသူက အမြဲအလိုလိုက်ပြီးထိုအပြုအမူများကိုလည်းသူကကျင့်သားရနေပြီးဖြစ်သည်။မေ့နေတဲ့မှတ်ဥာဏ်များကအခုမှလက်တွေ့ဘဝကိုခေါ်ဆောင်ခြင်းခံခဲ့ရသောနေ့တစ်နေ့ဖြစ်သည်။ပတ်ချန်းယောလ်တစ်ယောက် သူနဲ့အတူလိုက်အိပ်မယ်ဆိုပြီးပြောကတည်းက အိမ်တော်ကိုခေါ်သွားပြီး အတူတူအိပ်လို့အဆင်မပြေတာကိုသူသိသည်။မည်သူတစ်ဦးတစ်ယောက်ကမှ သူ Omega တစ်ယောက်ဆိုတာသေချာမသိပေမယ့် အိမ်ကမိသားစုတွေကတော့သေချာသိနေသည်လေ..။Omega တစ်ယောက်နှင့် မည်သည့် Beta သူငယ်ချင်းဖြစ်ဖြစ်အတူအိပ်ခိုင်းဖို့ခွင့်ပြုမှာမဟုတ်ပေ။အဲ့ဒီအတွက်ကြောင့်အိမ်တော်ကိုဝင်ပြီးဖေဖေ့ကိုပစ္စည်းဝင်ပေး၊အိမ်ကမိသားစုတွေနဲ့ပတ်ချန်းယောလ်တစ်ယောက်စကားအများကြီးပြောနေချိန် သူကရုံးအလုပ်တွေကိုထိုင်လုပ်နေခဲ့ပြီး၊ညနက်ပိုင်းမှ ပတ်ချန်းယောလ်ကို အိမ်ပြန်လိုက်ပို့ပေးပြီး သူကတော့သူ့အတွက်သီးသန့်အိမ်ယာဝန်းကအိမ်မှာပဲ ဒီညအိပ်ဖြစ်တော့မည်ဖြစ်ကြောင်း မိသားစုကိုအသိပေးပြီးအတူထွက်လာခြင်းဖြစ်သည်။တကယ်ဆို ဧည့်သည်အခန်းမှာ သူကဖြစ်ဖြစ်၊ပတ်ချန်းယောလ်ကဖြစ်ဖြစ်တစ်ယောက်ယောက်က သွားအိပ်လို့ရရဲ့သားနဲ့ သူကိုယ်တိုင်ကကို ဘာလို့အိပ်ဖို့မကြိုးစားခဲ့တာလဲဆိုတာ သူသေချာမသိပေ။အိပ်ခါနီးမှာလည်းပတ်ချန်းယောလ်နဲ့စကားကတောက်ကစဖြစ်ရခြင်းကြောင့် သူပိုမော၊ပိုပင်ပန်းရပြီး သိပ်မကြာမီအချိန်အတွင်းမှာပင် သူကနှစ်ခြိုက်စွာအိပ်ပျော်သွားနိုင်ခြင်းဖြစ်သည်။
သူအိပ်မက်တစ်ခုမက်နေခဲ့သည်။ထိုအိမ်မက်ထဲမှာ သူ့ကိုကျားကြီးတစ်ကောင်ကလိုက်ဖမ်းနေခြင်းဖြစ်တယ်။သူကပြေး၊အနောက်က ထိုကျားကြီးကလိုက်နဲ့အိမ်မက်ထဲမှာပင်သူကအရမ်းပင်ပန်းနေပြီးဖြစ်သည်။သိပ်မကြာမီ သူကထိုကျားကြီးရဲ့ခုန်အုပ်ခြင်းကိုခံခဲ့ရတယ်။တစ်ခါ ထိုကျားကြီးကသူ့ကိုအုပ်မိုးထားပြီး စူးစူးရဲရဲစိုက်ကြည့်နေတာကိုလည်းခံနေရပြန်တယ်။တစ်ဖန်ထိုကျားကြီးကသူ့မျက်နှာအနားကို တဖြေးဖြေးတိုးကပ်လာပြန်တယ်။ထိုကျားကြီးရဲ့လျှာနီနီရဲရဲကြီးကြီးက သူ့မျက်နှာအနားကိုရောက်လာပြန်တယ်။သူအသက်ရှုလို့မရတော့ပေ။ထိုအခိုက်ကျားကြီးရဲ့လျှာနီနီရဲရဲကြီးကြီးက သူ့မျက်နှာနေရာအနှံ့က်ို အားရပါးရထိုင်ယက်နေပြန်တယ်။
YOU ARE READING
Omega က ဘယ်သူလဲ? မင်းလား ငါလား!? { Completed }
Romanceသူ့ Alpha က အရမ်းချွဲလွန်းပြီး အငိုသန်လေးပါဆို!