~ 1 ~ABO ဆိုတာ သွေးအမျိုးအစားကိုပြောတာမဟုတ်ပါဘူး။ A ဆိုတာ Alpha ၊ B ဆိုတာ Beta ၊O ဆိုတာ omega ဆိုတဲ့ အမျိုးအစားတွေကိုရည်ညွှန်းတာပါ။
ABO world မှာ Beta က လူဦးရေအများဆုံးဖြစ်ပါတယ်။ဒုတိယက Alpha တွေဖြစ်ပြီး၊လူဦးရေအနည်းဆုံးကတော့ Omega တွေပဲဖြစ်ပါတယ်။Omega တွေထဲမှာ အရှားပါးဆုံးကတော့ အမျိုးသား Omega တွေပဲဖြစ်ပါတယ်။အမျိုးသား Omega တွေဟာ ABO world မှာ ကိုယ်ဝန်ဆောင်နိုင်ပါတယ်။
ABO world မှာ Alpha တွေဟာသုတ်လွှတ်အားအကောင်းဆုံးဖြစ်တယ်။Beta တွေဟာပုံမှန်အနေအထားရှိပြီး၊Omega တွေကတော့ သုတ်လွှတ်အားအနည်းဆုံးဖြစ်ပါတယ်၊Male Omega တွေမှာသားအိမ်ပါတဲ့အတွက်ကိုယ်ဝန်ဆောင်နိုင်ချေက အမြင့်ဆုံးနဲ့အမြန်ဆုံးဖြစ်ပါတယ်။
ABO world မှာ ပုံမှန် Alpha တွေထပ် Dominant Alpha တွေက သူ့တွဲဖက်အပေါ်ပိုင်ဆိုင်လွန်စိတ်အလွန်အကျူးရှိပြီး အတ္တကြီးပြီးအချစ်ပိုကျသူများဖြစ်တယ်၊အလွန်အကျူးချစ်တတ်ပြီး၊သူတို့ပိုင်တဲ့အရာတွေကိုအမြဲတစေချုပ်ကိုင်နိုင်စွမ်းရှိပြီးအစွန်းရောက်စိတ်တွေကလည်း အမြဲဖြစ်နေတတ်တယ်။Beta တွေကတော့ပုံမှန်သဘောတရားသာရှိသူများဖြစ်တယ်။Omega တွေကတော့ အားအနည်းဆုံးဖြစ်ကျပြီး၊သိမ်မွေ့တယ်၊နူးညံ့တယ်၊သူတို့Alpha တွေအပေါ် အပြည့်အဝယုံကြည်ထားကျပြီး သစ္စာရှိသောအမျိုးအစားဖြစ်ပြီး၊တစ်ဖန် မျိုးဆက်ပွားဖို့အတွက်အားစိုက်ရသောသူများသာဖြစ်တယ်။Alpha နဲ့ Omega တွေမှာ Pheromone Scent တွေအမျိုးမျိုးရှိကျတယ်။Alpha အချင်းချင်းမှာလည်း Pheromone တွေနဲ့ယှဥ်ပြိုင်မှုတွေရှိတယ်။Pheromone Scent တွေမှတစ်ဆင့်ဆန့်ကျင်ဘက်လိင်ကိုဆွဲဆောင်စေတယ်။Beta တွေမှာ Pheromone Scent မရှိတဲ့အတွက် တစ်ခြားလိင်ကိုဆွဲဆောင်လို့မရဘူး။
ABO မှာ Heat Period / Rut Cycle ( လိင်စိတ်တက်အကြွဆုံးကာလ)ဆိုပြီးရှိတယ်။Omega တွေက တစ်လတစ်ခါ ထိုအချိန်တွေကိုခက်ခဲစွာဖြတ်သန်းရတယ်။ထိုအချိန်တွေမှာ Alpha နဲ့ Omega အတူတူနေပြီ ချည်နှောင်လိုက်ရင် Omega တွေဟာ ကလေးအမြန်ရစေတဲ့ကာလဖြစ်တယ်။
Alpha ထုတ်လွှတ်တဲ့ Scent ကြောင့်လည်း Omega တွေဟာ Rut ဖြစ်သွားတဲ့အခါလည်းရှိတယ်။Omega တွေ Rut ဝင်ရင် ထိန်းချုပ်ဖို့နည်းလမ်း၂ခုရှိတယ်။တစ်ခုက Pheromone ဆေးထိုးတာနဲ့ နောက်တစ်ခုက မိမိ Alpha နဲ့အတူဖြတ်သန်းပြီး Marking ပြုလုပ်တာပဲဖြစ်တယ်။
Marking ပေးတာမှာလည်း ၂မျိုးရှိပါတယ်။
ယာယီအမှတ်အသားပေးတာနဲ့သူ့အပိုင်အဖြစ်တစ်ဘဝစာအမှတ်အသားပေးတာဖြစ်တယ်။Alpha နဲ့ Omega အတူဖြတ်သန်းနေစဥ် Alpha က Omega ရဲ့လည်ပင်းနဲ့ပခုံးကြားမှာရှိတဲ့ Scent Gland ရှိတဲ့နေရာကို သွေးထွက်လာအောင်ကိုက်ပေးတာမျိုးဖြစ်တယ်။ယာယီအမှတ်အသားပေးရင်သာမန်ကိုက်ခဲထားပေးခြင်းနှင့်အဆင်ပြေပြီး၊တစ်သက်စာအမှတ်အသားပေးတဲ့အခါဆို ထိုနေရာမှသွေးများစွာစီးကျလာသည်အထိကိုက်ခဲထားပြီးအမှတ်အသားပေးခြင်းဖြစ်သည်။ပြောရရင် Alpha က သူ့ Omega ထဲကို သူ့ Pheromone Scent တွေကိုထိုးသွင်းပေးလိုက်တာဖြစ်တယ်။အဲ့ဒီလိုဆို Heat ဝင်နေတဲ့ Omega လည်း သူ့ Alpha ရဲ့ Scent ကြောင့်သက်သာသွားမှာဖြစ်တယ်။
Alpha နဲ့ Omega က တစ်သက်သာပေါင်းစည်းလိုက်ပြီဆိုရင် သူတို့ရဲ့ Scent ကို သူတို့ကိုယ်ပိုင် Alpha နဲ့ Omega ကသာရရှိတော့မှာဖြစ်ပြီးတစ်ခြားမည်သည့် Scent မျိုးကမှ သူတို့ကိုဆွဲဆောင်လို့မရတော့တာဖြစ်တယ်။Heat ဝင်နေချိန် ခဏတာအမှတ်အသားပဲပေးပေး၊တစ်ဘဝစာအမှတ်အသားပဲပေးပေး ထိုအချိန်တွေမှာ Omega တွေက ကိုယ်ဝန်ဆောင်နိုင်ချေအများဆုံးဖြစ်တာမို့ ကိုယ်ဝန်တာဆေးကို ၂၄နာရီအတွင်းအချိန်မှီသောက်ဖို့လိုအပ်ပါတယ်..။............................................
ဟူး....။
မကြာခဏဖတ်နေကျ ABO World စာအုပ်ကိုသူပိတ်ချလိုက်မိတယ်။ဒီနေရာရောက်ရင် သူဆက်ဖတ်ဖို့အားမရှိတော့သလိုခံစားရစေတယ်။
သူ လေပူတွေကိုမှုတ်ထုတ်လိုက်တယ်။
ရင်ဘတ်ထဲက တင်းကြပ်မှုတွေကနည်းနည်းမှ လျော့သွားခြင်းမရှိခဲ့။အသက်၁၈နှစ်ပြည့်သည်နှင့်သူတို့ကဆေးစစ်ရတယ်။ABO world မှာ Alpha ကအများဆုံးထိန်းချုပ်နေတာမို့ သူ Alpha တစ်ယောက်ဖြစ်ချင်ခဲ့တယ်။သူ့အိမ်မက်က Alpha တစ်ယောက်ဖြစ်မယ်၊သူ့ Omega နဲ့သူ တစ်ဘဝစာသစ္စာရှိရှိနဲ့အများကြီးပျော်နေဖို့မျှော်လင့်ခဲ့တယ်။သို့ပေမယ့် ဘုရားသခင်ကသူ့ကိုမျက်နှာသာမပေးခဲ့ပါဘူး..။သူ Alpha မဖြစ်ခဲ့ဘူး။
သူက Omega တစ်ယောက်..။
တစ်ဖန် ရှားပါးလွန်းတဲ့ Dominant Omega တစ်ယောက်..။
သူ..အဖြေစာရွက်ကိုကြည့်လို့ အားရပါး ရထိုင်ငိုခဲ့ဖူးတယ်။မေမေကလည်း သူ့ကိုကြည့်ပြီးငိုနေခဲ့တယ်၊မမလည်း သူ့ကိုဖက်ပြီးငိုခဲ့တယ်။
ဖေဖေ့မျက်နှာကိုတော့ သူ..မကြည့်ရဲခဲ့ပေ။ဒါပေမယ့် သူတို့ထိုကိစ္စကိုလိမ်ခဲ့တယ်။
ဒိုဂယောင်ဆူးက Dominant Omega ကနေသာမန် Alpha တစ်ယောက်ဆိုပြီး..အရာရာကိုစနစ်တကျလိမ်ခဲ့ကျတယ်..။
ဖေဖေက ကိစ္စတွေကိုဦးဆောင်ဖြေရှင်းတယ်၊သူကအနောက်ကနေခက်ခက်ခဲခဲလိုက်တယ်၊မေမေနဲ့မမကတော့ဘေးကနေ ရင်တမမနဲ့ဖြစ်နေခဲ့တာပေါ့လေ..။အခုဆိုရင် သူ့အသက် ၂၇နှစ်ရှိပြီ။
အရာရာဟာအဆင်ပြေဆဲနေပါပဲ..။
ဖေဖေ့အလုပ်တွေကို သူဦးစီးဦးဆောင်နေခဲ့ပြီ။
မမကိုလည်း မကြာခင်ထိပ်တန်း Alpha တစ်ယောက်နဲ့လက်ထပ်ပေးတော့မှာမို့ သူတို့မိသားစုဟာ ပျော်ရွှင်မှုအတိနေခဲ့တယ်..။ဒါပေမယ့်လည်း ကံတရားက
ကျွန်တော်ဒိုဂယောင်ဆူးအပေါ်မျက်နှာသာရေရှည်မပေးခဲ့ပါဘူး..။
YOU ARE READING
Omega က ဘယ်သူလဲ? မင်းလား ငါလား!? { Completed }
Romanceသူ့ Alpha က အရမ်းချွဲလွန်းပြီး အငိုသန်လေးပါဆို!