~ 2 ~သူက ထိပ်တန်း Alpha တစ်ယောက်နဲ့ပေါင်းစည်းနိုင်ဖို့ကို စိတ်မဝင်စားခဲ့ဘူး။သူက သာမန် Beta တစ်ယောက်နဲ့ပေါင်းစည်းဖို့သာ ပိုအားသန်သည်။
တစ်လတစ်ခါ သူပုံမှန် Heat ဝင်တဲ့ ၅ရက်မှာအိမ်ကိုမပြန်ခဲ့ဘူး။ အိမ်ရဲ့အဝေးမှာ..သူဖန်တီးထားတဲ့ သူ့အိမ်ငယ်လေးမှာပဲ စနစ်တကျဖြတ်သန်းခဲ့သည်။
မမလက်ထက်ပွဲပြီး နောက်တစ်နှစ်ကျော်၊နှစ်နှစ်အတွင်းမှာပဲ သူ Beta တစ်ယောက်နဲ့လက်ထပ်ဖို့ရည်ရွယ်ထားသည်။သူ့စံနှုန်းတွေနဲ့ ရွေးချယ်ထားတဲ့သူ့ Beta က သိမ်မွေ့သည်၊သာမန်ဆန်တဲ့ရုပ်ရည်ရှိပြီး သူ့အပေါ်ကိုလည်းသာမန်လွှမ်းမိုးချင်စိတ်သာရှိသည်။ရုပ်ရည်နှင့်နောက်ခံကအစ သူ့စိတ်တိုင်းကျဖြစ်ပြီး ဖေဖေတို့ကလည်း သဘောတူထားသည်။အဓိကကတော့ သူ့အပေါ်ချုပ်ကိုင်လိုစိတ်မရှိပဲ၊အရာရာကို သူ့သဘောသူ့ဆန္ဒသာဖြစ်သည့်လူမျိုးကိုသာရွေးချယ်ထားခဲ့သည်။ပြီးတော့ ထိုလူက သူ့ကိုချစ်သည်၊ပုံမှန်သာမန် သူ့အပေါ်ချစ်တာမျိုးမဟုတ်ပဲ သူ့ကိုအလိုလိုက်ပြီး၊အနွံတာခံပြီးကိုပိုချစ်သည်။ဆိုတော့ ကိုယ်မချစ်လည်းဘာအရေးလဲ..ကိုယ်ချစ်ကိုမရွေး သူချစ်ကိုသာရွေးဆိုတဲ့အတိုင်း သူတို့အတွဲရဲ့ချစ်ပုံချစ်နည်းက သာမန်ဆန်ဆန်နဲ့ တစ်ပတ်တစ်ခါဒိတ်ဖြစ်ကျသည်။သူတို့အတွဲကို လူတွေကသိပ်မနားလည်ခဲ့ကျချေ။သူတို့အမြင်မှာ ကိုယ်က Alpha တစ်ယောက်ဆိုတော့ Omega နဲ့မတွဲပဲ၊Beta တစ်ယောက်နဲ့တွဲခဲ့ခြင်းအပေါ်ပတ်ဝန်းကျင်ကသို့လောသို့လောပြောနေသံအချို့ကိုသူကြားဖြစ်သည်။သို့ပေမယ့်သူဂရုစိုက်ခြင်းမရှိ။တစ်ချိန်မင်္ဂလာဆောင်မည့်အချိန်မှာတော့ သူက Omega တစ်ယောက်ဆိုတာချပြဖို့သူတွေးထားပြီးဖြစ်သည်။ထိုလူနဲ့တွဲလာတဲ့ တစ်နှစ်အတွင်းမှာလည်း သူစိတ်ရှုပ်ရခြင်းတစ်ခါမျှမရှိခဲ့ဖူးပေ။ထို့အတွက် သူ့ရွေးချယ်မှုကို သူဂုဏ်ယူသည်၊ကျေနပ်သည်။တစ်ဖန် ကိုယ့်ရုပ်ရည်ကိုကိုယ်ပြန်သုံးသပ်ပြရရင် Omega တစ်ယောက်လိုမျိုး နူးညံသိမ်မွေ့ခြင်းသိပ်မရှိ၊ပုံမှန်လူတစ်ယောက်လိုသာနေသည်။သို့ပေမယ့် Dominant Omega တစ်ယောက်ဖြစ်တဲ့အတွက် သူ့ Scent က တစ်ဖက်သားကိုအလွန်အကျွံဆွဲဆောင်နိုင်ပြီး၊သူ့ရဲ့သာမန်ရုပ်ရည်ကလည်း တစ်ဖက်လူအပေါ်များစွာဆွဲဆောင်မှုဖြစ်စေခဲ့သည်။ထို့အတွက်ကြောင့် သူအပြင်ကိုသွားရင် Gland ကို Scent မထွက်လာအောင် တစ်ခါသုံးတိပ်ကပ်ခွာများကပ်ထားလေ့ရှိသည်။တစ်ဖန်သူ့ရုပ်ရည်ကိုလည်း လူအများကြီးသတိမထားမိအောင်၊ကာကွယ်ပြီးသားဖြစ်အောင် Mask တပ်ထားပြီးဖုံးကွယ်လေ့ရှိသည်။ထိုအခါ သူ့ကိုသာမန်ဖြတ်သွားဖြတ်လာလူအချို့က သာမန် Beta တစ်ယောက်ဟုသာထင်မှတ်ခဲ့ကျတာမျိုးဖြစ်သည်။
Ring..!
" ဟုတ် ဖေဖေ "
" ဟုတ်၊ခဏနေ သားရုံးဆင်းတော့မှာ.."
"ဟုတ်၊သား သူနဲ့ဒီနေ့တွေ့ဖြစ်မှာမဟုတ်ဘူးဖေဖေ"
" အခုတလောဒိတ်ဖြစ်ဖို့အစီအစဥ်မရှိသေးပါဘူးဖေဖေ "
" ဖေဖေ..ဘာရှိလို့လဲ? "
" အာ..ဟုတ်ဖေဖေ၊ဖေဖေ့သူငယ်ချင်းအိမ်ကိုလား? "
" လက်ဆောင်လား? သားဝင်ယူခဲ့ပေးလို့ရတယ်လေ ဖေဖေ "
" ဟုတ်၊အပန်းမကြီးပါဘူး ဖေဖေ "
" ဟုတ်ဖေဖေ ဒါပဲနော်၊အိမ်ကျမှတွေ့မယ် "
ဖေဖေ့သူငယ်ချင်းမိသားစုက ကနေဒါကိုပြောင်းရွှေ့သွားကျတာဆယ်စုနှစ်မျှရှိပြီဖြစ်သည်။ယခုဖေဖေ့သူငယ်ချင်းသားပြန်ရောက်လာခြင်းဖြစ်မည်။ဖေဖေ့အတွက် ဖေ့ဖေ့သူငယ်ချင်းကသူ့သားနှင့်အတူလက်ဆောင်ပါးလိုက်ခြင်းဖြစ်သည်။ထိုပစ္စည်းကိုသူကအပြန်လမ်းကြုံဝင်ယူပေးရမည်ဖြစ်သည်။
အာ..ဖေဖေ့သူငယ်ချင်းဆိုတော့
သူနဲ့မသိဘူးထင်နေအုန်းမည်။
ထိုဦးလေးသားကလည်း သူ၏ငယ်ငယ်တုန်းက ကစားဖော်ကစားဖက်သူငယ်ချင်းတစ်ယောက်ဖြစ်သည်။သူတို့အတူဆေးရုံကိုအသက်၁၈နှစ်အရွယ် ABO သိဖို့ဆေးစစ်မည့်နေ့မှာပဲ ထိုမိသားစုကအရေးပေါ် ကနေဒါကိုပြောင်းရွှေ့သွားကျခြင်းဖြစ်သည်။ထိုသူငယ်ချင်းရဲ့ ၁၈နှစ်အရွယ်ပုံရိပ်ကိုမြင်ယောင်မိပြီး သူတွေးမိတယ်။ပတ်ချန်းယောလ်..
မင်းကရော Beta ဒါမှမဟုတ် Omega များဖြစ်နေလေမလား..။
YOU ARE READING
Omega က ဘယ်သူလဲ? မင်းလား ငါလား!? { Completed }
Storie d'amoreသူ့ Alpha က အရမ်းချွဲလွန်းပြီး အငိုသန်လေးပါဆို!