~ 9 ~

259 25 1
                                    

သူ့ Alpha ကောင်က အရမ်းဆိုးလွန်းတယ်!
သူ့ကို အနိုင်ကျင့်လွန်းတယ်!
သူ့ကို မရပ်မနားငိုခိုင်းလွန်းတယ်!
သူ့ကိုထပ်ခါထပ်ခါစိတ်ပါအောင်လုပ်နိုင်လွန်းတယ်!သူ့ကို အရမ်းမြူဆွယ်လွန်းအားကြီးတယ်လို့လေ..!

~ Final ~

ဒိုဂယောင်ဆူး ရုံးသွားရင်အမြဲလိုက်ပို့ပေးနေကျဖြစ်တဲ့ Alpha က နည်းနည်းများ ထူးဆန်းနေသလိုပဲတဲ့!!

ကားပါကင်မှာ..ဒိုဂယောင်ဆူးတစ်ယောက်ကားပေါ်ကနေဆင်းကာနီး အနမ်းဖွဖွပေးလိုက်ရင် နားရွက်တွေနီရဲသွားသည်အထိရှက်ပြီးခေါင်းငုံ့ပြီး ပြုံးရယ်နေတဲ့ သူက Omega လား?

အနမ်းပေးပြီး ခပ်တည်တည်နဲ့ကားပေါ်ကနေ ဆင်းသွားတဲ့သူက Alpha လားတဲ့!?

ရုံးက group chat ထဲမှာ ထိုအကြောင်းကိုအမြဲတီးတိုးပြောဆိုနေကျတယ်..။

ဒိုဂယောင်ဆူးက အရမ်းအလုပ်များတယ်..။
လူအများနဲ့ ဆက်ဆံရပြီးအလုပ်လုပ်ရတယ်။
ဒိုဂယောင်ဆူးကိုယ်ပေါ်က တစ်ခြား Alpha အနံ့အသက်များရလာခဲ့ရင် မီးကုန်ယမ်းကုန်စိတ်တိုပြီးပြသာနာရှာမယ်၊ပြီးရင် ငိုပြမယ်။နောက်ဆုံးအနမ်းတွေပေးပြီး မတိတ်မချင်း ချော့မြူနေရတဲ့သူက ဒိုဂယောင်ဆူးသာဖြစ်တယ်..။

" ဂယောင်ဆူးရား...ချစ်လိုက်တာ! "

" ငါလည်းမင်းကို ချစ်လာပြီထင်တယ် ချန်းယောလ်.."

ချစ်လားလို့ အမြဲမေးနေတတ်ပြီး
ချစ်မိနေပြီလို့ ပြန်ဖြေလိုက်တိုင်း ငိုနေတတ်သူတစ်ဦးရှိသည်..။

ထိုသူက သူ့ Alpha ပတ်ချန်းယောလ်ပါလေ..။

ပျော်ရင်လည်း ငို..
ဝမ်းနည်းလည်း ငို..
စိတ်တိုလည်း ငို..
သဝန်တိုလည်း ငို..
ရန်ဖြစ်လည်း ငို..
ဘာနေနေ ငို..။

အဲ့ဒါက သူ့ရဲ့အစစ်အမှန်  Alpha Park ChanYeol သာဖြစ်သည်..။

ယောကျ်ားပီသကြောင်းပြသတဲ့အချိန်တစ်ချိန်တော့ရှိသည်။သူတို့ချစ်ရည်လူးတဲ့အချိန်တွေဆိုရင်တော့ ငိုယိုပြီးတားရတဲ့သူက ဂယောင်ဆူးသာဖြစ်တယ်..။

အတိတ်မှာ သူ တစ်စုံတစ်ယောက်က်ိုချစ်ခဲ့ဖူးလားသေချာမသိဘူးဆိုပေမယ့် သူချစ်ခဲ့ဖူးရင်တောင် ချန်းယောလ်လောက် မည်သူ့အပေါ်မှာမှ ငဲ့ညာစ်ိတ်၊အလိုလိုက်ချင်စိတ်၊သံယောဇဥ်မရှိခဲ့ဖူးဘူး။

အချစ်ဦးလား..အချစ်ဆုံးလားသေချာမသိပေမယ့် လက်ရှိမှာ မင်းကိုပဲ ချစ်တယ်..မင်းအကြောင်းကိုပဲတွေးမယ်..ချန်းယောလ်။စိတ်ကုန်သွားမှာကိုလည်းစိတ်မပူနဲ့ အသစ်တွေ့သွားမှာကိုလည်း စိတ်မပူနဲ့၊မတွေးနဲ့။ငါ့စိတ်ထဲမှာလည်း မင်းတစ်ယောက်ပဲဆန့်တယ်။ငါ့ရင်ထဲမှာ မင်းကနေရာအပြည့်ယူထားတယ်။ငါ့က်ိုလည်း မင်းပိုင်တယ်။ငါ့အချစ်တွေအားလုံးကိုလည်း မင်းကိုပဲပေးမယ်..။

ချစ်တယ်..ချန်းယောလ်..။

အဲ့ဒီလိုစကားတွေနဲ့ သူကသူ့စိတ်ကိုဝန်ခံပြီးပြောပြန်ရင်လည်း သူ့ Alpha လေးကငိုပြန်တယ်..။

Alpha Park Chanyeol က အငိုသန်လေးဖြစ်တယ်..။
ဒါပေမယ့် သူက သိပ်ချစ်ဖို့ကောင်းတယ်..။

တစ်ရက်ပြီးတစ်ရက် အချစ်တွေတိုးလာတဲ့သူက ဒိုဂယောင်ဆူးဖြစ်တယ်။ကလေးလေးတွေမွေးပေးဖို့ ပူဆာနေတဲ့သူကိုကြည့်လို့ ဂယောင်ဆူးကတွေးမိပြန်တယ်။ကလေးနဲ့အတူရန်ဖြစ်နေမလား..ဒါမှမဟုတ် ကလေးနဲ့အပြိုင်ငိုနေမလား..ဘာပဲနေနေပျော်ဖို့ကောင်းမှာတော့ သေချာတယ်။

ဒါပေမယ့် တစ်ဖက်လူက..
ပတ်ချန်းယောလ်ဖြစ်နေဖို့လိုတယ်..။

You've reached the end of published parts.

⏰ Last updated: Feb 11 ⏰

Add this story to your Library to get notified about new parts!

Omega က ဘယ်သူလဲ? မင်းလား ငါလား!? { Completed }Where stories live. Discover now