1🌷

520 24 0
                                    

Uni

"နီရှိမူရာရီခီ!!"

ဧည့်ခန်းထဲတွင် မာမီအသံက ဟိန်းထွက်လာတယ် တစ်ခါမှ မအော် မပြောဖူးတာ‌ေြကာင့် စိတ်တိုင်းတော့မကျ အမြဲ သူ့အလိုကို လိုက်ပေးသည် လွတ်လပ်စွာ နေထိုင်ခွင့်ပေးသည် ထို့‌ေြကာင့် ချစ်ရပါသည် ဒါပေမဲ့ ဒီတစ်ခါမာမီစကားကိုတော့ သူလက်မခံနိုင်ပါ

"Nikiမင်း ကိုမာမီတို့အကုန်အလိုလိုက်ခဲ့တာဘဲလေ မင်းဖြစ်ချင်တာအကုန် မတားဘဲ လိုက်လျှောပေးခဲ့တယ် ဒါပေမဲ့ မေမေ အခုပြောတဲ့ စကားကိုသေချာ နားထောင်စေချင်တယ်လေ "

"မာမီပြောတဲ့စကားက ဟုတ်မှ မဟုတ်တာ မာမီဘဲ ပြန်စဉ်းစားကြည့်လေ"

"မင်းကိုမာမီ ဘာမှမချုပ်ချယ်ခဲ့ဘူး အခု မာမီပြောတာကိုလက်ခံပေးစေချင်တယ် ဒီတစ်ခါဘဲ အကယ်၍မင်းလက်မခံရင် မင်ရဲ့ ဘဏ်ကဒ်တွေအကုန်ပိတ်ပစ်မယ်"

နီခီစိတ်တိုတိုနဲ့ အခန်းထဲဝင်ကာ ပေါက်ကွဲပစ်မိသည် အခန်းထဲက ပစ္စည်းတွေအား ပစ်ပေါက်နေမိသည် ဒါဟာမာမီ သက်သက်လုပ်တာ သူတို့ ကိစ္စထဲ မှာနီခီကို တမင်သက်သက် ထည့်နေတာ

အခုမှအသက်က ငယ်ငယ်လေးဘဲရှိနေသေးတာကို လပ်ထက်ရမယ်တဲ့ စဉ်းစားကြည့်လေ သူက လွတ်လပ်စွာနေချင်တာ အခုလို လက်ထက်ရင်သူ လွတ်လပ်မှာမဟုတ်တော့ ပြီးတော့ တစ်ခါမှတောင်မမြင်ဖူး မသိဖူးတဲ့သူနဲ့လက်ထက်ရမှာလေ  ဒါက သူ့အတွက် ခက်ခဲလွန်းတယ် စိတ်ပေါက်စွာဖြင့် ဆိုင်ကယ်သော့ကို ဆွဲကာ "bar" သွားသည်

Barရောက် တော့ ဆောင်းဟွန်းနဲ့ ဂျယ်ယွန်းနဲ့က အရင်ရောက်နေတယ် နီခီ ကိုလဲမြင်ရော လက်ပြတယ် နီခီလဲ သူတို့ဆီသွားလိုက်တယ်
့ထိုင်ခံပေါ်ထိုင်လိုက်ပီဆိုတာနဲ့ စိတ်တိုပြီး ခံပြင်းတဲ့စိတ်များ‌ေြကာင့် အရှေ့က ချထားသည့် အပြင်းစားအရက်များကို သောက်နေမိသည်

"နီခီ ဘာတွေ ဒေါသထွက်နေတာလဲ"

ဆောင်းဟွန်းမှမေးလာသည် ဂျယ်ယွန်းကတော့ နီခီလက်ထဲက ခွက်ကို ဆွဲလုလိုက်တယ်

"ငါ့မာမီက ငါ့ကို လက်ထက်ပေးမလို့တဲ့ ငါက အခုမှငယ်ငယ်လေးဘဲရှိသေးတာကိုကွာ လွတ်လွတ်လပ်လပ်နေသင့်တဲ့ အရွယ်"

ထိမ်းမြှားလက်ထက်ပွဲWhere stories live. Discover now