uni
"ဟာနာ"
"ကိုကိုက ဟာနာရောက်နေတာတောင်လာမကြိုဘူးနော် ဒီအိမ်တောင်မာမီပြောမှသိတာ"
"ဘာလို့ လိုက်လာတာလဲ"
ဂျေးက ပုံမှန်ထပ်မျက်နှာထားများတည်ကာ မေးလိုက်တယ်
"ဒီမှာတစ်လလောက်ကိုကိုနဲ့အတူနေမလို့"
ထိုကောင်မလေးရဲ့စကားကြောင့် ဂျောင်ဝန်းဒေါသ ထွက်လာကာ လက်သီးစုပ်ထားတယ်
*သူများကောင်လေးကို ကိုကို လို့လဲခေါ်သေး အခု ငါ့ကောင်လေးနဲ့တောင် တူတူနေမယ်တဲ့ ဟက် တွေ့ကြသေးတာပေါ့ နင့်ဘာသာ ဟာနာ မကလို့ နာနာ ဖြစ်ဖြစ် ငါနဲ့တွေ့မယ်"
"မရဘူး ငါ့မှာအခု ချစ်သူရှိတယ် ပြီးတော့မင်းက မိန်းကလေးပိုဆင်ခြင်သင့်တယ်ထင်တယ်"
"ဟော ကိုကိုကလဲ ဒါတွေပြောစရာလိုလို့လား အရင်ကဆို အတူနေ အတူစား အတူအိပ် "
"တော်တော့!!"
ဂျောင်ဝန်း သည်းမခံနိုင်စွာ ထအော်လိုက်တယ် ဂျောင်ဝန်းအော်တော့ ဂျေးပါလန့်သွားတယ် သူ့အသေးလေးက တကယ်အဆိုးလေး
"ဒီမှာ မင်းဘာသာမင်း အရင်က ငါ့ကိုကိုနဲ့ ဘယ်လိုဘဲ နေနေ ဘယ်လိုဘဲစားစား အဲ့တာ ဘိုးတောင်ဘုရားနို့စို့တဲ့အရွယ်ကဟာတွေ အခုက ငါက သူ့လက်ရှိချစ်သူ အဲ့တာ မင်းမဆင်ခြင်ရင် မင်းဟာ စောက်ရှက်မရှိလို့ဘဲ"
"နင် နင်"
ဟာနာမှာ တော်တော်စိတ်တိုသွားရသည်
~~~~~~~~~
ဂျယ်ယွန်းမနက်အိပ်ယာထချိန်မှစ၍ ပူလောင်နေရသည်မှာအမှန်ပင် သူဆောင်းဟွန်းကို နားလည်ပါတယ် ဒါပေမဲ့ ဒီ ကိစ္စမှာ သူမှားတယ်လို့ တော့ မထင်မိပါ
တကယ်တွေးကြည့်တော့လဲ ဆောင်းဟွန်းက
ကလေးဆန်လိုက်တာ မထင်လိုက်ရဘူး
အရင်ကဆို တကယ်ခပ်မိုက်မိုက်ကောင်လေး မနေ့ညက သူ့ပုံစံအမှန်လားဘယ်ဟာက တကယ်သူရဲ့ပုံစံအမှန်ပါလဲ တကယ် စဉ်းစားရခတ်တဲ့သူဘဲ မထင်ရဘူး
ဒါပေမဲ့ သူအမှန်အတိုင်းပြောရရင် သူ ဆောင်းဟွန်းကိုချစ်ပါသည် ဆောင်းဟွန်းကသူ့ကိုအရမ်းဂရုစိုက်တယ် သူ့အပေါ်အရမ်းကောင်းပါတယ်
YOU ARE READING
ထိမ်းမြှားလက်ထက်ပွဲ