7🌷

197 21 2
                                    

Uni

ဆောင်းဟွန်းထလိုက်ပေမဲ့ခါးအောက်ပိုင်းရဲ့နာကျင်မှာက သူ့ကိုမျက်ရည်ပါဝေ့သီလာစေတယ် ဒါပေမဲ့သူဂျယ်ယွန်းမနိုးခင်မြန်မြန် ထသွားရမယ်လေ  ဒါကြောင့်အားယူကာ ထလိုက်တော့ သူနာကျင်မှုကြောင့် မျက်ရည်ပါကျလာတယ် မျက်ရည်များ အကြမ်းပတမ်းသုတ်ကာ အဝတ်အစားများဝတ်ကာ ခြေထောက်လေးဖော့ပြီး အခန်းထဲက ထွက်လိုက်တယ်

ဆောင်းဟွန်း ကိုယ်တစ်ခုလုံး။နာကျင်နေသည် ပြီးတော့ လမ်းလဲ သေချာမလျှောက်နိုင်ကာ ယိုင်နေသည် သူလမ်းဆက်လျှောက်၍ မနိုင်တော့တာကြောင့် သူ့ တက္ကစီတစ်စီးငှားကာ ဆောနူ အိမ်သွားဖို့ ဆုံးဖြတ်လိုက်တယ် ဘာလို့ဆို သူအိမ်ပြန်ရင် ဂျယ်ယွန်းက အိမ်သိတာကြောင့် လိုက်လာမိမှာစိုးတယ် သူ့အခုချိန် ဂျယ်ယွန်းနဲ့ မတွေ့ချင်တာအမှန်ပင် 

သူကိုယ်တစ်ခုလုံးက အားနည်းတာ အပူအခိုးအငွေ့တွေ ရိုက်ခတ်နေတယ် တစ်ကိုယ်လုံးပူနေကာ အားပင်မရှိတော့

ဆောနူ အိမ်ရှေ့ရောက်တော့ ဆောင်းဟွန်းမော့ကြည့်မိတယ်

*မအေလိုးက ကွန်ဒိုကြီးလား ငါအပေါ် မတက်ချင်ပါဘူးဆို

ဆောင်းဟွန်း ဓာတ်လှေကားနဲ့တက်ဖို့တွေးထားပေမဲ့ ဓာတ်လှေကားကပြင်ဆင်နေဆဲ ဆိုတဲ့ စာကြောင့် သေချင်သွားရပြန်တယ်

ဆောနူက ၃လွှာမှာဖြစ်တာကြောင့် ဆောင်းဟွန်းတက်နိုင်ပါတယ်တွေးကာ သူတက်သွားလိုက်တယ်

ပထမအလွှာ လှေကားမှာတင် မောကာ ဗိုက်ထဲ မအီမလည်ဖြစ်ကာ ထိုင်ချလိုက်ရသည်
ဒါပေမဲ့လဲ ကြိုးစားပြီးတက်လိုက်တာ ဆောနူ အခန်းရှေ့ ရောက်လာခဲ့တယ်  ဆောင်းဟွန်းတစ်ယောက်လွန်စွာမောနေပေမဲ့ ချွေးကာတော့ မထွက်ပေ

ဘဲလ် ကိုတီးကာ စောင့်နေတော့အထဲက ငနာလေးက မထွက်လာ ဆောင်းဟွန်း လည်ချောင်းတွေလဲနာနေတာကြောင့် အော်ခေါ်ဖို့ အသံက မထွက်

သူဘဲလ်ကို အဆက်မပြတ်တီးနေပေမဲ့ ငနာလေးက အသံတောင်မပေးပါ ဆောင်းဟွန်းခေါင်းတွေမူးဝေကာ လဲကျတော့မဲ့ အချိန် အခန်းတံခါးဖွင့်လာတဲ့ ဆောနူက လက်ထဲ ထီးကြီး ကို ကိုင်ကာရွယ်ထားသေးသည် ဆောင်းဟွန်းကတော့ မူးဝေကာ လဲကျသွားသည်

ထိမ်းမြှားလက်ထက်ပွဲWhere stories live. Discover now