12 🌷

160 16 9
                                    

Uni

နီခီကတော့ ဒီနေ့ ဆောနူကသူ့ကိုခေါ်ထားတာကြောင့် သေချာပြင်ဆင်ကာ ချိန်းဆိုထားတဲ့နေရာမှာစောင့်နေခဲ့တယ်

ဆောနူသူနီးကပ်လာတ‌ဲ့ ကျောပြင်လေးကို ကြည့်ရင်း ဝမ်းနည်းမိသည် သူစိတ်ထဲ တိုးတိုးလေးရေရွတ်မိတာကတော့ "တောင်းပန်ပါတယ်နီခီ"တဲ့

"စောင့်နေရတာကြာပြီလား နီခီ"

"ဟော နီခီတဲ့လား မောင်လို့ခေါ်ရမှာလေ ကို့ယ့်အနူးလေးက အေးစက်နေတယ် အားးလွမ်းလိုက်တာ "

နီခီကသူ့ကို တယုတယ ပွေ့ဖက်လိုက်တယ်ပြီးတော့ သူ့ခေါင်းလေးကိုအသာလေးပွတ်ပေးတယ် ဒီလိုမျိုးလုပ်ပေးတာတွေက သူ့ကိုနွေးထွေးစေပြီးရင်ခုန်စေတယ် သူချစ်ရတဲ့ မောင့်ကို သူလက်မလွှတ်ချင်လိုက်တာ မောင်သာ တစ်ခြားတစ်ယောက်န‌ဲ့ ရသွားရင်သူ မနာလိုလို့ သေတော့မှာ

ဒါပေမဲ့သူက မောင့်ကိုလက်လွှတ်ရမ‌ှာဘဲ "မုန်းလိုက်တော့ မောင် " သူပြောချင်မိတယ်

"ပြတ်ကြရအောင် နီခီ"

"ဟော မောင့်အသဲလေးကစနေပြန်ပြီ ဗိုက်ဆာနေပီလား တစ်ခုခုစားကြမလား "

အင်း နီခီက ကလေးဆန်လိုက်တာ ကြားကြားရင်းနဲ့ မသိချင်ယောင်ဆောင်ကာ စကားလွှဲနေသေးတယ်

"နီခီ ငါတကယ်ပြောနေတာ မင်းကိုမတွဲချင်ဘူး ငြီးငွေ့နေပြီ ငါမင်းကို မချစ်ဘူး "

"ဗိုက်ဆာနေရင်တစ်ခုခုစားမှရမယ်လေ ဗိုက်အောင့်ကုန်မယ် ဘာစားကြမလဲ ပြော "

"ငါတို့ပြတ်ကြမယ်လို့ "

သူပြောတော့ နီခီက ခေါင်းကိုအောက်ငုံ့ကာ တစ်ရှုတ်ရှုတ်နဲ့မျက်ရည်များကျလာတယ်

ဆောနူကတော့ သူ့အရှေ့မှာသူချစ်ရသူက ငိုနေတော့ သူ‌ရင်တွေပူလောင်နေတယ်

"မောင် ဘာတွေမှားသွားလဲဟင် မောင်ပြင်ပါ့မယ် ငါ့ကိုမထားခဲ့ပါနဲ့ မောင်ပြောပီးပီလေ မောင်သူများတွေကို ပလေးခဲ့လို့ မောင်ဆောနူဆီက ပလေးခံရမှာကြောက်တယ်လို့ ဆောနူထားခဲ့မှာမောင်ကြောက်တယ် "

"ဟက် အခုတော့ ဝဋ်လည်နေပီလေ ငါမင်းကိုမချစ်ခဲ့ဘူး ချစ်လဲမချစ်ဘူး "

ထိမ်းမြှားလက်ထက်ပွဲWhere stories live. Discover now