Uni
"ဆောနူ ညစားစားပွဲက နီးလာပြီနော် သူငယ်ချင်းတွေဘဲ ဖိတ်ထားလိုက် ဝိုင်းကြီးတစ်ဝိုင်းထဲ တူတူထိုင်မယ် "
မေမေကတော့ သူ့သဘောနဲ့သူ ပြောကာပြုံးနေတယ်
အခုမပျော်နိုင်တာကတော့ ဆောနူပါ သူမေမေကိုအရဲစွန့်ကာ ဖွင့်ပြောချင်သေးတယ်
"မေမေ"
ဆောနူ မေမေကို အသံလေးတိုးညှင်းစွာ ခေါ်လိုက်တယ် မေမေကလဲ ပြောလေဆိုတဲ့ အကြည့်နဲ့ပြန်ကြည့်နေတယ်
"ဒီလက်ထပ်ပွဲကို မလုပ်လို့ မရဘူးလား"
ဆောနူ အရဲစွန့်ကာ မေးသာမေးတာ နောက်ဆုံး ဆောနူရဲ့အသံက တိမ်ဝင်သွားတယ်
"လက်ထက်ပွဲက ဒီရက်နည်းနည်းဆိုဖြစ်တော့မယ် မင်းက ငြင်းချင်သေးတာလား"
"သား သားမှာ ချစ်သူရှိတယ်"
ဆောနူပြောရင်းမျက်ရည်များကျဆင်းလာတယ် သူနီခီကို တကယ်ချစ်တယ် သူနီခီဆိုတဲ့ သက်ရှိနာမ်လေးကို သူအပိုင်လိုချင်မိသည် ဒါ သူမှားသွားလား
"ဘာ ကင်မ်ဆောနူအလိုလိုက်တိုင်းလာမဆိုးနေနဲ့ ဘာဖြစ်ဖြစ် ဖြတ်လိုက် မင်းလက်ကိုထပ်ရမယ် "
"သား သူ့ကိုချစ်တယ် မေမေ သားချစ်တဲ့သူကို သားပိုင်ဆိုင်ချင်တာမှားလား အခုကမေမေတို့က တစ်ဖတ်သက်ကြီးလေ ပြီးတော့ တစ်ခါမှမမြင်ဖူးတဲ့သူကိုသားက လက်ထက်ရမှာလေ "
ဆောနူမြိုသိပ်ထားတဲ့စကားလုံးများပွင့်ဟ လာတယ်
"ညစာစားပွဲမှာတွေ့ရမှာဘဲလေ "
"မေမေ! သားစကားကိုအလေးမထားဘူးလား"
"ဆောနူ အိမ်ပြင်မထွက်ရဘဲနေမယ်နော် မြန်မြန် အဲ့ရည်းစားကိုဖြတ်လိုက် "
"....."
ဆောနူ မေမေစကားကို ဘာမှပြန်မပြောနိုင်အောင် ခေါင်းငိုက်စိုက်ချသွားသည်
ဆောနူ တိတ်ဆိတ်နေသည်
ဆောနူ ထကာ အခန်းထဲဝင်သွားကာ တံခါးကို ပိတ်ထားလိုက်သည်
ဆောနူ အခန်းထဲရောက်တော့ ရှုံးပွဲချငိုချလာလေသည်
*လောကကြီးက မတရားဘူး တကယ်မချစ်တုန်းကကြ အရမ်းတွေမုန်းပြီး ဘာကြောင့် နီးစပ်ဖို့ကံမပါလာတာတောင် ချစ်မိခဲ့ရတာလဲ *
YOU ARE READING
ထိမ်းမြှားလက်ထက်ပွဲ