uni
"ဟယ်လို "
ဆောနူ တစ်ယောက် အမေဆီမှ ဖုန်းလာသဖြင့်ကိုင်လိုက်မိသည်
"သား အိမ်ခဏပြန်လာခဲ့"
ဆောနူမေမေ့စကားကြောင့် စုပ်သတ်မိသည် သူအိမ်မပြန်ချင်သည်မှ အမှန်ပင် အမေကအတင်းလက်ထပ်ခိုင်းပြီးကထဲမှ အိမ်ပေါ်မှဆင်းကာ ကွန်ဒိုမှာ ခန လာနေခြင်းဖြစ်သည် အကယ်၍ သူအိမ်ပြန်မယ်ဆိုရင်လဲ အဲ့ လက်ထက်ပွဲ အကြောင်းဘဲ ပြောနေမှာလေ
"မလာချင်ဘူးအမေ "
"ဆောနူ အလိုလိုက်နေလို့ လာမဆိုးနေနဲ့နော် ပြန်လာခဲ့ နင်ပြန်မလာရင် ငါ ဘာလုပ်မလဲ သိတယ်နော်"
ဆောနူမျက်နှာကြီးစူပုတ်သွားတယ် သူသာပြန်မသွားရင် သူကဒ် အပိတ်ခံရမယ် မုန့်ဖိုးမရတော့ဘူး ပြီးရင် သူ့ကိုမေမေဝယ်ပေးထားတဲ့ ဟာတွေအကုန် မေမေက သိမ်းမှာ ဖုန်းပါ အပါအဝင်ပေါ့
"အင်း မနက်ဖြန် ပြန်လာခဲ့မယ်"
ဆောနူတစ်ကယ်တန်းစဉ်းစားကြည့်တော့ သူ့ဘဝက သနားစရာပါဘဲ တစ်ခါမှ မတွေ့ဘူး မသိကျွမ်းဖူးတဲ့သူကိုမှ အမေတို့က သူတို့ခင်မြင်ရင်းနှီးလို့ အတင်းလက်ထက်ခိုင်းကြတာ
အကယ်၍ သူ့လက်ထက်ရမဲ့သူက ဆံပင်ဖြူဖြူနဲ့ အဖိုးကြီးဆိုရင်ရော ? သွားတွေကျိုးနေတဲ့သူဆိုရင်ရော ? ဝဝတုတ်တုတ် ကြီးဆိုရင်ရော ? တကယ်တွေးလေ ကြက်သီးထစရာကြီး
အခုမှ သူအသိစိတ်ထဲဝင်လာတာက "နီခီ"
သူဒီ အကြောင်းသာ ပြောပြလိုက်ရင် နီခီက သူ့ကိုမုန်းသွားမှားလား သူ့ကိုလှည့်စားတယ်လို့ထင်သွားမှာ
သူတကယ်ပြောရရင် နီခီကို ချစ်တယ် ဘယ်အချိန်ကထည်းကလဲတော့ သူလဲမသိပါ စစတွေ့ကထဲကတော့ မုန်းလိုက်တာမှတစ်အား သူ့ရုပ်ကိုမြင်ရင်တောင် အက်စစ်နဲ့ပက်ချင်တဲ့အထိ ကိုမုန်းတာ သူ့ကြောင့်လဲ ငိုခဲ့ရတယ် အမြင်ကပ်ခဲ့တာလဲ အမှန် ဒါပေမဲ့ ဘယ်ကထဲကလဲတော့မသိ နီခီက ထက်သလောက်မဆိုးဘူးလို့ ခံစားရတယ် ကိုယ်စိတ်ညစ်နေချိန် တွေဆို လာလာ ပျော်အောင်စတတ်တယ် လူကသာ ခတ်ထန်ပြီးဆိုးတယ်ထင်ရပေမဲ့ တကယ်က ချစ်ဖို့ကောင်းပြီး ကလေးအရမ်းဆန်တတ်တာ
YOU ARE READING
ထိမ်းမြှားလက်ထက်ပွဲ