မြောက်ဘက်ရှိ ရွာလေးတစ်ရွာ… ၁၉၇၀ ခုနှစ်၏ ဆောင်းရာသီဖြစ်တယ်။နှင်းတွေကတစ်ညလုံးကျနေခဲ့ပြီး မြေပြင်ထက်တွင်ငွေရောင်တစ်လွှာတစ်ခုသဏ္ဌာန်ဖုံးအုပ်ထားတယ်။အဝေးမှကြက်တွန်သံတွေကိုကြားနေရပြီး ရွာသူရွာသားတွေက ထပြီးဟိုဟိုဒီဒီသွားနေကြတယ်။
ဝူကျန်းသည် *အနွေးကုတင်ပေါ်လဲလျောင်းရင်း တန်းပေါ်မှာချိတ်ထားတဲ့ခြင်းတောင်းကို မျက်ဝန်းဗလာနှင့်စိုက်ကြည့်ရင်း သူဘယ်ရောက်နေလဲဆိုတာကိုတွေးနေမိတယ်။အခုရောက်နေတဲ့ပတ်ဝန်းကျင်က အတော်လေးကိုရင်းနှီးနေပြီး ထူးလည်းထူးဆန်းတယ်။အချိန်အတော်ကြာစဉ်းစားပြီးနောက် ဝူကျန်းက သူ၁၆နှစ်ဘဝကိုတကယ်ကြီးပြန်ရောက်လာတယ်ဆိုတာကိုသိသွားပြီး အံ့အားသင့်နေခဲ့တယ်။အချိန်ခရီးသွားတာတို့ ပြန်လည်မွေးဖွားလာတယ်ဆိုတဲ့ တီဗွီဇာတ်လမ်းတွဲထဲကဇာတ်ကွက်တွေက သူ့အတွက်တကယ်ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။
(*အနွေးကုတင် = ရွံ့ဖြင့်ပြုလုပ်ထားပြီး ချမ်းအေးသည့်ရာသီဥတုအတွက် အောက်ထဲတွင်အနွေးခန်းပါရှိသည့်တရုတ်ရှေးဟောင်းကုတင်)
သူ့ဘဝအကြောင်းပြန်တွေးကြည့်ရရင် သူကအခြားသူတွေအတွက် မင်္ဂလာဝတ်စုံကိုလုပ်ပေးနေခဲ့တာပဲ။သူ့မိဘတွေအက်ဆီးဒင့်ဖြစ်သွားပြီးခဲ့တဲ့နောက် သူ့ရဲ့ငယ်ငယ်ကတည်းကအသဲကျော်ပဲလှော်လေးဖြစ်တဲ့သူ့စေ့စပ်ထားသူက သူနဲ့လမ်းခွဲခဲ့ပြီး သူ့ဘဝကမတူတဲ့လမ်းကြောင်းတစ်ခုကိုဖြတ်သန်းရတော့တယ်။သူ့တစ်ဘဝလုံးက ရည်းစားဟောင်းကိုအလုပ်အကျွေးပြုရင်းကုန်ဆုံးခဲ့တာဖြစ်တယ်။သူ့ကောင်မလေးမိသားစုကတစ်ခုခုဖြစ်ပြီဆိုတာနဲ့ အပြေးလေးသွားပြီး လေဒဏ်မိုးဒဏ်(အခက်အခဲ)တွေကိုကာကွယ်ပေးခဲ့ရသူဖြစ်တယ်။မသေခင်ကမှ သူသိလိုက်ရတာက သူ့ရဲ့ရည်းစားဟောင်းကကောင်းကင်ဘုံရဲ့ချစ်လှစွာသောဇာတ်လိုက်မတစ်ယောက်ဖြစ်ပြီး နောက်ထပ်ဇာတ်လိုက်တစ်ယောက်ရဲ့ပါတနာဖြစ်တာကိုပင်။သူကတော့ သူ့ဘဝတစ်လျောက်လုံးမှာ ဇာတ်လိုက်မကိုကူညီနေခဲ့ရတာပင်။
ကံကောင်းလို့ ဘုရားသခင်က အမြင်ရှိပြီးသူ့ကိုတွေ့သွားခဲ့တာဖြစ်မယ်။
YOU ARE READING
၇၀ခုနှစ်များဆီသို့ ရေခဲသေတ္တာနှင့်အတူ(Mm Translation)
Любовные романыI didn't own anything. I'm just a translator. All credit to owner. Chapter _ 85 ( Main+Extra) Start date _ 14.Feb.2024(Valentine day) End date_????
