ဆောင်းရာသီမို့ စောစောမှောင်လာပြီး ဝူကျန်းက ညနေစောင်းတွင် လက်ထဲမှငါးကိုကိုင်ကာအိမ်ကိုပြန်လာခဲ့တယ်။ထိုအချိန်တွင်အဖိုးဝူက ညစာအားလုံးပြင်ပြီးနေပြီ။တံခါးဝမှဝင်လာတဲ့ဝူကျန်းကိုမြင်တော့ပြုံးပြီးပြောတယ်။
"ငါးကတော်တော်လေးအဆင်ပြေတာပဲ ဒီတစ်ခေါက်ကငါးမလောက်တော့ဘူးထင်နေတာ"
"ဈေးလည်းသက်သာတယ်။ကံကောင်းလို့ ဒီနှစ်ငါးအရများလို့လေ။မဟုတ်ရင် မလောက်ဘူး။စားပြီးမှပဲ ငါးကိုင်လိုက်မယ်။အဖိုး ဒီနှစ်ကူးအတွက် တစ်ကောင်လောက်သိမ်းထားချင်လား?"
ငါးသယ်လာတဲ့အင်တုံကိုမြေကြီးပေါ်ချလိုက်ပြီးနာကျင်နေပြီဖြစ်တဲ့လက်မောင်းနဲ့ခါးကိုလှုပ်လိုက်တယ်။ဒါကိုပြောရရင် သူတကယ်အားနည်းနေသေးတယ်။အသက်လည်းသိပ်မကြီးသေးတာမို့ ပျော့ညံ့တယ်လို့လည်းပြောလို့ရတယ်။အနာဂတ်မှာ ဟင်းချက်တဲ့အိုးကို*လှုပ်ဖို့ဆိုရင်ပိုလေ့ကျင့်ရမှာပဲ။
(*စာဖိုမှူးတွေကအိုးအကြီးကြီးတွေကိုမြှောက်မြှောက်ပြီးကြော်တာမျိုးပါ)
"အကြီးဆုံးတစ်ကောင်ကိုထုတ်ပြီး နှစ်ကူးညစာအတွက်အအေးခဲထားလိုက်မယ် ညစာစာပြီးမှပဲတခြားကျန်တဲ့ငါးတွေကိုအတုံးတုံးပြီးနှပ်ထားလိုက်မယ်။မနက်ဖြန်ကျရင် အဖိုးနဲ့ကျွန်တော်ငါးစွပ်ပြုတ်လုပ်စားကြမယ်"
သူကပြောပြီးနောက်အကြီးဆုံးငါးကိုကောက်ပြီးခြံထောင့်က ဝါးဘောင်ထဲမှာထည့်လိုက်တယ်။ထိုဝါးဘောင်ကိုဝူးကျန်းမိသားစုကဆောင်းရာသီမှာအသားသိုလှောင်ဖို့ အေးခဲဖို့ရာအတွက်အသုံးပြုတယ်။ထိုထဲတွင်ဝက်သားကတ်တီတစ်ဝက်လောက်ရှိပြီူ အခုတော့ရှည်မြောမြောငါးတစ်ကောင်ပါရောက်နေပြီ။
သုံးယောက်သားပင်မခန်းထဲမှာထမင်းစားပြီးနောက် စကားစမြည်ပြောနေကြတယ်။
"ကျန်းဇီ…မနက်ဖြန်မင်းအဖွားနဲ့ငါ ထောက်ပံ့ရေးနဲ့ရောင်းဝယ်ရေးသမဝါယမကိုသွားတော့မယ်။တတိယသားကမင်းအကိုဝမ်းကွဲကိုအစားအသောက်လာပို့ပေးလိမ့်မှာ။တရုတ်နှစ်ကူးနီးလာပြီဆိုတော့ မင်းအဖွားကဒီနှစ်မှာမင်းအတွက်အဝတ်အစားအသစ်လုပ်ပေးချင်နေတာ။ဆား၊သကြားနဲ့ပဲငံပြာရည်လည်းကုန်တော့မယ် နှစ်ကူးသကြားလုံးလည်းဝယ်ဖို့လိုသေးတ်ူ မဟုတ်ရင် နှစ်ကူးနှုတ်ဆက်ဖို့လာတဲ့ကလေးတွေကိုကျွေးစရာမရှိဖြစ်နေလိမ့်မယ် "
YOU ARE READING
၇၀ခုနှစ်များဆီသို့ ရေခဲသေတ္တာနှင့်အတူ(Mm Translation)
RomanceI didn't own anything. I'm just a translator. All credit to owner. Chapter _ 85 ( Main+Extra) Start date _ 14.Feb.2024(Valentine day) End date_????
