ဦးနှောက်နဲ့မှတ်တဲ့မှတ်ဉာဏ်တွေကသက်တမ်းသတ်မှတ်ချက်ရှိပေမယ့်
နှလုံးသားနဲ့မှတ်ရင်သေရာပါတယ်.......................
အချစ်ဦးဟာဘ၀ကြီးထဲကိုအဲ့ဒီနေ့ကရောက်လာခဲ့တယ်.............
"သက်ပိုင်ကမရောက်လာသေးဘူးလား လိုက်ကောလိုက်မှာလားသူက အခန်း၀ကိုတမျှော်မျှော်ကြည့်ရင်းဇင်ပွင့်က ပြောလာတယ်"
ဖုန်းငုံ့ကြည့်နေတဲ့ မေဦးက
"ငါညကဖုန်းဆက်ထားတယ် လိုက်မယ်ပြောတာပဲ လာမှာပေါ့ ဘာတွေလောနေတာလဲ
ပထမဆုံးချိန် roll callယူသွားမှာမလား"3rd year second semsterကျောင်းစဖွင့်ချိန်ဖြစ်သည့်အလျောက် ကျောင်းသားများလည်းမစုံကြသေး
စာလည်းမသင်ကြသေးပါ ယခုအချိန်မျိုးမှာ ပိတ်ရက်အကြာကြီးခွဲနေရသော သူငယ်ချင်းများ ပြန်တွေ့ကြ လမ်းသလားကြချိန်ပေါ့လေ။
ယခုလည်းဇင်ပွင့်ကဦးဆောင်ပြီး ဗေဒင်သွားမေးမလို့ကြံစည်နေခြင်းပင်။
ပြောနေရင်းပင် သက်ပိုင်ရောက်လာပြီ နားကြပ်ကိုနားထဲထိုးထားပြီး လွယ်အိတ်တစ်လုံးနဲ့ပေါ့ပေါ့ပါးပါးသူမ"ကြာလိုက်တာနင့်စောင့်နေရတာ"
"တစ်ချိန်ပြီးမှသွားမှာမလား ဘာတွေလောနေတာလဲ ငါအဲ့လောက်အဝေးကြီးလိုက်ချင်တာ မဟုတ်ဘူးနော်နင်တို့ "
ဇင်ပွင့် ထပ်မပြောလာတော့ ဒီဘုကန့်လန့်က သွားခါနီးမှမလိုက်တော့ဘူးဆို ဒုက္ခရောက်မှာလေ
Roll callဘာညာယူပြီး ၁၀နာရီလောက်ကျထွက်လာခဲ့ကြတယ်
ဆိုင်ကယ်ကနှစ်စီး မသွားခင်မေဦးတို့အိမ်၀င်ပြီး ကျောင်းလုံချည်တွေ၀င်လဲခဲ့ကြသေးတယ်
အနီးအနားဆိုကိစ္စမရှိပေမယ့် ခပ်ဝေးဝေးသွားချိန်ကျ ယူနီဖောင်းနဲ့မသင့်တော်ဘူးမလား။
အရင်ကတော့အနီးအနား သွားတတ်ကြပေမယ့် ယခုလောက်အဝေးတော့မသွားဖူးသေး။ အင်းတိမ်တဲ့ ကြားတောင်မကြားဖူးဘူး။
အဲ့ဇင်ပွင့်စပ်စပ်စုစု ဘယ်လိုသိလာလည်းမသိပါဘူး။မိန်းခလေးပီပီ ဗေဒင်ကလည်းအလွန်ဝါသနာပါသောပါပဲ။သက်ပိုင်ကတော့အဲ့လောက်အယုံအကြည်မရှိပါဘူးလေ ခေါ်တော့လည်းလိုက်သွားလိုက်တာပါပဲ
တစ်နာရီလောက်မောင်းလိုက်ရတယ် ရှမ်းပြည်ရှုခင်းတွေကတော့လှနေတာပါပဲ နံမည်ကြီးဘ၀သံသရာ ရထားလမ်းနားကဖြတ်တော့ အပြန်ကျ၀င်ကြည့်ရမယ်လို့တွေးထားလိုက်တယ်။
အရှေ့ကဆိုင်ကယ် signalပြ ပြီးကွေ့တဲ့ဘက်လိုက်ကွေ့လိုက်ပြီး ဘော်လုံးကွင်းခပ်စိမ်းစိမ်းလေးကိုဖြတ်သွားပြီးတဲ့နောက် ခြံ၀န်းခပ်ကျယ်ကျယ်တစ်ထပ်အိမ်လေးထဲကွေ့၀င်သွားတယ်။
အန်တီတစ်ယောက်ထွက်လာပြီး