စာမေးပွဲပြီးတော့ပိုးဆီပြေးသွားလို့ရပြီမထင်ပါနဲ့လေ.....နည်းပညာကျောင်းက စာမေးပွဲပြီးတာနဲ့ projectတန်းလုပ်ရတာ projectက လစ်လို့လည်းမရဘူး အာရုံစိုက်အချိန်ပေးရတယ် paper workတွေပါကိုယ်တိုင်လုပ်ရတော့လေ....အချိန်သုံးပတ်လောက်က လှုပ်ကိုမလှုပ်နိုင်တာ စာရှာရ discussion ပြန်လုပ်ကြရ
Softwareတွေrunကြနဲ့ ပိုးနဲ့ ဖုန်းပြောဖို့တောင်အနိုင်နိုင်.........သုံးပတ်နောက်ပိုင်းမှ အသက်ရှူချောင်ပါတယ်...အဲ့နောက်ရက်ကျပိုးကဖုန်းဆက်လာတယ်
"သူ..အကူညီတစ်ခုလောက်တောင်းမလို့တဲ့....ပိုးတို့ဓမ္မစကူးက သီချင်းခွေလေးတစ်ခွေ copyထုတ်ချင်တာ အခွေ၃၀၀လောက်တဲ့..သူမလုပ်ပေးအားလည်း လုပ်ပေးနိုင်မယ့်သူ ချိတ်ပေးပါဦးတဲ့"
အဲ့တာမှခက်တာပဲ သက်ပိုင်ကကွန်ပျူတာကို ကလိရင်းတတ်တာ သင်တဲ့သူမရှိဖူးတော့ ဘယ်သူနဲ့သိပါ့မလဲ အခွေကအရေးတကြီးလိုချင်တာလား အချိန်ရလား ဆိုတော့ တစ်ပတ်လောက်တော့ရပါတယ်ဆိုလို့...ဒါဆိုလည်းသက်ပိုင်ပဲ လုပ်ပေးပါ့မယ် အချိန်တော့ခနပေးပါဆိုပြီးပြောရတယ်...ခွေကဘမ်းဖူးပေမယ့် အဲ့လောက်အများကြီးကျတော့လေ ...ထားပါ ပိုးပိုးကဖြစ်ချင်တာဆိုတော့လည်း လုပ်ကြည့်ရမှာပဲ........
ခွေအလွှတ်ကတစ်ခွေမှ ၉၀/၁၀၀ပဲရှိတာပါ...ခွေ၃၀၀ပြီးဖို့ သက်ပိုင်တစ်ညကို ၂နာရီပဲအိပ်ရတယ် လေးညလောက်လုပ်ရတယ် ပြီးသွားတဲ့အခါကျ သွားပို့ရတာပေါ့...
တော်သေးတာက Presentation လုပ်ဖို့က အဖွဲ့တွေအများကြီးဆိုတော့သက်ပိုင်တို့အဖွဲ့အလှည့်မရောက်သေးလို့ ဒါပေမယ့်မသွားခင်တစ်ရက်ကဇင်ပွင့်က သူ့ကိုအိမ်ပြန်ပို့ခိုင်းတယ် စကားပြောစရာရှိလို့တဲ့.....
ဇင်ပွင့်ကဝေ့ဝိုက်မနေဘူး တည့်ပြောပါတယ် သူတို့နှင်းဆီပန်းခင်းကြားမှာ ထိုင်နေကြရင်း
"နင်...ပိုးပိုးနဲ့ကဘယ်အဆင့်ထိရောက်နေပြီလဲ"
"ဘယ်အဆင့်ရောက်ရမှာလဲ ဘယ်အဆင့်မှမရောက်သေးဘူး"
"ဟယ်...ဒီလောက် အခါ ငါးဆယ်လောက်သွားပြီးတာတောင် ဘယိအဆင့်မှမရောက်သေးဘူးလား...နင်မပြောရဲတာတော့မဟုတ်ပါဘူး..ဘာလို့လဲ..စဉ်းစားစရာတွေရှိနေလို့လား"