သက်ပိုင်ကပုံမှန် Monday to Saturday မနက်တိုင်း ငါးခွဲလောက်ဆိုထပြီးလမ်းလျှောက်တယ်.....မလျှောက်ခင် ပိုးဆီ မောနင်းမက်စေ့ပို့ ပြီးရင်နားကြပ်တပ်ပြီး လျှောက်တာပဲ ....အရင်ကတော့ကျန်းမာရေးအရလျှောက်တာပဲ အခုကတော့ လမ်းလျှောက်ရတဲ့အချိန်ဆို ပိုးနဲ့ပြောတဲ့သီချင်းတွေနားထောင်ပြီး ပိုးအကြောင်းတွေးတယ်...အဲ့အချိန်ကသက်ပိုင်ရဲ့အချိန်ပဲ .........
အိမ်ပြန်ရောက်ရင် ရေချိုး ဘယ်လောက်အေးအေးမနက်တိုင်းချိုးပါတယ် ကျောင်းတည်ရှိတဲ့ နေရာက သိပ်ပူလို့ပါ အဲ့အပူဒဏ်ကိုခံနိုင်အောင် မနက်ဆိုရေကိုချိုးရပါတယ်။ ပြီးရင်အမေပြင်ထားပေးတဲ့ ထမင်းကြော်ကိုစားပြီး ထမင်းချိုင့်ကိုယူပြီး ကျောင်းသွားပါပြီ။ အိမ်ကညီမနှစ်ယောက်မှာ အငယ်ဆုံးလေးကခုမှ အထက်တန်းတက်တုန်းပါ။သက်ပိုင်အောက်ကညီမကတော့ ကျောင်းဆရာမမို့ ရွာလေးတစ်ရွာမှာ တာ၀န်ကျနေပါတယ် အိမ်မှာမရှိပါဘူး။ပိုးပိုးနဲ့မွေးနှစ် မွေးလတူတဲ့ညီမလေးပေါ့။ အခုခါများ ဘာတွေးတွေး ပိုးပိုးနဲ့ကိုမလွှတ်ပါဘူးလေ။ စိတ်တွေလည်း ညစ်မိပါတယ်........ကျောင်းရောက်တော့မနက်ပိုင်းအတန်းတွေတက်ကြပြီး ထမင်းစားချိန်ရှေ့တစ်ချိန်က အတန်းချိန်လွှတ်သောကြောင့် ထမင်းစားဖို့အချိန်များများ ပိုရပါတယ်..
မေဦးကထမင်းချိုင့်မပါလာတာမို့ ကျောင်းရှေ့က နည်းနည်းဝေးတဲ့ဆီက အင်းသားကြီးဆိုင်သို့သွားကြမည်ဟုဆိုကာ သွားကြသည်။အနည်းငယ်လှမ်းတော့ဆိုင်ကယ်ဖြင့်သွားကြသည် ဘာရယ်တော့မဟုတ် အပြန်ကျနေသိပ်ပူ၍ဖြစ်သည်။ ဆိုင်ရောက်တော့ အပြင်ဘက်ကစားပွဲမှာပဲ လွတ်လွတ်လပ်လပ် ထိုင်ကြသည်။ သက်ပိုင်ထမင်းချိုင့်ဖွင့်လိုက်တော့ ငါးဖယ်ခြစ်ဟင်းနဲ့ ဟင်းချိုတစ်ခွက်။
လူအများလာကြတယ်ဆိုတော့ ဟင်းပွဲတွေထပ်မှာလိုက်သေးသည်။ ဟင်းပွဲဆိုလို့အထင်မကြီးစေလို ရှောက်သီးသုပ် တိုးဟူးကြော်နဲ့ ဟင်းထုပ်ထပ်မှာလိုက်တာပါ။ ဒီဆိုင်ကအင်းအစားအစာတွေသိပ်ကောင်းပါသည်။မှာထားတာတွေစောင့်နေတုန်း ဇင်ပွင့်ကစကားစလာသည်။ သူတို့သုံးေယာက်ထဲတွင်ဇင်ပွင့်ကအသွက်ဆုံးမဟုတ်ပါလား။