နေပြည်တော်ရောက်တော့သိပ်မအားရပါဘူး ဟိုလုပ်ဒီလုပ်အနည်းငယ်ကူပေါ့ ရောက်ရောက်ချင်းရက်က phတောင်မကိုင်အားဘူး နောက်တစ်ရက်ဆေးရုံမှာoperation roomရှေ့စောင့်နေတုန်းမှphကိုစစ်မိတယ်Smsလေးတစ်စောင်ရောက်နေတယ် unknown numberဆီက ဒါပေမယ့်ဒီနံပါတ်ကိုသိသလိုပဲ 80နဲ့ဆုံးတဲ့နံပါတ်လေး
“အဆင်ပြေရဲ့လား “တဲ့
ရင်ထဲထိတ်ခနဲ့ပါပဲ ခံစားလိုက်ရတာ
လက်ကပိုမြန်တယ် ဖုန်းကခေါ်မိနေပြီ ဒုက္ခပဲ ဘာပြောရမှာလဲ“ဟယ်လို”
လို့နှုတ်ဆက်လိုက်တော့
“Replyက အဲ့လောက်တောင်ကြာတာနော် အစ်မက”
“ဆောရီးပါ အမနည်းနည်း ကူနေရလို့ phကိုမကြည့်မိတာ အဆင်ကပြေပါတယ်”
“အခုကိုအဆင်ပြေလားမေးတာမဟုတ်ဘူး ကားစီးတဲ့ညတုန်းကအဆင်ပြေရဲ့လားလို့မေးတာ "
“ကားစီးတာအဆင်မပြေစရာဘာရှိလို့လဲ”
“မသိဘူးလေ ပိုးအကြောင်းပဲအဲ့လောက်ကြီးတွေးတွေးနေတော့ တစ်ခုခုများဖြစ်နေသလားလို့”
ဟမ် ဘာလဲဟ သူ့အကြောင်းတွေးနေတာသိနေတာပေါ့လေ မရှိတဲ့သိက္ခာတွေတော့ကျကုန်ပါပြီ။
“ပိုးကဘယ်လိုသိလဲ အမတွေးနေမှန်း “
“အစ်မရေ ပိုးကအကြားမြင်ရနေတာနော် မှတ်မိရဲ့လားအဲ့တာကို......အစ်မတွေးနေရင် ပိုးစိတ်မှာလည်း လာပေါ်နေတာ အစ်မက အဲ့ညကပိုးအိပ်တောင်မအိပ်ရဘူး နောက်ဆိုအဲ့လောက်ကြီးမတွေးပါနဲ့ နောက်ရက်မှတွေးလည်းရသားကို”
ဒုက္ခတော့လှလှတွေ့တာပါပဲ ဒီဟာလေးနဲ့တော့ စကားလမ်းကြောင်းလွှဲမှပါပဲ
“နေပြည်တော်ကဘာ၀ယ်ခဲ့ရမလဲ”
“နန်းစိန် ..... ပိုးသိပ်ကြိုက်တာ”
“ဟုတ်ပြီ စားရပြီလို့သာမှတ်တော့ နော်”
ဒီဟာလေးနဲ့ ဘယ်လိုများရှေ့ဆက်သွားရပါ့နော် တစ်ကယ်လမ်းပျောက်တာပါပဲ.........
ကိစွတွေပြီးတော့ပြန်တဲ့အခါ နန်းစိန်ကိုကျန်ကျောင်းအိတ်ကြီးနဲ့ကို၀ယ်ချသွားတာ
သက်ပိုင်တို့တော်တော်ဖြစ်နေတာပါ ၊🤭🤭 အမေလည်းကြိုက်လို့ပါနော် သူမမှာလည်းအမေ့တွက်၀ယ်ပြန်နေကျပါ.....