Three

90 14 0
                                    


ပိုးအိမ်ကိုရောက်တော့ပိုးကမရှိဘူး ...ဘုန်းကြီးကျောင်းဘက်ခန သွားတယ်တဲ့.....

ထိုင်စောင့်နေတော့ မကြာဘူး ဘော်လုံးကွင်းထဲကအရိပ်‌ကလေးထွက်လာတယ် အနီရောင်၀မ်းဆက်လေးနဲ့ သက်ပိုင်ကအဝေးမှုန်ပါတယ် အဲ့ချိန်ကမျက်မှန်ပါဝါက 150လောက်ရှိမယ် သဲသဲကွဲကွဲမမြင်ရပေမယ့် အဲ့တာပိုးမှန်းသိသာပါတယ် ဖုန်းနဲ့ဆက်သွယ်ဖြစ်ကြပေမယ့် အပြင်မှာထပ်မတွေ့ကြဘူးမလား ခြေဖျားလက်ဖျားတွေတောင်အေးလာသလိုပဲ ရောက်လာတော့လည်းတည့်တည့်မကြည့်ရဲဘူး.........

“ဟိုလေ ကြာဆံချက်နဲ့စားဖို့ နံနံပင်နဲ့ကြက်သွန်မြိတ်က ဘုန်းကြီးကျောင်းကိုအကုန်ပို့လိုက်မိလို့ အဲ့တာအိမ်မှာစားဖို့နည်းနည်းပြန်၀ယ်ချင်လို့ ဟဲဟိုးဈေးကို ဘယ်သူပို့ပေးမလဲဟင်”

သက်ပိုင်နဲ့ ပိုးပိုး အတူတူထွက်လာတော့ ဆိုင်ကယ်ပေါ်မှာ ဘာစကားမှမပြောဖြစ်သေးဘူး သက်ပိုင်ကနဂိုကတည်းကစကားနည်းပါတယ် အခုလိုဆိုပိုဆိုးပေါ့ ဘာပြောရမှန်းကိုမသိတာ....

ရုတ်တရတ်ကြီး ပိုးကထရယ်တယ်

“သူရေ ပိုးရှက်ဖို့လည်းထားပါဦး သူကချည်းရှက်နေတာပဲ”

“ဟယ်ဘယ်သူပြောလဲရှက်နေတာလို့ အေးလို့ပါ အေးနေလို့ပြောမယ့်စကားတွေကခဲနေတာ”

ဟမ်ဘာတွေပြောမိလိုက်လဲတောင်မသိပါဘူးလေ....စိတ်ညစ်စရာပါ
ဈေးထဲရောက်တော့၀ယ်ပြီးပိုက်ဆံရှင်းနေတုန်းပိုးအသိက စကားလာပြောတော့ ပိုးလက်ထဲကပိုက်ဆံကိုယူပြီး ဈေးသည်ကိုလှမ်းပေးမလို့လုပ်တုန်းကြည့်မိတာ ပိုက်ဆံက ၁၅၀၀အသစ်ကလေး ...အဲ့ပိုက်ဆံကို အိပ်ကပ်ထဲထည့်လိုက်ပြီး ဘောင်းဘီအိပ်ကပ်ထဲက သက်ပိုင်ပိုက်ဆံကိုထုတ်ပေးလိုက်တယ်....အမ်းငွေကိုယူနေတုန်း ပိုးက

“၁၅၀၀ပဲကျတာမဟုတ်ဘူးလား ၊ ဘာလို့ပြန်အမ်းနေတာလဲ”

သက်ပိုင်ကဘားမှပြန်မပြောတော့ ပိုးပိုးကရီနေတယ်... မဟုတ်တော့ဘူးနော် ငါအကြားမြင်ဆရာမကို မကြိုက်ချင်တော့ဘူး သူကအကုန်သိနေတာ.........

အိမ်ရောက်တော့ စားသောက်ဖို့ပြင်ကြရင်း စားကြတယ်ပေါ့ သက်ပိုင်ကတကယ်တော့ကြာဆံချက်မကြိုက်ပါဘူး မြန်မာမုန့်တော်တော်များများကြိုက်ပေမယ့် ကြာဆံချက်ကတကယ်ကိုမကြိုက်တာ ဒါပေမယ့်စားလိုက်ပါတယ်နည်းနည်းတော့...စားပြီးခနထိုင်ကြပြီး ...

MemoriesWhere stories live. Discover now