Six

116 12 0
                                    


Augustလထဲရောက်လာတဲ့အချိန် ပိုးဆီလည်းသိပ်မသွားအားတော့ဘူး... Septemberလကုန်လောက်ဆို စာမေးပွဲတွေလာတော့မှာလေ....

ဒီအချိန်စာမှစာပဲ သက်ပိုင်တို့မေဂျာက ဘာသာရပ်ခွဲတွေအသေများတာ တတိယနှစ်ဆို မှတ်မှတိရရ ၁၀ဘာသာလောက်သင်ရတာ...အီစိမ့်နေရော.....

ဒါပေမယ့်ဒီလထဲသက်ပိုင်မွေးနေ့ရှိတယ်မလား အမှန်တော့အရင်က မွေးနေ့ဆိုတာ ဘားမှထူးထူးခြားခြားမလုပ်ဖြစ်ဘူး ဘုန်းကြီးကျောင်းဆွမ်းချိုင့်ပို့ အဖေနဲ့အမေကိုကန်တော့ သူငယ်ချင်းတွေနဲ့တောင် ပွဲလုပ်တာခပ်ရှားရှားရယ်ပါ ဒါပေမယ့်တစ်စုံတစ်ယောက်ကတော့မွေးနေ့ကိုအရမ်းတက်ကြွနေရှာတာပါ......

မတွေ့ရတာလည်း ကြာနေပြီတဲ့လေ သက်ပိုင်လည်း လွမ်းပါတယ် မတတ်သာလို့သာမသွားရတယ် လွမ်းတာပေါ့ .........

ဒီနှစ်မွေးနေ့ကလည်း မွေးနှစ်မွေးရက်တိုက်တယ်မလား ၂၅ရက် ၈လဟာ တနင်္ဂနွေနေ့တည့်တည့်မှာကျနေတယ်လေ
မနက်လင်းကတည်းက လောနေတာ ဆွမ်းချိုင့်မြန်မြန်ပို့ ဖေနဲ့မေကိုကန်တော့ အငယ်လေးနှစ်ယောက်ကို ညကျမှ အကင်လိုက်ကျွေးမယ်ပြော အိမ်ကထွက်တော့ ၉:၀၀နာရီထိုးနေပြီ..မောလိုက်တာ...

ဇင်ပွင့်တို့က လိုက်မှာလား မလိုက်မှာလားကမသေချာ လိုက်မှာဆိုလည်းကိုယ့်ကိုယ်သာလာခဲ့ကြပါတော့လို့ သူတို့ကိုထပ်စောင့်နေရင်အရမ်းကြာတော့မှာလေ ဒီနေ့အတွက်ပွဲစီစဉ်တာကတော့ ပိုးပိုးပါပဲ....သက်ပိုင်ကိုလူပဲလာခဲ့ပါတဲ့လေ......အမှန်တော့သက်ပိုင်လည်းစီစဉ်ဆိုဘားမှမစီစဉ်တတ်ဘူးရယ် ပိုးကိုက ဘယ်နားမှခေါ်သွားလို့ကမရဘူးမလား .....
ပိုးဆီရောက်တော့ ၁၀နာရီရှိနေပြီ..ပိုးကအဝါနုရောင် ဗမာ၀မ်းဆက်လေးနဲ့ ပါးကွက်လေးတောင်ပါသေးတာ...ပိုးကိုမိတ်ကပ်နဲ့မမြင်ဖူးသလိုပဲတစ်ခါမှ...မတွေ့တာကြာတော့အကြာကြီးတောင်ငေးမိသွားတယ်......ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်ဆိုတာပိုးပဲဖြစ်ပါလိမ့်မယ်...ပိုးကသက်ပိုင်ကိုကြည့်လိုက်ပြီး

“ သူခနစောင့်နော် ပိုးအ၀တ်ခနလဲမလို့”

ဒီတိုင်းလည်းလှနေတာကိုလေ...ခနကျပြန်ထွက်လာတယ်...ပိုးကိုကြည့်ပြီးပြုံးမိတာ..သူကသက်ပိုင်နဲ့ဆင်တူ၀တ်လာတာလေ...အောက်ကဂျင်းအပြာလေး အပေါ်က ဟူဒီအဖြူရောင်ပေါ် ဂျင်းအိန်းကျီကိုထပ်၀တ်ပြီး ဦးထုပ်ကိုအပြင်ထုတ်ထားတာ...ဂျင်းအရောင်ကနည်းနည်းကွာပေမယ့် coupleပုံပေါက်ပါတယ်...အော်ကလေးတွေကလေးဆန်တာကချစ်စရာပါလေ....

MemoriesWhere stories live. Discover now