Five

97 13 0
                                    


ပိုးပိုးအိမ်က သူ့သမီးကိုတစ်နေရာရာသွားဖို့ ခွင့်မပြုလိုတော့ တွေ့ကြဖို့က သက်ပိုင်ပဲသွားရတာ များတယ်......

တစ်ခါလေးပဲ အဲ့တစ်ခါက
အဲ့နေ့ကကျောင်းမှာ ကျူတိုရီယယ်တွေ ဆက်တိုက်ဖြေနေတော့ ဖုန်းကိုမကြည့်မိဘူး
အကုန်ဖြေပြီးမှ phကိုကြည့်တော့ ပိုးရဲ့missed callတွေတွေ့တယ် ပြန်ခေါ်တော့မကိုင်ဘူး ဘာဖြစ်လို့ပါလိမ့် အချိန်ကနေ့ခင်း ၂:၃၀ရှိနေပြီ
၃နာရီလောက်မှ ဖုန်းပြန်ဆက်လာတယ် မြို့ကိုရောက်နေတာ အခုပြန်တော့မှာတဲ့

ရှားရှားပါးပါးလေးမြို့ကိုလာတာကို မုန့်လေးတောင်မကျွေးလိုက်ရတော့ဘူး ပိုးကခနတော့လာတွေ့ပါဦးဆိုလို့ လမ်းခွဲကသွားစောင့်နေရတယ် အဲ့ဒီနေ့က မှတ်မှတ်ရရ မိုးကနည်းနည်းအုံ့နေတာ ပိုးကရောက်လာတော့ အစ်မတစ်ယောက်ရဲ့ဆိုင်ကယ်နောက်မှာ ကုပ်ကုပ်လေး အိန်းကျီအပါးနဲ့ အေးနေတဲ့ပုံပဲ

သက်ပိုင်၀တ်ထားတဲ့ဂျာကင်ကိုချွတ်လိုက်ပြီး ပိုးကို၀တ်ပေးလိုက်တယ် မာဖလာ လေးပါဖြုတ်ပြီး ပိုးလည်ပင်းကိုပတ်ပေးလိုက်တယ်.....

“ဟားးး သူနဲ့တွေ့မှပဲနွေးသွားတော့တယ်.....”

“ခရီးဝေးလာတာကိုအနွေးထည်အပါးလေးနဲ့ နော် ထူတာလေး၀တ်လာပါ့လား”

“ဒီချိန်ထိ ရောက်မယ်မှမသိတာ ခနပဲထင်လို့ပါသူရဲ့ .....သူ့အိန်းကျီလေးကမွှေးနေတာပဲ ပြန်မပေးပဲယူထားလို့ရလား”

“ဟော ဘာလုပ်မှာလည်းယူထားပြီးတော့”

“၀တ်မှာပေါ့ သူကနှမျောလို့လား”

“မဟုတ်ပါဘူး အချိန်ရသေးလားရရင် ခနစောင့် အိမ်ကထပ်သွားယူပေးမလို့ နှစ်ထည် သုံးထည်....ဟားဟား”

သက်ပိုင်စလိုက်တာသိတော့ ပိုးကနှုတ်ခမ်းစူပြီး

“အရမ်းပိုတာပဲ ဒီတစ်ထည်ဆိုရပါပြီသူရဲ့”

အမှန်တော့ဒီဂျာကင်လေးက သက်ပိုင်အရမ်းကြိုက်တဲ့အထည်လေးပါ...ကိုယ်ထည်ကအဖြူရင့် လက်မောင်းကအမည်းလေး..အကြိုက်ရဆုံးကသက်ပိုင်မွေးရက်25ဆိုတဲ့ဂဏန်းလေးရင်ဘတ်နားမှာပါလို့ပါ.....ထားပါလေ တောင်းတဲ့သူကပိုးပိုးမဟုတ်ပါလား.....

MemoriesWhere stories live. Discover now