တောထဲမှ ကားလမ်းမပေါ်သို့ ပြေးထွက်လာခဲ့သော ဒဖ်ဖဒယ်လ်( Daffodil )။ ဒဖ်ဖဒယ်လ်သည် အကူညီတောင်းရန် လူနေအိမ်ကိုလိုက်ရှာနေခဲ့သည်။သို့ပေမဲ့....သူမသည်လူအိမ်များကိုရှာမတွေ့ပေ။
ထိုနောက်...ဒဖ်ဖဒယ်လ်သည်ဆက်လျှောက်လာခဲ့သည်။တောကြီးဆီသို့ဦးတည်လာနေသော ကားတစ်စီးသည်ဒဖ်ဖဒယ်လ်ဆီသို့ ဦးတည်ရောက်လာခဲ့သည်။ဒဖ်ဖဒယ်လ်သည် ဝမ်းသာစွာဖြင့်ကား ကိုတားလိုက်သည်။
ကားထဲမှဒဖ်ဖဒယ်၏ ညစ်ပတ်၍ ရွှံပေနေသော မျက်နှာ အင်္ကျီ သွေးထွက်သောသူမကိုကြည့်၍ “ဒီကောင်မလေးဘယ်လို့ တွေဖြစ်ထား တာလည်း ”ဟူသောအသံနှင့် ကားထဲမှာထွက်လာသောဇနီးမောင်နှံနှစ်ဦး “ ညီမလေးဘာဖြစ်ထားတာလည်း အစ်မတို့ ညီမလေးကိုဆေးရုံလိုက်ပို့ပေးရမလား ” ဒဖ်ဖဒယ်လ်သည်ဝမ်းသာစွာနှင့်ပြန်ပြောလိုက်သည်။
“ကျွန်မကို ဆေးရုံးကိုခေါ်သွားပေးပါ ကျွန်မ နေလို့မကောင်းလို့ပါ။ ကူညီပေးကြပါရှင် ကျေးဇူးပြု၍ဒီကအမြန်ထွက်သွားပေးပါလားရှင်......ကျေးဇူးပြု၍.....” ဒဖ်ဖဒယ်လ်သည်ထိုသို့ပြောလိုက်ပြီနောက် သတိမေ့သွားတော့သည်။
ဒဖ်ဖဒယ်လ်သည်ခဏအကြာတွေသတိပြန်လည်လာခဲ့သည်။ထို့နောက်ဒဖ်ဖဒယ်လ်သည်ဆေးရုံး ဖုန်းဖြင့်သူမ၏သူငယ်ချင်းဖြစ်သူအိုင်ရစ်( Iris )ကိုဖုန်းဆက်လိုက်သည်။တစ်ဖက်တွင်မိနစ်အနည်းကြာအထိမကိုင်ပါ။နောက်မိနစ်အနည်းငယ်ကြာသောအခါတစ်ဖက်မှချိုသာသောအသံဖြင့် “ Hello ပြောပါ ရှင် ကျွန်မအိုင်ရစ်ပြောနေပါတယ်။ ” ဒဖ်ဖဒယ်လ်သည်အိုင်ရစ်၏အသံကိုကြားသည်နှင့် “ အိုင်ရစ်....ငါ..! ငါ..!အရမ်းကြောက်တယ် နင် ငါဆီလာခဲ့ပါလား။ ” အိုင်ရစ်က “ နင် ဒဖ်ဖဒယ်လ် မို့လား နင်တို့ သူငယ်ချင်းတွေပျော်ပွဲစားထွက်လာကြတာမဟုတ်ဘူးလား ”
ဒဖ်ဖဒယ်လ်ဘာပြောရမှန်းမသိဖြစ်နေ၏။ ထို့နောက်အိုင်ရစ်က “ ဘာတွေဖြစ်ခဲ့ကြတာလည်း ငါကိုအသေးစိတ်ပြောပြဦးလည်း ” ဒဖ်ဖဒယ်လ်သည် သူမကြုံတွေ့ခဲ့ရသောအကြောင်းကို ပြန်တွေးမိ၍ကြောက်လန့်နေခဲ့သည်။ အိုင်ရစ်ကို သူမကို “ ငါကို ဘာမှမမေးပနဲ့တော့ ငါအရမ်းကြောက်တယ် နင် ဆေးရုံလာခဲ့ပါလား ” ဟုပြောလိုက်သည်။
အိုင်ရစ်သည် “ ဘာမှမကြောက်နဲ့ငါလာခဲ့မယ်။စိတ်အေးအေးထား ” ဟုပြောကာ ဖုန်းကိုသူမ၏အိတ်ထဲတွင်ထည့်၍ ကားဆီသို့ထွက်လာခဲ့သည်။ ခဏအကြာတွင်ဆေးရုံသို့ အိုင်ရစ်ရောက်လာခဲ့သည်။
ဒဖ်ဖဒယ်လ်သည် တစ်စုံတစ်ခုကိုကြောက်နေခဲ့သည်။ ထိုနောက်သူမ၏ အခန်းရှေ့တွင် ခြေသလုံးအထိရှည်လှ ဆံပင်နှင့် အဝါရောင်ပန်းပွင့်အသေးများပါသော ဂါဝန်ဝတ်ဆင်ထားပြီ အရပ် ၅ပေ ၄လက်မခွဲရှည်သောမိန်းမပျိုလေးတစ်ဦးရပ်နေသည်။ ထို့မိန်းကလေးသည် တံခါးကိုသုံးချက်ခေါက်လိုက်သည် “ ဒေါက်ဒေါက်ဒေါက် ” ဒဖ်ဖဒယ်လ်သည်ထိုတံခါးကိုကြည့်၍ကြက်သီး မွေးညှင်းများထလာသည်။
ဒဖ်ဖဒယ်လ်သည် အရဲစွန့်ပြီ “ ဘယ်သူလဲ ဝင်လာခဲ့ တံခါးဖွင့်ထားတယ် ” ဟု😨😰😱တုန်ရီသောအသံနှင့်ပြန်ပြောလိုက်သည်။ထိုမိန်းမငယ်လေးမှ “ ငါရယ် အိုင်ရစ်ပါ ဝင်လာခဲ့မယ် နော် ” အိုင်ရစ် ထိုသို့ပြောမှ ဒဖ်ဖဒယ်လ် ၏ရင်ထဲက အပူလုံးကြီး ကျတော့သည်။ အိုင်ရစ်သည်အခန်းထဲသို့ဝင်လာခဲ့သည်။
အိုင်ရစ်အခန်းထဲ သို့ဝင်လာသည်နှင့်ဒဖ်ဖဒယ်လ်သည် သူမကိုပြေးဖက်လိုက်သည်။အိုင်ရစ်သည်သူမ၏ သူငယ်ချင်းဒဖ်ဖဒယ်လ်ကို ကြည့်၍အံ့ဩမိနေသည်။အိုင်ရစ်ထံမှ “ ဒဖ်ဖဒယ်လ် ဘာတွေဖြစ်ထားတာလဲ.....။😔😔ငါကိုပြောပြဦးလေ.. ”ဒဖ်ဖဒယ်လ်မှ တစ်စုံတစ်ခုကို ကြောက်ရွံသောအမူအရာနှင့် ဘယ်ကစ၍ပြောရမှန်းမသိဖြစ်နေ၏။
“ ဒဖ်ဖဒယ် ဘာမှမကြောက်နဲ့ နင် ကြောက်နေလဲ ဘာမှမထူးဘူး ငါပြောတာကြား ” ဟုပြောလိုက်သည်။ဒဖ်ဖဒယ်လ်သည် အိုင်ရစ်ကို ကြောက်ရွံသော အကြည့်နှင့်ကြည့်၏။“ ဒီလို ..ငါတို့သူငယ်ချင်း ၆ယောက် က ငါတို့မြို့ရဲ့ မြောက်ဘက်ရှိတဲ့တောအုပ်ကြီးကိုပျော်ပွဲစားထွက်လာခဲ့ကြတယ် ”
YOU ARE READING
တောအုပ်ကြီး
Horrorအိုင်ရစ်နှင့်သူမ၏ညီမများသည် မြို့တစ်မြို့ရဲ့မြောက်ပိုင်းတွင် ရှိသောတောအုပ်ကြီးဆီသို့ သူမ၏သူငယ်ချင်း ဒဖ်ဖဒယ်လ်တစ်ယောက်မည်သို့အန္တာရာယ် ကြုံခဲ့သည် ကိုသိရှိလို၍ ထိုတောအုပ်ကြီးဆီသို့ရောက်လာခဲ့သည်။