ထိုနောက် လူနာကိုထားခဲ့ကာ ဒဖ်ဖဒယ်လ်နှင့်အော်ခရ်သည်အပြင်ဘက်သို့ထွက်လာခဲ့ကြသည်။ ထို့နောက် အပြင်ကြည့်လိုက်ချိန် ဆိတ်တစ်ကောင်သည် သူမတို့၏ တဲအပြင်မှာ ရပ်ကာသူမတို့ကိုတွေ့သည်နှင့်ထွက်ပြေးသွားသည်။
“ အိုး ဆိတ်ပါလား ”
“ တော်သေးတာပေါ့။ ဘာကြီးလဲလို့လန့်သွားတာ ”
ဒဖ်ဖဒယ်လ်တစ်ယောက် သူမ၏ညီမဖြစ်သူကိုကြည့်ကာ ဆက်အိပ်ရန်ပြောလိုက်သည်။ သူမတို့တဲထဲပြန်ဝင်လာခဲ့သည်။ လူနာကတော့ဘာမှသိပုံမရ အိပ်ကောင်းခြင်းနှင့်အိပ်နေ၏။ ထိုနောက် အိပ်ရာဝင်သွားခဲ့ကြသည်။
သို့သော် သူမတို့၏ စခန်းနှင့်မလှမ်းမကမ်းတွင် ရှိသောသစ်ပင်ကို အကာအကွယ်ပြုကာ သူမတို့ကို အရိပ်မဲမဲကြီးတစ်ခုက ကြည့်နေခဲ့သည်။ ဒဖ်ဖဒယ်လ် တစ်ယောက်မ့င်မိခဲ့မည်ဆိုလျှင် သူမတို့၏အန္တရာယ်ကိုရှောင်နိုင်မည်မှာအမှန်ပေ။
A / N ( အန္တရာယ်ဆိုတာ အမှတ်မထင်ရောက်လာတက်တယ်နော်။ မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်လို့ပေါ့။ တောင်ဇလပ်ကတော့အန္တရာယ်ကိုရင်ဆိုင်ပစ်လိုက်မယ်။ကဲဆက်ကြမယ်။ )
🏕️🏕️🏕️🏕️🏕️🏕️🏕️🏕️🏕️🏕️🏕️🏕️
အိုင်ရစ်တစ်ယောက် သူမ၏ သူငယ်ချင်းဖြစ်သူ ဒဖ်ဖဒယ်လ်၏ စကားကိုနားထောင်ကာ မျက်ရည်များဝဲတက်လာခဲ့သည်။ ဒဖ်ဖဒယ်လ်သည် အိုင်ရစ်ကိုအကြောင်းစုံကိုပြောပြရင်းမောပန်းလာသောကြောင့် အိပ်ပျော် သွားခဲ့သည်။ သူမသာ သူတို့နှင့်လိုက်ခဲ့လျှင် ဒီလို အဖြစ်ဆိုးကိုကြံရမည်မဟုတ် တွေးကာသူမလက်ကိုကိုင်ထားသည့် ဒဖ်ဖဒယ်လ်ကိုကြည့်ရင်း စိတ်မကောင်းဖြစ်နေ၏။
ထိုတောအုပ်ကြီး၏ ရာဇဝင်များကိုပြန်လည်စစ်ဆေးကြည့်နေခဲ့သည်။ သူမရှာလိုက်သောတောအုပ်ကြီးသည် လူတစ်ချို့၏ အောက်လမ်းအစီအရင်နှင့် ပြုလုပ်ထားသောတောအုပ်ကြီးဖြစ်သည်။ ထိုအစီအရင်ကို နတ်ဆိုးခေါ်အစီအရင်ဟုခေါ်သည်။ ထိုအစီအရင်နတ်ဆိုးဆီကလိုချင်သော အရာများတောင်းလိုရသည်။ သို့သော် နတ်ဆိုး၏အပေးအယူကိုသဘောတူမှရသည်။ နတ်ဆိုး ဆိုသည့်အတိုင်း အပေးရှိမှအယူရှိသည်။
YOU ARE READING
တောအုပ်ကြီး
Horrorအိုင်ရစ်နှင့်သူမ၏ညီမများသည် မြို့တစ်မြို့ရဲ့မြောက်ပိုင်းတွင် ရှိသောတောအုပ်ကြီးဆီသို့ သူမ၏သူငယ်ချင်း ဒဖ်ဖဒယ်လ်တစ်ယောက်မည်သို့အန္တာရာယ် ကြုံခဲ့သည် ကိုသိရှိလို၍ ထိုတောအုပ်ကြီးဆီသို့ရောက်လာခဲ့သည်။