အပိုင်း ( ၈ )

2 1 0
                                    

အလွန်အေးလှသောဆောင်းအဝင်တွင် အိုကြီးအိုမ ဒေါ်အိုင်ရင်းတစ်ယောက် သူမ၏ မြေးမသုံးယောက်ကိုအပြင်ထွက်စောင့်နေ၏။ အမည်းရောင်ကားတစ်စီးသည် သူမ၏ရှေ့တွင်ရပ်လိုက်သည်။ကားထဲမှ အိုင်ရစ်၊ လီလီ၊ ရို့စ် နှင့် ဂျစမင်တို့ထွက်လာခဲ့ကြသည်။ ဒေါ်အိုင်ရင်းတစ်ယောက် မြေးမတွေကို တွေ့ရသဖြင့်အလွန်ဝမ်းသာကာ ပြေးဖက်လိုက်သည်။

“ ဘွားဘွား ဘာလို့အပြင်ထွက်လာတာလဲဒီလောက်အေးစက်နေတာကို ”

“ အဘွားကစိတ်ပူလို့ပါ။ မြေးတို့ကလဲနောက်ကျလှချည်းလား။ ဘာလို့နောက်ကျနေတာလဲ ည‌နေတောင်ရောက်တော့မယ် ”

“ ဟိုမှာလေ ရို့စ်က မုန့်ဝင်ဝယ်နေတာ အဲဒါကြောင့်ကြာသွားတာ ဘွားဘွား ”

လီလီ၏စကားကြောင့် ရို့စ်မျက်နှာ မဲ့မဲ့ကြီးဖြစ်သွားသည်။စကားတစ်ပြောပြောနှင့် အိမ်ထဲသို့ဝင်လာကြသည်။ သို့သော် သူမတို့နှင့် မလှမ်းမကမ်းတွင်ရှိသော ဝက်သစ်ချပင်ကြီး၏ နောက်တွင် အရိပ်မည်းကြီးတစ်ခုက မျက်လုံးနီကြီးနှင့်သူမတို့ကို ရပ်ကြည့်နေခံသည်။

အိမ်ထဲတွင်ရှိသော အိုင်ရစ်တစ်ယောက် တစ်စုံတစ်ခုကို အလိုမကျသောမျက်နှာနှင့် သူမ၏ဖုန်းကိုကြည့်နေခဲ့သည်။ သူမညီမလီလီရောက်သည်ကိုပင် သတိမထားမပေ။

“ မမ အိုင်ရစ် ဘာတွေစိတ်တိုနေတာလဲ။ ” လီလီကြောင့်အိုင်ရစ်တစ်ယောက်အလန့်တကြားဖြစ်သွားကာ လက်မှဖုန်းသည် အောက်သို့လွတ်ကျသွားခဲ့သည်။ “ လီလီ လန့်လိုက်တာဟာ ငါဖုန်းတောင်အောက်ကိုကျသွားပြီး ကွဲပြီလားမသိဘူး။ နင်ကလဲနော် ” ပြောကာ လီလီဘက်သို့လှည့်ကြည့်လိုက်သည်။ လီလီက

“ မမကလဲ ဖုန်းပဲကြည့်ပြီး ညီမလေး ခေါ်တဲ့အသံတောင်မကြားနိုင်ရတာလဲ ”

“ ငါစိတ်ကတောထဲမြက်သွားစားနေလို့လေ အဲဒါကြောင့်မကြားတာပေါ့ ” ဒေါသထွက်ထွက်ပြေးလိုက်သည် ။ လီလီ တစ်ယောက်ဒေါသထွက်ရမလိုရီရမလိုဖြစ်ကာ တစ်ယောက်ငေးနေ၏။

“ ဟဲ့ လီလီ ဘာပြောမလို့ ရောက်လာတာလဲ။ ဘွားဘွားက ဘာပြောခိုင်းလို့လဲ ”

တောအုပ်ကြီးWhere stories live. Discover now