ဂျက်ခ်ကတော့မျက်မကောင်းစွာနှင့်သူငယ်ချင်းဖြစ်သူကိုချာလီကို ကြည့်နေ၏။မိန်စ်အနည်းကြာသောအခါ သူတို့စခန်းဆီသို့ရောက်လာခဲ့ကြသည်။ညသို့ရောက်သောအခါ ဒဖ်ဖဒယ်လ်သည်ညစာကို အသင့်ချက်အစားအစာများကိုချက်ကာ စားသောက်ရန်ပြင်လိုကသည်။ညစာစားပြီး ချာလီသည်စကားစပြောလိုက်သည် “ အားလုံးဘဲငါပြောစရာရှိတယ်။ ” “ Okay ပြောလေ ” ချာလီက “ လူနာ sorry 😔 😐 ငါကိုခွင့်လွှတ်ပါ ငါမှားမှန်းသိပါတယ် ဟာ ” ဟုပြောလိုက်သည်။
လူနာက ဘာမှပြန်မပြောဘဲ ငြိမ်နားထောင်နေတော့သည်။ “ ငါကိုခွင့်လွှတ်ပါဟာ လူနာ ” ဟုပြောလိုက်သည်။ “ ဘာမဟုတ်တာလေနဲ့ စိတ်ဆိုးမနေ့နဲ့ ခွင့်လွှတ်လိုက်ပါ လူနာရယ် ” လို့ဒဖ်ဖဒယ်လ် ပြောလာခဲ့သည်။ “ Okay ခွင့်လွှတ်ပါတယ်။ ဒါပေမဲ့နောက်တစ်ခါထပ်လုပ်လို့ကတော့ လမ်းခွဲရမယ်မှတ်နော်။ ” ဟုပြောလိုက်သည်။ဟုတ်သည် မှန်၏ သူကြောင့် သူမစိတ်ဆင်းရဲနေရသည်။ချာလီတစ်ယောက် သူငယ်ချင်းတွေနဲ့အတူဂျက်ခ်၏ ဘားဆီသို့သွားကြရန်ချိန်းထားကြသည်။ထိုနောက် ဘားသို့ရောက်သောအခါ သောက်စားကြရင်း ချာလီဘေးသို့ ဆံပင်ရွေအိုရောင်မျက်လုံပြာပြာနှင့် မိန်းမပျိုလေ တစ်ယောက်လာထိုင်သည်။
ထိုမိန်းမလှလေးသည် သူမကိုယ်သူမ မိတ်ဆက်နေခဲ့သည်။ချာလီက သောက်ထားသောကြောင့် အရှိန်နဲ့ မူးဝေဝေဖြစ်နေ၍ကာ “ အင်း အင်း ” တအင်းအင်းဟုပြောနေသည်။ ထိုနောက် ထိုမိန်းမလှလေးက ချာလီကို ကာရာအိုကေ အခန်းတစ်ခန်းခေါ်သွားသည်။ ဂျက်ခ်က ချာလီရောက်လာသည် ဟု မန်နေဂျာမှလာပြောသဖြင့် ချာလီဆီလာခဲ့ခြင်းဖြစ်သည်။ ချာလီကို မိန်းကလေးတစ်ဦးက ကာရာအိုကေ အခန်းထဲသို့ခေါ်သွားသည်ကို တွေ့လိုက်သည်။
“ ချာလီကို ဘယ်ကမိန်းကလေးက သူကိုခေါ်သွားတာလဲ ” တစ်ယောက်တည်းရေရွတ်က ထိုအခန်းသို့လိုက်သွားလိုက်သည်။ ခဏအကြာတွင် ဂျက်ခ်တစ်ယောက် အခန်းတစ်ခန်းရှေ့တွင်ရပ်လိုက်သည်။ အခန်းထဲသို့ချောင်းကြည့်လိုက်သည် ထိုမိန်းကလေးက ချာလီကိုနမ်းနေသည်။ ထိုမိန်းကလေး၏ဘေးတွင် သူအုပ်စုနှင့်မတည့်သည့် ဝေလီရှိနေ၏။ ဝေလီသည် လူနာကို တစ်ဖက်သက်ကြိုက်နေသောသူဖြစ်သည်။ “ ဟင်း ဝီလီပါလား ဒီကောင် ဘာမဟုတ်ကဟုတ်ကတွေကြံနေတာလဲ မသိဘူး ” လို့ မျက်မှောင်ကြုတ်ရင် တွေးနေမိသည်။ ဘာမှဆက်မတွေဘဲ အခန်းထဲသို့ ပြေးဝင်လာပြီး ဒေါသထွက်သောမျက်နှာထားနှင့် “ ဟေ့ ဝီလီ မင်းဘာလို့ ဒီလို videoရိုက်တာလဲ မင်းတော်တော်ရိုင်းတာဘဲ ” လို့ပြောမိလိုက်သည်။ “ ငါဟာငါရိုက်တာဘာဖြစ်လဲ မင်းဝင်မရှုပ်စရာမလိုဘူး။ ” လို့ဒေါသထွက်ကာဝီလီပြန်ပြောနေသည်။
“ ဒါငါ ကလပ်နော် မင်းတို့လုပ်ချင်တိုင်းလုပ်လိုလို့မရဘူး ငါ ရဲ ခေါ်မှာ ထွက်သွား ” ဂျက်ခ်၏ စကားကြောင့် ဝီလီဘာမှမတက်နိုင်ဘဲ ဒေါသထွက်ထွက်နှင့် ကလပ်ထဲမှထွက်သွားတော့သည်။ ထွက်သောဝီလီကို ကြည့်ပြီး အပြင်သို့ရောက်မှ ချာလီကိုသတိရကာ “ ဟေ့ ချာလီ ထတော့ ဟေ့ချာလီ မင်းမူးနေရင်လဲ ငါအခန်းထဲလာပေါ့ ဘာလဲ ဒီမှာလာပြီးကောင်မလေးနဲ့ ပျော်တယ်ဟုတ်လား ” ဂျက်ခ်တစ်ယောက် ချာလီကို ဒေါသနှင့်ပြောဆိုနေသည်။ ချာလီကတော့ မူးနေသည် အရှိန်မပြေသေးတာကြောင့် ဂျက်ခ်ခေါ်ရာကိုပါသွားတော့သည်။ နောက်နေ့တွင် ချာလီတစ်ယောက်သူ၏ အချစ်ဆုံးချစ်သူလဲဖြစ် သူငယ်ချင်းလဲဖြစ်တဲ့ လူနာအိမ်ဆီသို့ရောက်လာခဲ့သည်။ “တင် တောင် ” အိမ်ထဲမှ လူနာ၏အမေထွက်လာခဲ့သည်။ လူနာအမေကတော့ သူကိုလူနာ၏အခန်းထဲသွားတွေ့ရန်ပြောလိုက်သည်။ ချာလီလဲ လူနာကိုတွေ့ရန်သူမ၏ အခန်းသို့အပြေးလေသွားလိုက်သည်။ “ လူနာ ငါ ရောက်လာပြီ ” ချာလီတစ်ယောက်ပျော်ရွှင်စွာ ပြောလိုက်သည်။ သို့သော လူနာက တစ်ခွန်းမှပြန်မပြောဘဲ အခန်းထဲတွင် ကြိတ်ငိုနေခဲ့သည်။
အခန်းထဲမှ ငိုသံသည်းသည်းထွက်လာသည်ကို ကြားလိုက်သောချာလီက မနေနိုင်၍ မေးလိုက်သည်။ “ လူနာ ဘာဖြစ်နေတာလဲ ထွက်လာခဲ့ဦးလေ။ ” အခန်းထဲမှငိုနေသောလူနာ၏ ငိုသံသည်ပို၍ကျယ်လာသည်။ “ ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ လူနာ ဘာလို့ငိုနေတာလဲ ငါကို ပြောဦးလေ ” ငိုနေသောလူနာက ချာလီ၏အသံကို ကြား၍ ထွက်လာသည်။ “ ဒီမှာ ကြည့် နင် ရှုပ်ထားတဲ့အရှုပ်အထုတ် ငါကိုလာမပတ်သက်နဲ့ သွား ထွက်သွား ဒီကနေထွက် ငါဆီ နင်ပြန်မလာနဲ့ ” တံခါးကိုဆောင့်ပိတ်ကာ အခန်းထဲသို့ဝင်သွားသည်။ ချာလီတစ်ယောက်ဖုန်းနဲ့ကျန်ခဲ့သည်။ ထိုဖုန်းကြည့်လိုက်သည် video ထဲတွင် သူနှင့် မိန်းကလေး တစ်ဦးနမ်းနေသည်။
ထိုမိန်းကလေးကို သူမသိပါ။ “ ဒီမိန်းကလေးက ဘယ်သူလဲ။ ဂျက်ခ်ကိုသွားမေးမှ ” ချာလီတစ်ယောက် ဂျက်ခ်၏ ကလပ်သို့ ထွက်လာခဲ့သည်။ ကလပ်သို့ရောက်သော် ချာလီက ကလပ်ထဲဝင်သွားလိုက်သည်။ သူ၏သူငယ်ချင်းဖြစ်သူ ဂျက်ခ်၏ အခန်းထဲသို့ ဝင်သွားပြီး “ ဟေ့ ဂျက်ခ် ငါအခုပြဿနာတက်နေပြီ ငါကိုကူညီပါဦးကွာ ” ဂျက်ခ်ကတော့ ပြုံးပြုံးကြီးကြည့်ပြီး “ မင်းကလဲ ပြုံးပြုံးကြီးကြည့်မနေနဲ့လေကွာ ” ဒေါသထွက်ထွက်နှင့်ဂျက်ခ်ကိုအော်လိုက်မိသည်။
YOU ARE READING
တောအုပ်ကြီး
Horrorအိုင်ရစ်နှင့်သူမ၏ညီမများသည် မြို့တစ်မြို့ရဲ့မြောက်ပိုင်းတွင် ရှိသောတောအုပ်ကြီးဆီသို့ သူမ၏သူငယ်ချင်း ဒဖ်ဖဒယ်လ်တစ်ယောက်မည်သို့အန္တာရာယ် ကြုံခဲ့သည် ကိုသိရှိလို၍ ထိုတောအုပ်ကြီးဆီသို့ရောက်လာခဲ့သည်။